Advertisement

အိမ်ထောင်သည်ဘဝမှာ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာမှာ ဖြစ်သလို ပိုပြီးတော့ နားလည် သည်းခံပေးရမယ့် ကိစ္စတွေလည်း များလာမှာပါ။

လက်ထပ်ပြီးပြီဆိုရင် ချစ်သူဘဝကလိုတော့ မဟုတ်တော့တာ သေချာပါတယ်။ အိမ်ထောင်သည်ဘဝမှာ တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာမှာ ဖြစ်သလို ပိုပြီးတော့ နားလည် သည်းခံပေးရမယ့် ကိစ္စတွေလည်း များလာမှာပါ။ အိမ်ထေထာင်သည်ဘဝရောက်ပြီဆိုရင် နှစ်ယောက်စလုံး ရင်ဆိုင်ရမယ့် အချက်တွေ ရှိပါတယ်နော်။ ဘာတွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ပေးပါဦး။

ချစ်သူဘဝနဲ့ မတူနိုင်တာတွေ (Photo: TuArt Wedding – Da Nang)

ငွေကြေးကိစ္စ

စုံတွဲလေးတို့ရေ ချစ်သူဘဝမှာတော့ နှစ်ယောက်စလုံးက ကိုယ့်ဝင်ငွေ ကိုယ်သုံးကြပေမယ့် အိမ်ထောင်သည်ဘဝကို ရောက်ပြီိဆိုရင်တော့ ငွေကြေးက အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်လာပါပြီနော်။ တစ်ယောက်ရှာတဲ့ငွေဟာ တစ်ယောက်အပေါ် သက်ရောက်မှု ရှိပါတယ်။ နှစ်ဖက်မိဘကို ပြန်လည်စောင့်ရှောက်မယ့် ငွေကြေးကိုရော ဘယ်လို သတ်မှတ်မလဲ၊ အစရှိသလိုတွေ ရှိလာမှာမို့ သေချာလေး တိုင်ပင်ဆွေးနွေးမှ လင်မယားကြား အဆင်ပြေပါမယ်နော်။

ငွေကြေးကိစ္စ (photo: pick4uncle.com)

အလုပ်တာဝန်

မောင်တထမ်း၊ မယ်တရွက်ဆိုပေမယ့် ခုခေတ်မှာတော့ အိမ်ထောင်တော်တော်များများမှာ မောင်တထမ်းဆို မယ်လည်း တထမ်းပါပဲ။ အိမ်ထောင်ဦးစီးက စီးပွားရှာ၊ မိန်းမက အိမ်မှုကိစ္စတွေမှာပဲ အချိန်ကုန်တာမျိုး အခုနောက်ပိုင်းမှာ လုပ်လေ့ မရှိပါဘူး။ အိမ်ထောင်ကျသွားပြီဆိုရင် ဘယ်အလုပ်ကိစ္စမဆို နှစ်ယောက်အတူတူ တာဝန်တွေ ခွဲဝေယူရမှာပါ။ ဒါက ချစ်သူဘဝနဲ့ မတူဘဲ အိမ်ထောင်ကျတဲ့အခါမှာ ရင်ဆိုင်ရမယ့် အချက်တွေပါ။

သူငယ်ချင်းတွေနဲ့ အပြင်သွားခြင်း

အိမ်ထောင်ကျပြီးသွားတဲ့အခါမှာ စုံတွဲလေးတို့ ရင်ဆိုင်ရမယ့် နောက်ထပ် အချက်တစ်ချက်ကတော့ သူငယ်ချင်းတွေနဲ့ အပြင်သွားတာပါပဲ။ ချစ်သူသမီးရည်းစား ဘဝမှာ ချစ်သူကို အလေးပေးပြီး သူငယ်ချင်းတွေကို အချိန်မပေးပေမယ့် အိမ်ထောင်ကျပြီဆိုရင်တော့ အိမ်ထောင်ဘက်ထက် သူငယ်ချင်းတွေက ပိုပြီးအရေးကြီး ဦးစားပေးလာပါပြီ။ ချစ်သူဘဝထဲက တစ်ယောက်ရဲ့ အပေါင်းအသင်းကြား ဝင်ဆံ့ထားသူ ဖြစ်ရင်တော့ ပိုကောင်းပါတယ်။ စုံတွဲလေးတို့အနေနဲ့ အဲဒီလိုဖြစ်အောင်လည်း ကြိုးစားထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် အိမ်ပြန်ချိန်နောက်ကျတယ်၊ သူငယ်ချင်းတွေနဲ့ပဲ လျှောက်သွားချင်နေတယ်ဆိုတာမျိုး ရင်ဆိုင်ရမှာပါ။

ဆွေမျိုးတွေနဲ့ (Photo: US-China Perception Monitor)

ဆွေမျိုး

စုံတွဲလေးတို့ရေ ဆွေမျိုးဆိုတာ ချစ်သူဘဝမှာ အဲဒီလောက်ထိ ကိုယ့်ဘဝထဲ မစွက်ဖက်ပေမယ့် အိမ်ထောင်ကျပြီးပြီဆိုရင်တော့ ဆွေမျိုး၊ နှစ်ဖက်မိဘအသိုင်းအဝိုင်းရဲ့ အကြောင်းစုံက ကိုယ့်ဆီ ဝင်ရောက်လာပါပြီ။ ဒီတော့ ဆွေမျိုးတွေနဲ့ အဆင်ပြေရေးကလည်း စုံတွဲတိုင်း ရင်ဆိုင်ရမယ့် အချက်တွေထဲက တစ်ချက်ပါပဲ။

စုံတွဲလေးတို့ရေ ချစ်သူဘဝကနေ အိမ်ထောင်သည် ဘဝကို ရောက်ပြီဆိုရင် အပေါ်မှာ ဖော်ပြထားတဲ့ အချက်လေးတွေ ကြုံကို ကြုံရမှာပါ။ သေချာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့တော့ လိုပါတယ်နော်။

 

 

Comments

0 comments
Advertisement