အိမ်ထောင်ရေးမှာ ဝင်ငွေ ထွက်ငွေ စနစ်ကျပါစေ

by: Editor
 0 comments  0 love

အိမ်အတွက် ဘယ်နေရာမှာ ဘယ်လောက် ပမာဏ အသုံးပြုမလဲ ဆိုတာကတော့ ဝင်ငွေ အပေါ် အကုန်လုံး အခြေခံတာ ဖြစ်လို့ ဝင်ငွေစာရင်းကို ပြုလုပ်ပါနော်။

အကုန်အကျတွေကို စိစစ်ပါ

Marry ရဲ့ မင်္ဂလာမောင်နှံလေးတို့ရေ မင်္ဂလာပွဲလေး ကျင်းပပြီးလို့ အိမ်ထောင်သည် ဘဝ ရောက်သွားပြီ ဆိုရင်တော့ ဝင်ငွေ ထွက်ငွေကို စနစ်တကျ ချုပ်ထိန်းတတ်ဖို့တော့ လိုအပ်လာပါပြီ။ အိမ်ထောင်ရေး တစ်ခုမှာ အရေးပါတဲ့ အချက်လေးတွေ ထဲက တစ်ခုမို့လို့ ဘယ်လို ပြုလုပ်ရမယ် ဆိုတာကို Marry ကနေ ပြောပြပေးလိုက်ရပါတယ်။

ဝင်ငွေစာရင်းကို ပြုလုပ်ပါ

တစ်လ အတွင်း ဝင်ငွေ စုစုပေါင်းကို စာရင်း ပြုစုပါ။ အိမ်အတွက် ဘယ်နေရာမှာ ဘယ်လောက် ပမာဏ အသုံးပြုမလဲ ဆိုတာကတော့ ဝင်ငွေ အပေါ် အကုန်လုံး အခြေခံတာ ဖြစ်လို့ ဝင်ငွေစာရင်းကို ပြုလုပ်ပါနော်။ ဝင်တဲ့ ငွေအကုန်လုံးစာကို စာရင်းလုပ်တဲ့ အချိန် တကယ်လို့ လတိုင်း ပုံမှန် မရှိတာမျိုး ဖြစ်နိုင်တယ် ဆိုရင်တော့ အနည်းဆုံး ပမာဏနဲ့ အများဆုံး ပမာဏကို သေချာမှတ်သားပါ။ အိမ်ထောင်ပြုတော့မယ် ဆိုရင် သိကို သိထားရမယ့် အရာကိုလည်း ဖတ်ကြည့်ပေးပါနော်။

ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ငွေကြေးကို ထိန်းချုပ်ပါ

ထွက်ငွေကို စိစစ်ပါ

ထွက်ငွေ စာရင်းပြုစုတဲ့အချိန်မှာတော့ ၂ ပိုင်း ပိုင်းရမှာပါ။ မကုန် မနေရ ကုန်ရမယ့် အရာတွေ( မီတာခ၊ စားသောက်စရိတ်၊ ရေဖိုး၊ မီးဖိုး၊ ဖုန်းဖိုး) တွေကို အရင်ဆုံး တွက်ပါ။ ဒီအရာတွေကတော့ မကုန်လို့ မရတဲ့ အရာတွေမို့လို့ပါ။ နောက်တစ်ခုကတော့ လိုချင်တဲ့ အရာတွေ အတွက် ကုန်ကျစရိတ်ပါ။ မဝယ်လည်း ဖြစ်တဲ့အရာတွေဖြစ်တဲ့ အဝတ် အသစ် ဝယ်တာတွေ အစားအသောက်ကောင်းကောင်းတွေကို စားချင်တာမျိုးတွေကို စိစစ်ပြီး လျှော့ချပါ။ ဒီလို ပြုလုပ်ပေးမယ် ဆိုရင်တော့ ထွက်ငွေတွေ မလိုအပ်ဘဲ ကုန်ကျတာကို အများကြီး လျှော့ချနိုင်မှာပါ။

Marry ပြောပြပေးတဲ့ အချက်လေး ၂ ချက်ကို ဖတ်ကြည့်ပေးပြီး Marry ရဲ့  မင်္ဂလာမောင်နှံလေးတွေ ကြင်စဦးစ စပြီး ဝင်ငွေ ထွက်ငွေကို စနစ်တကျ ထိန်းချုပ်တတ်တဲ့ သူတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles