Advertisement

ချစ်တို့ရေ ခရီးထွက်ရင် ကိုယ်နဲ့ အနီးကပ်ဆုံးမှာ ရှိနေမယ့် လွယ်အိတ်သေးသေးလေးထဲမှာ ထည့်ထားရမှာတွေ သိထားသင့်တယ်နော်။

ချစ်တို့ရေ ခရီးထွက်တယ်ဆိုရင် Luggage ထဲမှာ အစုံတွေ ထည့်သွားကြတယ်မလား။ ချစ်တို့ ခရီးသွားကြတဲ့အခါ ပစ္စည်းတွေ ထည့်သွားရင် အစီအစဉ်တကျ ခွဲပြီး ထည့်ဖို့ လိုတယ်လေ။ ဒါမှ လမ်းခရီးမှာ လိုအပ်ရင် ဘယ်နေရာမှာ ဘာရှိမလဲဆိုတာ ချက်ချင်းမှတ်မိနိုင်မယ်လေနော်။ ဒီတခါမှာတော့ ကိုယ့်ရဲ့ လွယ်အိတ်ထဲမှာ ထည့်သွားသင့်တာတွေ ပြောပြပေးမယ်နော်။

ကိုယ့်ရဲ့ Accessories လေးတွေ

ကိုယ့်ရဲ့ လွယ်အိတ်လေးထဲမှာ Accessories တွေ ထည့်သွားသင့်တယ်နော်။ ချစ်တို့ရဲ့ နားကြပ်၊ ဖုန်းအားသွင်းကြိုး၊ Power Bank ၊ ကလစ်၊ ခေါင်းစီးကြိုးလေးတွေ ကိုယ့်ရဲ့ အိတ်အသေးထဲမှာ ထည့်ပါ။ ဒါမှ အလွယ်တကူ ခပ်မြန်မြန် ထုတ်သုံးလို့ ရမှာလေနော်။

ဆေးဝါးတွေ

ခရီးထွက်တယ်ဆိုရင်တော့ ဆေးဝါးလေးတွေ ဆောင်သွားတာ အကောင်းဆုံးပါ။ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ အစာမကြေဖြစ်တာတွေအတွက် လိုအပ်တဲ့ ဆေးလေးတွေပေါ့။ ဒါတွေက လွယ်အိတ်သေးသေးလေးထဲမှာ မဖြစ်မနေ ရှိသင့်တယ်နော်။

လွယ်အိတ်ထဲမှာ ထည့်သွားသင့်တာတွေ

လွယ်အိတ်ထဲမှာ ထည့်သွားသင့်တာတွေ (photo: www.airtkt.com)

 

တန်ဖိုးကြီး ပစ္စည်းတွေ

ခရီးထွက်လို့ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ကိုယ်နဲ့အမြဲ အတူ ရှိနေမယ့် လွယ်အိတ်လေးထဲမှာပဲ ထားပါနော်။ မဟုတ်ရင် ပျောက်ရှတာမျိုး ဖြစ်နိုင်တယ်လေ။ ကိုယ့်ရဲ့ ဘဏ်ကဒ်တွေ၊ ID ကဒ်တွေနဲ့ စာရွက်စာတမ်းတွေ ယူသွားရတယ်ဆိုရင် အိတ်အသေးထဲမှာ သေချာထားပါ။ ရွှေ၊ ငွေတွေရောပေါ့။

မုန့်ပဲသရေစာ

လမ်းခရီးမှာ ဗိုက်ဆာလာတာမျိုး ကြုံတတ်တယ်နော်။ ကိုယ့်ရဲ့ အိတ်ထဲမှာ မုန့်နည်းနည်းပါးပါး ထည့်ထားပါ။ ကားရပ်လို့ မရတဲ့နေရာမျိုး၊ လမ်းမှာ စားသောက်ဆိုင်တွေ ပေါပေါများများ မရှိသေးတဲ့နေရာတွေမှာ ဗိုက်ဆာလာရင် လွယ်အိတ်သေးသေးလေးထဲက မုန့်ပဲ သရေစာက အဆင်ပြေစေမှာပါ။

တန်ဖိုးကြီး ပစ္စည်းတွေ

တန်ဖိုးကြီး ပစ္စည်းတွေ(photo:www.airtkt.com)

မိတ်ကပ်ပစ္စည်းလေးတွေ

ခရီးထွက်ရင် ဓါတ်ပုံရိုက်ဖို့က အဓိကပဲလေနော်။ တစ်ခါတစ်လေလည်း လမ်းမှာနေရာလေး လှရင် ဆင်းရိုက်တာမျိုး ရှိကြတယ်လေ။ ဒီတော့ ဓါတ်ပုံရိုက်ရင် ကိုယ်က အလှမပြင်ထားလို့ မလှတာမျိုး မဖြစ်ရအောင် မိတ်ကပ်ဗူးနဲ့ နှုတ်ခမ်းနီတောင့်လောက်တော့ လွယ်အိတ်ထဲမှာ ထည့်ထားလိုက်ပါ။

ချစ်တို့ရေ ခရီးထွက်ရင် ကိုယ်နဲ့ အနီးကပ်ဆုံးမှာ ရှိနေမယ့် လွယ်အိတ်သေးသေးလေးထဲမှာ ထည့်ထားရမှာတွေ သိထားသင့်တယ်နော်။

Tags: lifestyletravel

Comments

0 comments