Advertisement

ဆက်ဆံပြောဆိုနေရတဲ့သူတွေကို လျစ်လျူရှူဖို့ဆိုတာ သိပ်တော့ မလွယ်ဘူးနော်။ ဒါပေမယ့်လည်း သူတို့က ကိုယ့်ကို စိတ်ညစ်ရအောင် လုပ်နေရင်တော့ လျစ်လျူရှူရမှာပါပဲ။

ချစ်တို့ရေ တစ်ခါတလေ ကိုယ့်ဘဝမှာ မပတ်သက်ချင်ဘဲ ပတ်သက်ရတဲ့သူတွေ ရှိမှာပါ။ အလုပ်ထဲမှာပဲဖြစ်ဖြစ် အပေါင်းအသင်းထဲမှာပဲဖြစ်ဖြစ် ကိုယ်နဲ့ အဆင်မပြေတဲ့သူတွေ ရှိကောင်းရှိမှာပါ။ အဲဒီလိုရှိလာပြီဆိုရင် ချစ်တို့ တတ်နိုင်သလောက် ရှောင်ဖို့ လိုပါတယ်။ ဘယ်လိုနည်းလမ်းလေးတွေ  ‌ရှောင်လို့ရမလဲဆိုတာ ပြောပြပေးမယ်နော်။

စကားမပြောမိအောင် လျစ်လျူရှူထားပါ

ကိုယ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံပြောဆိုနေရတဲ့သူတွေကို လျစ်လျူရှူဖို့ဆိုတာ သိပ်တော့ မလွယ်ဘူးနော်။ ဒါပေမယ့်လည်း သူတို့က ကိုယ့်ကို စိတ်ညစ်ရအောင် လုပ်နေရင်တော့ လျစ်လျူရှူရမှာပါပဲ။ ဥပမာ- ကိုယ့်ဆီလာပြီး အကြောင်းအရာတွေ လာပြောနေပြီဆိုရင် နားပဲ ထောင်လိုက်ပါ။ ဘာမှလည်း ခွန်းတုန့်ပြန်တာတွေ မလုပ်ပါနဲ့။ ဒီဘက်နားဝင် ဟိုဘက်နားဝင်သာ လုပ်လိုက်ပါ။ စိတ်ထဲခံစားပြီး မတွေးပါနဲ့။ ဒါဆို အလိုလို ရှောင်ပြီးသား ဖြစ်ပြီး ကိုယ့်ဆီက ဘာ Reaction မှ မလာရင် နောက်ဆို သူလည်းခပ်တန်းတန်း ဖြစ်သွားမှာပါ။

မဆွေးနွေးပါနဲ့

ကိုယ်နဲ့ အဆင်မပြေတဲ့သူနဲ့ အငြင်းအခုံ လုပ်ရမယ့် ကိစ္စတွေကို မဆွေးနွေးပါနဲ့။ မပြောပါနဲ့။ ဘာလို့လဲဆိုတော့ ဘယ်အကြောင်းအရာပဲ ပြောပြော ကိုယ့်စိတ်နဲ့ ကိုက်မှာမဟုတ်ဘူးလေနော်။ နောက်ပြီး ပြန်ငြင်းလို့ဆိုပြီး စိတ်ဆိုးတာတွေ၊ စိတ်ကောက်တာတွေလည်း လုပ်တတ်ကြတယ်လေ။ ဒါဆိုရင် ကိုယ်ပဲ မိတ်ပျက်ရမှာနော်။ ဒီတော့ ငြင်းရမယ့် ကိစ္စတွေ လုံးဝ မဆွေးနွေးပါနဲ့။

Social မှာလည်း မကြည့်မိပါစေနဲ့

ကိုယ်နဲ့ အဆင်မပြေနေတဲ့သူကို Social မှာ မြင်တွေ့နေရတာလည်း ကိုယ့်စိတ်အတွက် အဆင်မပြေဘူးလေ။ ဒီတော့့ ကိုယ့်ရဲ့ Social မှာ သူ့ရဲ့ ပိုစ်တွေ မတက် လာအောင် ဂရုစိုက်ပါ။ မမြင်ရဘူးဆိုရင် စိတ်အနှောင့်ယှက်မဖြစ်ရတော့ဘူးပေါ့နော်။

Social မှာလည်း မကြည့်မိပါစေနဲ့

ကိုယ့်အကြောင်းသာ တွေးနေပါ

အလုပ်ထဲမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲ ဖြစ်ဖြစ် အဆင်မပြေတဲ့သူတွေနဲ့ဝေးချင်ရင် ကိုယ့်အကြောင်းပဲ တွေးပါ။ ကိုယ့်ဆီမှာ လုပ်စရာ အလုပ်တွေ များနေတာ၊ ကိုယ့်ရဲ့အကြောင်းတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်ဆိုရင် အဲဒီလူတွေရဲ့ စကားကို နားထောင်မိမှာ၊ နားယောင်မိမှာ မဟုတ်ပါဘူး။ ဒါဆို ဝေးနိုင်သမျှ ဝေးဝေးနေလို့ ရပြီနော်။

ကိုယ့်ကိုချစ်တဲ့သူတွေအကြောင်းပဲ များများတွေးပါ

ကိုယ်နဲ့ အဆင်မပြေတဲ့သူကို ရှောင်နိုင်ဖို့ဆိုရင် စိတ်ထဲကနေ ထုတ်ထားလိုက်ဖို့ အရေးကြီးပါတယ်။ စိတ်ထဲကနေ ထုတ်ဖို့အတွက် ကိုယ်ချစ်တဲ့သူတွေအကြောင်းနဲ့ ကိုယ့်ကို ချစ်တဲ့သူတွေအကြောင်းပဲ တွေးပါ။ ဒါဆိုရင် စိတ်ထဲကနေ ထုတ်ထားလိုက်နိုင်ပြီမို့ အဆင်မပြေတဲ့သူအကြောင်း သိပ်မတွေးတော့ဘဲ အဆင်ပြေလာမှာပါ။

တခြားသူတွေကို လိုက်ပြောပြတာမျိုးတွေ မလုပ်ပါနဲ့

တခြားသူတွေကို လိုက်ပြောပြတာမျိုးတွေ မလုပ်ပါနဲ့

တခြားသူတွေကို လိုက်ပြောပြတာမျိုးတွေ မလုပ်ပါနဲ့

အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ် သူငယ်ချင်းထဲမှာပဲဖြစ်ဖြစ်် ကိုယ်နဲ့ အဆင်မပြေတဲ့သူ ရှိတယ်ဆိုရင် တခြားသူတွေကို လိုက်ပြောပြနေတာမျိုး မလုပ်ပါနဲ့။ ပြန်ကြားပြီး ဆက်ဆံရေး အဆင်မပြေတာတွေ ပိုဖြစ်လာနိုင်ပြီး ပိုစိတ်ညစ်ရပါလိမ့်မယ်။ ဒီတော့ အဆင်မပြေတဲ့သူကို တိတ်တိတ်လေးသာ ခပ်ခွာခွာ နေလိုက်ပါ။ ဆက်ဆံရေးလည်း မပျက်စီးတော့ဘူးပေ့ါ။

ကိုယ့်အကြောင်းတွေ နည်းနည်းမှ မပြောမိပါစေနဲ့

ကိုယ်နဲ့အဆင်မပြေတဲ့သူကို ကိုယ့်အကြောင်းတွေ နည်းနည်းလေးမှ မပြောမိပါစေနဲ့။ ပြောပြပြီးခါမှ စိတ်ညစ်ရတာမျိုးတေွွ ဖြစ်တတ်တယ်လေ။ ကိုယ်နဲ့ အဆင်မပြေ‌ေနေတဲ့သူဆိုတော့့ ကိုယ့်အကြောင်းတွေ သူများကို ပြန်ပြောတာတွေလည်း ဖြစ်တတ်ပါတယ်။ တတ်နိုင်သမျှ ဝေးဝေးနေဖို့အတွက် ကိုယ့်အကြောင်း နည်းနည်းမှ မပြောပါနဲ့။

ချစ်တို့ရေ ကိုယ်နဲ့ အဆင်မပြေတဲ့သူတွေကို ရှောင်ရှားနိုင်ဖို့ ဒီနည်းလမ်းတွေ လိုအပ်တယ်နော််။ ဒါဆို စိတ်ချမ်းသာမှာပါ။

Comments

0 comments