ကိုယ့်မိန်းမ စိတ်ဆိုးနေပြီဆိုတဲ့ အချက်တွေ

by: Phyo Pyae Thu
 0 comments  0 love

စိတ်ဆိုးနေလားဆိုတာကို မသိလိုက်တာမျိုး သတိမထားမိတာမျိုး ရှိတတ်ပါတယ်။

အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးစိတ်ကောက်တာ ရှိနေမှာပါပဲ။ တစ်ခါတစ်လေကျတော့လည်း ကိုယ့်ရဲ့ အိမ်ထောင်ဘက် စိတ်ဆိုးနေလားဆိုတာကို မသိလိုက်တာမျိုး သတိမထားမိတာမျိုး ရှိတတ်ပါတယ်။ ဒီလိုကနေ ပြဿနာတွေက ပိုကြီးလာတာပဲမလားနော်။ ယောက်ျားတော်တော်များများက ကိုယ့်မိန်းမ စိတ်ဆိုးနေလားဆိုတာ သေချာ သိလေ့ မရှိပါဘူး။ စိတ်ဆိုးတာကို မသိလေ ပိုပြီး အဆင်မပြေ ဖြစ်လေပါပဲ။ ဒီတော့ ကိုယ့်မိန်းမ စိတ်ဆိုးနေပြီဆိုတာ သိနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခနဲ့မယ်၊ ရွဲ့မယ် (photo:Daily Express)

စကားလုံးဝ မပြောဘူး

မိန်းမတော်တော်များများက ပြောစရာစကားတွေ ကုန်ကို မကုန်ဘူးမလားနော်။ ယောက်ျားနားကပ်ပြီး တစ်ချိန်လုံး ပြောနေတတ်တဲ့သူတွေတောင် ရှိပါတယ်။ ဒီလိုမျိုး စကားများများ ပြောလေ့ရှိတဲ့သူတွေက စိတ်ဆိုးနေပြီ်ဆိုရင် စကားလုံးဝ မပြောတောာ့တာမျိုး လုပ်တတ်ပါတယ်။ ဒါဟာ အသိသာဆုံး စိတ်ဆိုးနေတဲ့ နည်းပါ။ သူတို့ စိတ်ဆိုးနေတယ်ဆိုတာကို သိသိသာသာ ပြတဲ့ အချက်တစ်ချက်ပါပဲ။ ဒီတော့ ကိုယ့်ရဲ့မိန်းမက ကိုယ့်ကို လုံးဝ စကားမပြောဘူးဆိုရင် ဒါ စိတ်ဆိုးနေတာ သေချာပါတာယ်။

ခနဲ့မယ်၊ ရွဲ့မယ်

တချို့မိန်းမတွေကတော့ စိတ်ဆိုးနေတယ်ဆိုရင် ခနဲ့တဲ့ စကားတွေ ပြောတာ၊ “အင်း” တစ်လုံးကလွဲပြီး ဘာတစ်ခုမှ ပိုမဖြေတာမျိုး လုပ်လေ့ရှိသလို ရွဲ့ပြီး လုပ်တာမျိုးလည်း ရှိပါတယ်နော်။ ကိုယ်ကို ဟိုလိုလုပ်မယ်ဆို ဒီလိုလုပ်မယ် ဆိုတာမျိုး ကန့်လန့်တွေ တိုက်နေတာကလည်း သူတို့စိတ်ဆိုးနေတယ်ဆိုတာကို ပြသတဲ့ အချက်တစ်ချက်ပါပဲနော်။ ကိုယ်မသိလိုက်ဘဲ အဲဒီလိုမျိုးတွေ လုပ်နေရင် စိတ်ဆိုးနေတာ သေချာပါတယ်။ မြန်မြန် ချော့ဖို့သာ ပြင်ထားတော့နော်။

စကားမပြောဘဲနေမယ် (photo:Daily Express)

မျက်နှာပျက်နေမယ်

ကိုယ့်ရဲ့ အိမ်သူသက်ထား မျက်နှာအမူအယာကို အလွတ်ရပြီးသား ဖြစ်နေမှာပါ။ စိတ်ဆိုးနေတယ်ဆိုရင် မျက်နှာက စူနေတာမျိုး မဟုတ်ရင်တောင် မျက်နှာ ချိုချိုသာသာလေး မဟုတ်နေမှာ သေချာပါတယ်။ မျက်နှာရိပ် မျက်နှာကဲလေး သိဖို့ လိုတာပေါ့နော်။ ဒါမှ စိတ်ဆိုးနေလား သိနိုင်မှာပါ။

နည်းနည်း ဆူဆူညံညံလုပ်မယ်

ဒီအချက်ကတော့ ယောကျာ်းလေး အများစု သတိထားမိစေမယ့် အချက်ပါပဲ။ ပစ္စည်းတွေ ကိုင်တွယ်တာက အစ အရင်လို ညင်ညင်သာသာ မဟုတ်ဘဲ နည်းနည်း ဆူဆူညံညံလေးတွေ လုပ်လာတာမျိုးပေါ့။ သားသားမီးမီးလေးတွေ ရှိရင်လည်း နည်းနည်း အော်တာမျိုးပေါ့။ ဒါက သိသာစေတဲ့ အချက်ပါ။

အိမ်ထောင်ရှင် ယောကျာ်းတို့ရေ ကိုယ့်ရဲ့မိန်းမ စိတ်ဆိုးနေလားဆိုတာ သိနိုင်ဖို့ အပေါ်မှာ ပြောတဲ့ အချက်တွေ ဖြစ်မဖြစ် စောင့်ကြည့်ပေးနော်။ 

 

 

From Marry with


Comments

0 comments
Latest video