လင်မယားကြားမှာ အေးတိအေးစက် ဖြစ်တာတွေ နည်းစေဖို့

by: Phyo Pyae Thu
 0 comments  0 love

အိမ်ထောင်ရေးတစ်ခု အေးစက်လာပြီဆိုရင် ချစ်တင်းနှောဖို့ကို စိတ်မပါတာ၊ ငြင်းဆန်တာတွေ ဖြစ်တတ်ပါတယ်။

လင်မယားတွေကြားထဲမှာ အရင်လိုမျိုး ချစ်ချစ်ခင်ခင် မဟုတ်တော့ဘဲ ဆက်ဆံရေးတွေ အေးတိအေးစက် ဖြစ်နေပြီလား။ အိမ်ထောင်ရေးမှာ စကားပြောတယ်ဆိုရုံလောက်ပဲ ပြောဖြစ်နေကြပြီး နွေးနွေးထွေးထွေး ကြည်ကြည်နူးနူး မဟုတ်ဘူးဆိုရင် ဘယ်အဆင်ပြေပါ့မလဲနော်။ ဒီတော့ လင်မယားကြားမှာ အဆင်ပြေနေစေဖို့ ပြောပြပေးလိုက်ပါတယ်နော်။

အေးတိအေးစက် ဖြစ်တာတွေ နည်းစေဖို့

အရင်လို ချစ်ပါ  (photo: www.freepik.com)

အရင်လို ချစ်ပါ

ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ အိမ်ထောင်ရေးဘဝထဲကို တခြားလူရဲ့ပယောဂတွေ ဝင်မလာဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် ချစ်ပြပါ။ အိမ်ထောင်သက် ဘယ်လောက်ကြာကြာ ချစ်ပါ။ အိမ်ထောင်သက်ကြာလာလို့ အရင်လို ချစ်ပြစရာ မလိုဘူးလို့တော့ မထင်ပါနဲ့။ ချစ်ပြဖို့ လိုကို လိုအပ်ပါတယ်။ အရင်လိုပဲ နွေးထွေးနေဖို့ နည်းနည်းတော့ ခက်ပေမယ့် ကြိုးစားဖို့ လိုပါတယ်။

အေးတိအေးစက် မဖြစ်စေဖို့

ကိုယ့်ရဲ့ ဘယ်ကိစ္စမဆို ရင်ဖွင့်ပြောဆိုပါ။ ဒါမှ ကိုယ့်ရဲ့ စိတ်အခြေအနေကို အိမ်ထောင်ဖက်က သိနိုင်မှာပါ။ ကိုယ့်ရင်ထဲမှာ ခံစားရသမျှကို ပြောပြပါ။ ကိုယ့်စိတ်ထဲ မရှင်းလင်းတဲ့ ကိစ္စတွေကို အေးအေးဆေးဆေး ပွင့်ပွင့်လင်းလင်း မေးပါ။ သိုဝှက်ပြီး ကြိတ်မခံစားပါနဲ့နော်။ ဒါတွေက တဖြည်းဖြည်း ကြီးထွားလာပြီး အိမ်ထောင်ရေး မစိုပြည်နိုင်တော့ပါဘူး။ အိမ်ထောင်ရေး နွေးထွေးဖို့ ရင်းနှီးပေးပါ။

ပျော်အောင် ထားပါ  (photo: www.freepik.com)

ပျော်အောင် ထားပါ

တစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ တစ်ယောက်အပေါ်မှာ မူတည်ပါတယ်။ တစ်ယောက်ပျော်ရွှင်စေဖို့၊ စိတ်ချမ်းသာဖို့ အရေးပေးပြီး တွေးတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ စိတ်ညစ်စရာရှိတယ်ဆိုရင်တောင် အတူတူ ရင်ဆိုင်ပြီး ရယ်မောစရာအဖြစ် ပြောင်းလဲပစ်နိုင်တဲ့ ခွန်အားတွေ မွေးထားပါ။ တစ်ယောက်နဲ့ တစ်ယောက် အလေးထားပြီး ဆက်ဆံပါ။ ကိုယ်ချစ်ရတဲ့သူကို ပျော်အောင် ထားပေးပါ။ အဲဒီလိုသာ အပြန်အလှန်ဆိုရင် အဆင်မပြေစရာ မရှိပါဘူးနော်။

အေးတိအေးစက် ဖြစ်တာတွေ နည်းစေဖို့ (photo: www.freepik.com)

သူ့သဘောကို သိပြီး နားလည်ပေးပါ

တစ်ယောက်နဲ့ တစ်ယောက် ချစ်သူဘဝမှာ နားလည်မှုတွေ ရှိလို့ လက်ထပ်ခဲ့ကြတာချည်းပဲ။ အိမ်ထောင်သည်ဘဝ ရောက်ပြီဆိုရင်တော့ ပိုပြီး နားလည်ပေးဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက် အခြေအနေကို နားလည်ပါ။ သူက အားငယ်တတ်တယ်ဆိုရင် သူ့မှာရဲရဲတောက် စွမ်းအင်တွေမရှိတာကို လက်ခံပေးရမှာပါ။ သူက ဦးဆောင်တတ်သူဆိုရင် ကိုယ့်ရဲ့ သဘောဆန္ဒအတိုင်း အကုန်လုံး မလိုက်လျောနိုင်တာကို နားလည်ပေးရမှာပါ။ သူဖြစ်ချင်တဲ့ ဆန္ဒတွေ၊ သဘောတွေကို နားလည်ပေးပါ။ မပြေလည်တာရှိရင် အေးအေးဆေးဆေး ပြောပြပါနော်။

ချစ်တင်းနှောတဲ့အခါ

အိမ်ထောင်ရေးတစ်ခု အေးစက်လာပြီဆိုရင် ချစ်တင်းနှောဖို့ကို စိတ်မပါတာ၊ ငြင်းဆန်တာတွေ ဖြစ်တတ်ပါတယ်။ ဆက်ဆံဖြစ်ကြရင်လည်း ဝတ်ကျေတန်းကျေ ဆက်ဆံကြတာမျိုး ရှိပါတယ်။ တကယ်တော့ လင်မယားကြားမှာ မအေးစက်ဖို့ဆိုရင် စိတ်ပါလက်ပါ ချစ်တင်းနှောဖို့ လိုပါတယ်။ ချစ်တင်းနှောတာကို နွေးနွေးထွေးထွေး ရှိမယ်ဆိုရင် အိမ်ထောင်ရေးက အဆင်ပြေမှာပါ။

အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြဘဲ အေးတိအေးစက်တွေ ဖြစ်နေတယ်ဆိုရင်တော့ Marry က အခု ပြောပြထားတဲ့ အချက်လေးတွေ လုပ်ကြည့်နော်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords