Advertisement

အလုပ်တွေ တစ်နေ့စာတစ်နေ့ မပြီးဘူးဆိုရင် ကိုယ့်မှာ စိတ်ဖိစီးမှုတွေ ကြုံရမှာပါ။ အလုပ်အပေါ်မှာ တာဝန်မကျေဘူး၊ ပြီးပြတ်အောင် မလုပ်နိုင်ဘူးဆိုပြီး စိတ်တွေဖိစီးလာမှာပါ

ချစ်တို့ရေ အလုပ်မှာ စိတ်ဖိစီးတာတွေ ကြုံနေရပြီလား။ လူတိုင်း အလုပ်တိုင်းမှာ စိတ်ဖိစီးတာတွေ ရှိစမြဲပါနော်။ စိတ်ဖိစီးမှုတွေ ခံစားနေရတာက တစ်ခါတလေ မဟုတ်ဘဲ အမြဲတမ်းနီးပါးဆိုရင်တော့ ချစ်တို့ကျန်းမာရေး ထိခိုက်လာနိုင်တယ်နော်။ ဒီတော့ အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှုတွေ သက်သာလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးမယ်နော်။

 

တစ်နေ့တာ အလုပ်တွေ

ချစ်တို့ရေ အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ သက်သာချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့တစ်နေ့တာ အလုပ်တွေ ပြီးပြတ်အောင် လုပ်ဖို့ လိုပါတယ်။ အလုပ်တွေ တစ်နေ့စာတစ်နေ့ မပြီးဘူးဆိုရင် ကိုယ့်မှာ စိတ်ဖိစီးမှုတွေ ကြုံရမှာပါ။ အလုပ်အပေါ်မှာ တာဝန်မကျေဘူး၊ ပြီးပြတ်အောင် မလုပ်နိုင်ဘူးဆိုပြီး စိတ်တွေဖိစီးလာမှာပါ။

အချိန်ရွှေ့တတ်တဲ့ အကျင့်ပြင်ပါ

အလုပ်မှာ စိတ်ဖိစီးမှုတွေ မရှိချင်ဘူးဆိုရင် အချိန်ရွှေ့တတ်တဲ့ အကျင့်ကို ပြင်ဖို့ လိုတယ်နော်။ အလုပ်တစ်ခုကို ပြီးပြတ်အောင် မလုပ်ဘဲ အချိန်တွေကို ဟိုရွှေ့ဒီရွှေ့ လုပ်နေတာက ကိုယ့်ကိုပိုပြီး စိတ်ဖိစီးစေတယ်နော်။ ဘာလို့လဲဆိုတော့ အလုပ်တွေ မပြီးသေးဘူး၊ အလုပ်တွေ လုပ်ရဦးမယ်ဆိုတဲ့ စိတ်ကြီးနဲ့ နေနေရတာလေ။ အဲဒါက ကိုယ့်အတွက် ဖိစီးစေတာမို့ အကျင့်ပြင်ပါ။

လူမှုရေး အဆင်ပြေပါစေ

ချစ်တို့ရေ အလုပ်မှာ စိတ်ဖိစီးမှုတွေ မကြုံချင်ဘူးဆိုရင် အလုပ်မှာ ဆက်ဆံရတဲ့ လူမှုရေးကိစ္စတွေလည်း အဆင်ပြေနေဖို့ လိုပါတယ်။ ကိုယ်က အလုပ်တွေ ဘယ်လောက်ပဲ ကြိုးကြိုးစားစား အလုပ်ခွင်က လူတွေနဲ့ မတည့်ဘူးဆိုရင် ဘယ်လိုမှ အဆင်မပြေဘူးနော်။ ဒါဆိုရင် အလုပ်သွားဖို့ကိုတောင် စိတ်ဖိစီးမှုတွေ ဖြစ်နေတော့မှာပါ။ ဒါကြောင့် လုပ်ငန်းခွင် ပေါင်းသင်းဆက်ဆံရေး အဆင်ပြေနေပါစေ။

လှုပ်ရှားမှု ရှိပါစေ

ချစ်တို့ရေ အလုပ်မှာ စိတ်ဖိစီးမှု နည်းချင်တယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုတွေ ရှိနေပါစေနော်။ တစ်နေကုန် အညောင်းတောင် မဆန့်ဘဲ အလုပ်လုပ်နေတာက လေးလံထိုင်းမှိုင်းပြီး စိတ်ပိုင်းဆိုင်ရာတွေပါ အဆင်မပြေဖြစ်လာမှာပါ။ ကျန်းမာရေး မကောင်းဘူးဆိုရင်လည်း စိတ်တွေဖိစီးလာပြီလေနော်။ ဒီတော့ ကိုယ်လက်လှုပ်ရှားမှုတွေ ရှိဖို့ လိုတာမလို့ ရုံးအတွင်း လမ်းလျှောက်ပေးတာ၊ ခြေလက်လေ့ကျင့်ခန်းလေးတွေ လုပ်တာမျိုး လုပ်ပေးပါ။

ချစ်တို့ရေ အလုပ်စိတ်ဖိစီးမှုတွေ သက်သာအောင် လုပ်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးနော်။ 

Tags: life stylestresswork

Comments

0 comments