လင်မယားကြား သူစိမ်းစကားတွေ တိုးမပေါက်အောင်

by: Phyo Pyae Thu
 0 comments  0 love

အိမ်ထောင်ရှင်တို့ရေ လင်မယားကြားမှာ သူစိမ်းစကားတွေ တိုးမပေါက်အောင် Marry က ပြောပြထားတဲ့ လုပ်ဆောင်သင့်တဲ့အချက်လေးတွေ လုပ်ဆောင်ပါနော်။

သူစိမ်းဆိုတာ ဘယ်သူ့ကိုမဆို စိမ်းကားအောင် လုပ်ဆောင်မယ့်သူပါပဲ။ မိတ်ဆွေအပေါင်းအသင်းကြားမှာ ဖြစ်စေ၊ လင်မယားကြားမှာ ဖြစ်စေ သူစိမ်းဝင်လာပြီဆိုရင် စိမ်းကားသွားဖို့ အကြောင်းတရားတွေ များလာပါပြီ။ လင်မယားကြားထဲမှာ သူစိမ်း ဝင်လာရင် ပျက်စီးတတ်တာမို့ ဝင်မလာနိုင်အောင် ကြိုတင် ကာကွယ်တားဆီးတာမျိုး လုပ်ရပါမယ်နော်။ လင်မယားကြားမှာ သူစိမ်းစကားတွေ တိုးမပေါက်အောင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ ပြောပြမယ်နော်။

ဂရုစိုက်ပေးပါ (Photo:jokesoftheday.net)

လင်မယားကြားမှာ မထိန်ချန်ပါနဲ့

ယောကျာ်းပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ဘယ်သူတွေနဲ့ အပေါင်းအသင်းလုပ်နေတယ်ဆိုတာ မထိန်ချန်ပဲ ပြောပြပေးပါ။ ဒါမှပဲ ဘယ်သူကတော့ ဘယ်လိုစိတ်ရှိတယ်ဆိုတာကို ကိုယ့်အိမ်ထောင်ဘက်က သိနိုင်မှာပါ။ ကိုယ့်အမျိုးသားနဲ့ ခင်တဲ့ အမျိုးသမီးက ကိုယ့်အမျိုးသားနဲ့ ကိုယ်နဲ့ကြားမှာ သွေးထိုးစကားပြောနိုင်မယ့်သူလားဆိုတာ သိထားဖို့လိုပါတယ်။ ဒါကြောင့် ဘယ်သူတွေနဲ့ သိကျွမ်းနေတယ်ဆိုတာ အကုန်လုံး ပြောပြတာရော၊ သိနေတာမျိုးပါ လုပ်ရပါမယ်။

ရည်မှန်းချက်ကိုပဲ အာရုံစိုက်ခိုင်းပါ

လင်မယားကြားထဲမှာ ထားထားတဲ့ ရည်မှန်းချက် တစ်ခုတော့ ရှိမှာပါ။ ဥပမာ ငွေစုတာမျိုးပေါ့။ ဝင်ငွေတိုးဖို့ ရည်မှန်းချက် ထားနေတယ်ဆိုရင်လည်း ဒါကိုပဲ အာရုံစိုက်ပါ။ ဒီလိုမျိုး အာရုံစိုက်စရာ တစ်ခု ရှိနေတယ်ဆိုရင် ကြားလူ သူစိမ်းဆီ အာရုံမရောက်နိုင်တော့ပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကိုလည်း ရည်မှန်းချက်ကိုပဲ အာရုံစိုက်ထားဖို့ ပြောပါ။

မထိန်ချန်ပါနဲ့ (photo: eju.tv)

ကိုယ့်စိတ်သာ အဓိကပါ

လင်မယားကြားမှာ တခြားသူဝင်မလာစေဖို့နဲ့ သွေးကွဲစေမယ့် စကားတွေကို နားမယောင်မိဖို့ဆိုတာ ကိုယ့်စိတ်သာ အဓိကပါနော်။ ကိုယ့်စိတ်တွေသာ ခိုင်မာနေမယ်ဆိုရင် ကြားလူရဲ့ သွေးထိုးစကားတွေ ဝင်မလာနိုင်ပါဘူးနော်။ ကြားလူတွေ ဘယ်လိုစကားတွေနဲ့ သွေးထိုးထိုး ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဆီမှာပဲ စိတ်ထားပါ။ ကိုယ့်အိမ်ထောင်ဘက်ကို ယုံကြည်ပါ။

  ချစ်ခြင်းမေတ္တာမလျော့ပါစေနဲ့

ချစ်မြဲတိုင်းချစ်ပါ(photo: jokesoftheday.net)

လင်မယားကြားမှာ ဘယ်အချိန် သူစိမ်းရဲ့ သွေးထိုးစကားတွေ ဝင်လာမလဲဆိုရင် ချစ်ခြင်းမေတ္တာ လျော့နည်းတဲ့အချိန်ပါပဲ။ ချစ်ခြင်းမေတ္တာ လျော့နည်းလာပြီဆိုရင် နားလည်မှုတွေလည်း အလိုလို ဝေးကွာလာမှာဖြစ်ပြီး ကြားလူ ပြောသမျှ နားယောင်တော့မှာပါ။ ဒီလိုဆိုရင် အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ ဆက်တိုက် ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် လင်မယားကြား ဘယ်လိုအကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ချစ်ခြင်းမေတ္တာ မလျော့အောင် ကြိုးစားပါ။

ဂရုစိုက်ပါ

လင်မယားအချင်းချင်း ဂရုစိုက်မှု မလျော့ပါစေနဲ့။ ဒီအချက်က အရေးကြီးပါတယ်။ ဂရုစိုက်မှုတွေ လျော့လာတဲ့အခါမှာ ဂရုစိုက်ပေးမယ့်သူနဲ့ တွေ့မယ်ဆိုရင် ကြားလူ သွေးထိုးစကားတွေ အလိုလို နားယောင်မိနိုင်ပါတယ်။ ဒါကြောင့် မတင်းကျပ်တဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်ပေးပါ။

အိမ်ထောင်ရှင်တို့ရေ လင်မယားကြားမှာ သူစိမ်းစကားတွေ တိုးမပေါက်အောင် Marry က ပြောပြထားတဲ့ လုပ်ဆောင်သင့်တဲ့အချက်လေးတွေ လုပ်ဆောင်ပါနော်။

 

 

From Marry with


Comments

0 comments
Latest video