Advertisement

ချစ်တို့ရေ မနက်ခင်းမှာ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းလေး နိုးချင်တယ်ဆိုရင် ဒီအချက်တွေကို ဂရုစိုက်နော်။

မနက်ခင်း အိပ်ရာထတဲ့အချိန် လန်းလန်းဆန်းဆန်း မရှိဘဲ နုံးချိပြီး ခေါင်းမကြည်သလိုမျိုးကြီး ဖြစ်နေလား။ ချစ်တို့ မနက်ခင်း အိပ်ရာထတဲ့အချိန် မကြည်လင်ဘူးဆိုရင် တစ်နေကုန် နေရထိုင်ရတာရော အလုပ်လုပ်ရတာရော မကြည်လင်တော့ဘူးလေနော်။ ဒီတော့ အိပ်ရာထတဲ့အခါ လန်းလန်းဆန်းဆန်း ဖြစ်အောင် ဒီလိုနေရအောင်။

နိုးနိုးချင်း ဖုန်းကောက်မကိုင်ပါနဲ့

လူက အိပ်ချင်မူးတူး အဆင့်ပဲ ရှိသေးတယ် ဖုန်းသုံးလိုက်မယ်ဆိုရင် မျက်လုံးက အလင်းရောင်ဒဏ်ကို အားယူပြီး ကြည့်ရမှာပါ။ ပြီးတော့ လက်က ပြန်မချတော့ဘဲ တောက်လျောက်ဆက်သုံးနေမိရင် အိပ်ချင်စိတ်ရှိတာက မအိပ်တော့ဘဲ လူလည်း အိပ်ရေးမဝသလိုလို မူးနောက်နောက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ချင်မူးတူး အဆင့်လေးဆိုရင် လုံးဝ ဖုန်းမသုံးသေးဘဲ ခဏလောက် မျက်စိမှိတ်ပြီးနေလိုက်ပါ။ ပြန်အိပ်ပျော်ရင်လည်း ပျော်ပါစေနော်။

အိပ်ရာမဝင်ခင်အချိန်ထိ ဖုန်းသုံးတာ

မနက်ခင်းမှာ လန်းလန်းဆန်းဆန်း နိုးထချင်ရင်တော့ ဖုန်းသုံးချိန်နဲ့ အိပ်ချိန် နာရီဝက်လောက်တော့ အနည်းဆုံး ခြားပါ။ မျက်စိအညောင်း သက်သာတာက ကိုယ့်ကို ကောင်းကောင်း အိပ်ပျော်စေပြီး မနက်ခင်းမှာ ကြည်လင်လန်းဆန်းစေပါတယ်။

https://discoverhealing.com/

အိပ်တဲ့အခါ နေရာမကျတာ

ညဘက်အိပ်တဲ့အခါမှာလည်း ကိုယ်အိပ်ရာထဲမှာ ရှိတဲ့ ပစ္စည်းတွေက ကိုယ်နဲ့ ကိုက်ညီရဲ့လား ကြည့်ပါ။ ခေါင်းအုံး မာလွန်း ပျော့လွန်းတာ ဒါမှမဟုတ် အရုပ်အကြီးကြီးတွေ ရှိနေတာမျိုးပေါ့။ တခါတလေ အရုပ်အကြီးကြီးတွေကို ခေါင်းအုံးပြီး အိပ်မိနေတတ်ရင်လည်း မနက်ကျ ဇက်တွေနာပြီး မနက်ခင်း လန်းလန်းဆန်းဆန်း မဖြစ်တော့ပါဘူး။

တစ်ရေးနိုးတာ

လူတိုင်းတစ်ရေးနိုးတာတော့ သဘာဝ ပေမယ့် တစ်ရေးနိုးပြီး ပြန်အိပ်မပျော်တာကတော့ အဆင်မပြေပါဘူးနော်။ တစ်ညလုံး အိပ်ရေးပျက်သလို ဖြစ်နေပြီး မနက်ခင်း ကြည်ကြည်လင်လင် မဖြစ်တော့ပါဘူး။ ဒီတော့ တရေးနိုးတတ်တဲ့ အကျင့်ကို ရသလောက် ဖျောက်ပါ။ ခပ်မြန်မြန် ပြန်အိပ်ပျော်ဖို့လည်း ကြိုးစားပါ။

https://discoverhealing.com/

ညဘက် အိပ်ချိန်သတ်မှတ်ပါ

မနက်ခင်းမှာ လန်းလန်းဆန်းဆန်း အိပ်ရာထချင်ရင် ညဘက် အိပ်ချိန်တစ်ခု သတ်မှတ်ထားပါ။ အဲဒီလို အိပ်ချိန်တစ်ခု သတ်မှတ်ထားပြီး အိပ်မပျော်ရင်တောင် ဖုန်းမသုံးတော့ဘဲ ငြိမ်ငြိမ်လေး နေကြည့်ပါ။ ဒီလိုဆိုရင် နှစ်နှစ်ခြိုက်ခြိုက် ပိုပြီး အိပ်ပျော်စေပါတယ်။

 

Tags: lifestyle

Comments

0 comments