လင်မယားတိုင်း ငွေကြေးအဆင်ပြေပြီး အိမ်စရိတ်လောက်ငှနေအောင်

by: Phyo Pyae Thu
 0 comments  1 love

တစ်နေ့ကို ဘယ်လောက် ကုန်ကျစရိတ်ရှိနေလဲ၊ ဘယ်နေရာတွေမှာ ထွက်ငွေတွေ များနေလဲဆိုတာ သိရမှာပါ။ တစ်ရာ နှစ်ရာ ကအစ စာရင်းနဲ့ သေချာမှတ်ဖို့ လိုပါတယ်

စုံတွဲလေးတို့ရေ အိမ်ထောင်တစ်ခု သာယာနေဖို့ဆိုရင် အိမ်ထောင်ရေးမှာ ငွေကြေးအဆင်ပြေနေဖို့ လိုပါတယ်။ အိမ်ထောင်ရေးမှာ ငွေကြေးတွေ အဆင်ပြေနေမှလည်း ကျန်တဲ့ကိစ္စတွေ အဆင်ပြေမှာပါ။ ငွေကြေးအဆင်ပြေဖို့ဆိုတာကလည်း အိမ်စရိတ်တွေ လောက်ငှပြီး စုမိဆောင်းမိဖြစ်မှ ရမှာနော်။

ဘယ်နေရာတွေမှာ ပိုကုန်နေလဲ

ကိုယ့်ရဲ့ ကုန်ကျစရိတ်တွေထဲက လျှော့ချတဲ့အခါမှာ ဖုန်းဘေလ်ဖိုးတွေ လျှော့ပါ။ နည်းနည်းလေးလို့ ထင်ရပေမယ့် များလာရင် သိသာနေမှာလေနော်။ ဒီတော့ လျှော့လို့ ရတာတွေ လျှော့ပါ။ ဒါဆိုရင်တော့ အိမ်သုံးစရိတ်လောက်ငှမယ့်အပြင် ပိုလျှံလာမှာပါ။ တခြားအလှပြင်စရိတ်၊ အဝတ်အစား ဝယ်တာမျိုးတွေ အစရှိသလိုပေါ့။

ဘယ်နေရာတွေမှာ ပိုကုန်နေလဲ (photo: .freepik.com)

အကြွေးရှိလား

တတ်နိုင်သမျှ အကြွေးတွေ မယူမိထားဖို့ လိုပါတယ်။ စီးပွားရေး တစ်ခုခု လုပ်ဖို့အတွက် ငွေအရင်းအနှီးအနေနဲ့ ကြွေးယူတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အသုံးစရိတ်တွေအတွက် အကြွေးယူတာမျိုး မလုပ်ပါနဲ့နော်။ ဒါမှ ဝင်ငွေ ထွက်ငွေ လောက်ငှမှာပါ။ မဟုတ်ရင်တော့ ဘယ်လောက်ပဲရှာရှာ အကြွေးတွေ ပေးနေရတာနဲ့တင် မလုံလောက်တာ ဖြစ်နေမှာပါ။

ထွက်ငွေ

 ထွက်ငွေကိုလည်း သိဖို့ လိုပါတယ်။ အိမ်စရိတ်အပြင် နှစ်ဦးစလုံး ကိုယ်ရေးကိုယ်တာသုံးတဲ့စရိတ်ကရော ဘယ်လောက် ရှိလဲဆိုတာ သိဖို့ လိုပါတယ်။ ဒါမှလည်း ထွက်ငွေများနေရင် အိမ်စရိတ်ကို လျှော့ရမလား၊ ကိုယ်ရေးကိုယ်တာ သုံးတဲ့စရိတ်ကို လျှော့ရမလားဆိုတာ သိနိုင်မှာပါ။

လစာဝင်ငွေ (photo: .freepik.com)

လစာဝင်ငွေ

နှစ်ယောက်စလုံးက ပုံမှန် လကုန်တိုင်းလစာရရင်တော့ ဝင်ငွေကို အတိအကျ သိနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ ဝင်ငွေက ပုံသေ တွက်လို့ မရဘူးဆိုရင်တော့ တစ်လကို ပျှမ်းမျှ ဘယ်လောက် ဝင်လဲဆိုတာ သိထားဖို့ လိုပါတယ်။ ဝင်ငွေကိုသိမှ ကျန်တာတွေ အားလုံး အဆင်ပြေနိုင်မှာပါ။

ဘယ်လောက်စုမလဲ (photo: .freepik.com)

ဘယ်လောက်စုမလဲ

တစ်နေ့ကို ဘယ်လောက် ကုန်ကျစရိတ်ရှိနေလဲ၊ ဘယ်နေရာတွေမှာ ထွက်ငွေတွေ များနေလဲဆိုတာ သိရမှာပါ။ တစ်ရာ နှစ်ရာ ကအစ စာရင်းနဲ့ သေချာမှတ်ဖို့ လိုပါတယ်။ အဲဒီလို နေ့တိုင်း အသေးစိတ် မှတ်ထားမယ်ဆိုရင် တနေ့တနေ့ ဘယ်လောက်တောင် သုံးမိနေပြီဆိုပြီး အသုံးလျှော့မိမှာပါ။ နောက်ပြီး တစ်လမှာ ဘယ်လောက်တောင် သုံးမိနေပြီဆိုတာ သိမှာမို့ နောက်ပိုင်းလျှော့သုံးမိမှာပါ။ နောက်တစ်ခုကတော့ ဘယ်လောက်စုမလဲဆိုတာ သတ်မှတ်ပြီးမှ သုံးပါ။
 
အိမ်စရိတ်မလောက်ငှလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အချက်လေးတွေကို အရင်ဆုံး လုပ်ဆောင်ကြည့်ပါ။ ဖြည်းဖြည်းချင်း လုပ်မယ်ဆိုရင်တော့ စုမိလာမှာပါ။
စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords