အိမ်ထောင်ရေး ယိုင်လဲမသွားစေဖို့ လုပ်ဆောင်ရမှာတွေ

by: Phyo Pyae Thu
 0 comments  1 love

အိမ်ထောင်ရေးမှာ အနိမ့်အမြင့်အတက်အကျတွေ ကြုံလာတဲ့အခါအိမ်ထောင်ရေး ယိုင်လဲမသွားဖို့ လုပ်ဆောင်ရမှာတွေ ရှိပါတယ်

စုံတွဲလေးတို့ရေ အိမ်ထောင်သည်ဘဝဆိုတာ ချစ်သူသမီးရည်းစားဘဝနဲ့ ကွာခြားတာတွေ ရှိပါတယ်။ ချစ်သူသမီးရည်းစားဘဝမှာ မကြုံခဲ့တာတွေလည်း အိမ်ထောင်သည်ဘဝမှာ ကြုံရနိုင်ပါတယ်နော်။ စုံတွဲလေးတို့ အနေနဲ့ အိမ်ထောင်ရေးမှာ အနိမ့်အမြင့်အတက်အကျတွေ ကြုံလာတဲ့အခါအိမ်ထောင်ရေး ယိုင်လဲမသွားဖို့ လုပ်ဆောင်ရမှာတွေ ရှိပါတယ်။

ဆက်ဆံတဲ့အခါ (photo: unsplash.com)

သူငယ်ချင်းတစ်ယောက်လိုလည်း သဘောထားပါ

လင်မယားဘဝရောက်ပြီဆိုပေမယ့်လည်း သူငယ်ချင်း တစ်ယောက်လိုမျိုး ဆက်ဆံတာမျိုးလည်း လုပ်ပါနော်။ လင်မယား ဘဝမှာ သူငယ်ချင်းတစ်ယောက်လိုမျိုး ရင်းနှီးမယ်ဆိုရင် တစ်ယောက်ခံစားချက်ကို တစ်ယောက်ပိုသိတာမျိုး ဖြစ်မှာပါ။ လင်မယားဆိုတာကတော့ အိမ်ထောင်ရေးရဲ့ အတက်အကျ ဘာပဲဖြစ်ဖြစ် အနားမှာ ရှိနေပေးမယ့်သူဆိုရင် သူငယ်ချင်းဆိုတာကတော့ ကိုယ့်ကို ပျော်ရွှင်ရယ်မောအောင် လုပ်ပေးပြီး ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လို့ ရမယ့် သူမျိုးပေါ့။

အိမ်ထောင်သည်ဘဝမှာ (Photo: unsplash.com)

ဆက်ဆံတဲ့အခါ

လင်မယားဘဝရောက်လို့ ချစ်တင်းနှောကြတာပဲဆိုပြီး ချစ်တင်းနှောရုံပဲတော့ မရပါဘူးနော်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တင်းနှောခြင်းအပေါ်မှာ ပွင့်လင်းနေစေဖို့နဲ့ စိတ်ခံစားချက် ကောင်းမွန်ဖို့ပါ လုပ်ဆောင်ဖို့ လိုပါတယ်နော်။ ဒါဟာ အိမ်ထောင်သည်ဘဝမှာ အရေးကြီးတဲ့ အချက်တစ်ချက်ပါ။ အိမ်ထောင်သည်ဘဝရောက်ရင် ဆက်ဆံတဲ့အခါ နှစ်ယောက်လုံး စိတ်ကျေနပ်ဖို့ လိုပါတယ်။

စကားပြောတဲ့အခါ

အိမ်ထောင်သည်ဘဝရောက်တဲ့အခါ လင်မယားကြားမှာ ညှိနှိုင်းရမယ့် ကိစ္စတွေ၊ ပြောရမယ့်စကားတွေ ပိုပြီးတော့ များလာမှာပါ။ အဲဒီလိုမျိုး ဖြေရှင်းကြတဲ့အခါ စကားပြောရင် သတိထားဖို့ လိုပါတယ်။ လင်မယားဆိုပေမယ့် စိတ်ညစ်အောင်၊ ထိခိုက်အောင် ပြောတာမျိုး မလုပ်မိဖို့ လိုပါတယ်။ စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတာမျိုး လုပ်ပါ။

ငွေရေးကြေးရေး

တာဝန်တွေ ခွဲယူပါ

အိမ်ထောင်သည်ဘဝရောက်တဲ့အခါ  တာဝန်တွေ ခွဲယူဖို့လည်း ပြင်ဆင်ထားပါ။ ကိုယ့်အလုပ် သူ့အလုပ် ခွဲတာမျိုး ရှောင်ရှားပါ။ အိမ်ထောင်သည်ဘဝမှာ လုပ်ရမယ့် ကိစ္စတွေလည်း များလာမှာ သေချာမှာမို့ တာဝန်ခွဲယူတာမျိုး မလုပ်ရင် ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ပါဘူးနော်။

ငွေရေးကြေးရေး

အိမ်ထောင်သည်ဘဝရောက်ပြီဆိုရင် ငွေရေးကြေးရေးကလည်း အရေးကြီးလာပါပြီ။ စီးပွားရေး လုပ်တာမျိုး ရှိသင့်သလို ပိုက်ဆံစုတာမျိုးလည်း လုပ်ဖို့ လိုပါတယ်။ အိမ်ထောင်မကျခင်က ကိုယ်တိုင်ဘယ်လိုပဲသုံးသုံး အိမ်ထောင်ကျပြီးပြီဆိုရင်တော့ ပိုက်ဆံသုံးတာကအစ အိမ်ထောင်ဘက်ကို ပြောပြပါ။

စုံတွဲလေးတို့ရေ အိမ်ထောင်သည်ဘဝမှာ အဆင်ပြေစေဖို့ဆိုရင် Marry က အခုပြောပြထားတဲ့ အချက်တွေကို လုပ်ဆောင်ဖို့ မမေ့ပါနဲ့နော်။ 

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords