Advertisement

ချစ်တို့ရေ Social ကောင်းချင်တယ်ဆိုရင်တေ့ာ ဒီပုံဒီနည်းတွေနဲ့ လေ့လာကြည့်ပါနော်။ ဒါမှ တဖြည်းဖြည်းနဲ့ ကျွမ်းကျင် တတ်မြောက်လာမှာပါ။

Social ဆိုတဲ့စကားကို ကြားဖူးနားဝရှိပြီးသားဖြစ်မှာပါ။ သူနဲ့ စကားပြောရတာ အဆင်ပြေလိုက်တာ သူက Social ကောင်းတာကိုး ဆိုတဲ့ ချီးကျူးသံတွေလည်း ကြားဖူးကြမှာပါ။ စကားဘယ်လောက်နည်းတဲ့သူဖြစ်ဖြစ် လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာ လိုအပ်တဲ့အရာနော်။ တစ်ချို့မိန်းကလေးတွေကတော့ Social ကောင်းကြပေမယ့် Social မကောင်းတဲ့ ကောင်မလေးတွေလည်း ရှိနေပြန်ရော။ ဒီနေ့ခေတ်မှာ Social မကောင်းဘူးဆိုရင် အလုပ်ခွင်ရော၊ လူမှုရေးနယ်ပယ်မှာ မဟုတ်ဘူးနော်။ ကိုယ်က Social မကောင်းဘူးဆိုရင်လည်း စိတ်ညစ်မနေဘဲ တဖြည်းဖြည်းချင်း ကြိုးစားလေ့ကျင့်လို့ ရပါတယ်။

(photo: inthecove.com.au)

စကားပြောဖို့ကြိုးစားပါ

တချို့ Social မကောင်းဘူးဆိုတာက စကားနည်းလွန်းတာမျိုးပါ။ နားထောင်သူပဲ ဖြစ်နေတာမျိုးပေ့ါ။ ကိုယ်က တခြားသူတွေနဲ့ စကားပြောတဲ့အခါ အဆင်ပြေပြေ ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က စကားပြောဖို့ လိုပါတယ်။ စကားပြောတဲ့အခါမှာ အမှားတွေ ပါမှာကို တွေးပြီး မကြောက်ပါနဲ့နော်။ ကိုယ်နဲ့ ကိုက်ညီမယ်ထင်တဲ့အရာတွေဆိုရင် စကားပြောဖို့ ကြိုးစားပါ။ အမှားတွေ ကြုံမှ အမှန်ပြင်လို့ရမှာမလို့ စကားအမှားပါမှာ မကြောက်ပါနဲ့။ မှားသွားတယ်ဆိုတာသိရင် နောက်တစ်ကြိမ်ကျ မမှားအောင်၊ အမှန်က ဘယ်လိုအရာဆိုတာ သိအောင် လုပ်ဆောင်နိုင်မှာပါ။

(photo: wealthywebwriter.com)

ဗဟုသုတ ရှိပါစေ

Social ကောင်းချင်တယ်၊ စကားဝိုင်းထဲမှာ ပါချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က ဗဟုသုတတွေ နှံ့စပ်ဖို့ လိုပါတယ်။ စာများများ ဖတ်ပါ။ အကြောင်းအရာအစုံ လေ့လာထားပါ။ ဒါမှသာ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ဝင်ပြောလို့ ရမှာပေါ့နော်။ ဗဟုသုတ မရှိဘဲနဲ့ သူတို့ကြား ဘယ်ဝင်ဆွေးနွေးလို့ ရမလဲ။ ဒါကြောင့် အွန်လိုင်း၊ စာအုပ်စာပေ အကုန်လုံး သိသလောက် မှတ်သားထားပါ။

(photo: online.jwu.edu)

Body Language ကိုလည်း ဂရုစိုက်ပါ

Social ကောင်းတယ်လို့ ထင်ရတဲ့သူတွေကို လေ့လာကြည့်ရင် သူတို့စကားပြောတဲ့အခါမှာ ကိုယ်နေဟန်ထား၊ ခြေရာလက်ရာကလည်း စိတ်ဝင်စားအောင်၊ တဖက်လူ စိတ်ဝင်စားအောင် ဆွဲဆောင်ပြောတတ်တာကို သတိထားမိမှာပါ။ ကိုယ်က Social ကောင်းချင်တယ်ဆိုရင် စကားပြောလေ့ကျင့်တဲ့အခါ body language ကိုလည်း တစ်ခါတည်းလေ့လာကြည့်ပါ။

ကိုယ့်ကိုယ်ကို ဝန်ခံပါ

ချစ်တို့ရေ Social မကောင်းတာကို ကောင်းလာအောင် လေ့ကျင့်ချင်တယ်ဆိုရင်တော့ ကိုယ်တိုင် Social မကောင်းဘူးဆိုတာ ကိုယ်တိုင်ဝန်ခံပါ၊ လက်ခံပါ။ မတတ်တာကို မတတ်ဘူးလို့ ခံယူထားမှသာ သင်ယူတဲ့အခါမှာ လွယ်ကူတတ်မြောက်မှာပါနော်။ ဒီလိုမျိုး ကိုယ့်စိတ်က ပြတ်သားနေရင်တော့ အလွယ်လေး Social ကောင်းလာမှာပါ။

 

Tags: socialူlifestyle

Comments

0 comments