Advertisement

စုံတွဲလေးတို့ရေ အိမ်ထောင်ကျပြီးနောက်မှာ မိသားစုဝင်တွေနဲ့ သူစိမ်းဆန်တဲ့ ဆက်ဆံရေးမဖြစ်စေဖို့ Marry  ကပြောပြထားတဲ့အချက်လေးတွေအတိုင်း လိုက်နာကြည့်ပေးနော်။

စုံတွဲလေးတို့ရေ အိမ်ထောင်ကျပြီးနောက်မှာ တချို့က သူစိမ်းတွေလို ဖြစ်သွားတတ်ကြပြီး အိမ်ထောင်ဖက်နဲ့ ကိုယ့်မိသားစုနဲ့ အဆင်မပြေလို့ မိသားစုဝင်တွေနဲ့ စကားမပြောကြတာတွေ ရှိပါတယ်။ အဲဒီလို အခြေအနေတွေ မဖြစ်စေဖို့အတွက် အိမ်ထောင်ကျပြီးနောက်မှာ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြမယ်နော်။

အိမ်အဝင်အထွက် ရှိပါ

အိမ်ထောင်ကျပြီးနောက်မှာ တချို့စုံတွဲလေးတွေက အိမ်ကို အဝင်အထွက်လုပ်တာ နည်းသွားတတ်ကြပြီး အဆက်အသွယ် အရင်ကလောက် မရှိသလိုမျိုး ဖြစ်တတ်ကြပါတယ်။ တကယ်တော့ မိသားစုဝင်တွေနဲ့ အရင်လိုပဲ ရင်းရင်းနှီးနှီး ရှိချင်တယ်ဆိုရင်တော့ အိမ်ကိုလည်း တပတ်တစ်ကြိမ်လောက်၊ တစ်တစ်ကြိမ်လောက် သွားပါ။ အဝေးရောက်နေတယ်ဆိုရင်လည်း ဖုန်းနဲ့တော့ အဆက်အသွယ် ရှိနေပါစေ။ ဒါဆိုရင်တော့ အဆင်ပြေမှာပါ။

အိမ်ထောင်ကျပြီးနောက် မိသားစုဝင်တွေနဲ့ သူစိမ်းမဖြစ်စေဖို့ (photo: National Council on Alcoholism and Drug Dependence)

အရင်လိုမဟုတ်တော့တာ သတိရပါ

အိမ်ထောင်ကျပြီးပြီဆိုရင် အရင် လူပျို၊ အပျိုလိုမျိုးတော့ အခွင့်အရေးတွေ မရှိတော့ပါဘူးနော်။ မိသားစုအပေါ် အရင်ကလောက် ဆိုးလို့၊ နွဲ့လို့ မရတော့ဘူးဆိုတာ သတိရပါ။ တချို့ဆိုရင် အိမ်ထောင်ကျပြီးတဲ့အထိ ဆိုးနွဲ့လို့ မရဘူးဆိုပြီး မိသားစုဝင်တွေနဲ့ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။

အပြောအဆို

အိမ်ထောင်ကျပြီးနောက်မှာ အပြောအဆိုလည်း ဆင်ခြင်ဖို့ လိုပါတယ်။ ကိုယ်တွေကတော့ မောင်နှမတွေပဲဆိုပြီး စနောက်ကြပေမယ့် သူစိမ်း(အိမ်ထောင်ဖက်) ပါလာတဲ့အခါ သူမကြိုက်တဲ့အကြောင်းအရာတွေဆိုရင် သတိထားဖို့ လိုပါတယ်။ မိဘနဲ့ ကိုယ့်ကြားမှာလည်း အရင်ကထက် ရိုရိုသေသေ ပြောဖို့ လိုပါတယ်။ ဒါမှ ကိုယ့်အိမ်ထောင်ဘက်ကလည်း ရိုသေမှာပါ။

အိမ်အဝင်အထွက် ရှိပါ (photo: Multi Generation Family Celebrating With Christmas Meal)

မိသားစုကိစ္စတွေမှာ နိုင်သလောက် ကူပါ

အိမ်ထောင်ကျသွားပြီမလို့ မိသားစုကိစ္စတွေကို အရင်ကလို မကူညီတော့ဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့နော်။ အိမ်ထောင်ကျသွားလို့ မဆိုင်တော့ဘူး မတွေးပါနဲ့။ မိသားစုဝင်တွေကိုလည်း အရင်ကလိုပဲ ဂရုစိုက်ပါ။ မိသားစုကိစ္စမှာ နိုင်သလောက် ကူညီပေးပါ။ အတူနေတယ်ဆိုရင်လည်း အိမ်မှုကိစ္စတွေ ကူညီပါ။ အတူမနေဘူးဆိုရင်လည်း ကိစ္စရှိတဲ့အခါ ကိုယ့်ဘက်က အကူအညီပေးပါ။

စီးပွားရေးနဲ့ ငွေကြေး (photo: DoughRoller)

စီးပွားရေးနဲ့ ငွေကြေး

စုံတွဲလေးတို့ရေ အိမ်ထောင်ကျပြီးသွားရင် စီးပွားရေးဆိုတာလည်း တိတိကျကျ ရှိဖို့ လိုလာပါပြီ။ တချို့ အိမ်ထောင်သည်တွေက မောင်နှမတွေနဲ့ အတူတူ စီးပွားရေး လုပ်တာမျိုး ရှိပါတယ်။ မောင်နှမတွေမို့ ဘယ်လောက်ပဲ ပိုက်ဆံကိစ္စတွေ ရှုပ်ခဲ့ရှုပ်ခဲ့ အိမ်ထောင်ကျပြီးရင်တော့ ငွေကြေးကိစ္စက ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပါတယ်။ မိဘဆီက တောင်းသုံးနေတာမျိုးတွေလည်း လျှော့ပြီး စီးပွားရေးမှာ အတိအကျ ဖြစ်အောင် ဂရုစိုက်ပါနော်။

စုံတွဲလေးတို့ရေ အိမ်ထောင်ကျပြီးနောက်မှာ မိသားစုဝင်တွေနဲ့ သူစိမ်းဆန်တဲ့ ဆက်ဆံရေးမဖြစ်စေဖို့ Marry  ကပြောပြထားတဲ့အချက်လေးတွေအတိုင်း လိုက်နာကြည့်ပေးနော်။

Comments

0 comments