တူနှစ်ကိုယ်နေ့ရက်တိုင်းမှာ ပျော်စရာကောင်းနေစေဖို့

by: Nway Nway Aung
 0 comments  4 love

စကားမပြောဘဲ အိပ်ယာ မဝင်ပါနဲ့။ တစ်နေ့တာရဲ့ အတွေ့အကြုံတွေ၊ တီတီတာတာ စကားလေးတွေကို ညအိပ်ရာမဝင်ခင် သေချာပေါက် ပြောပေးကြပါနော်

အိမ်ထောင်ကျသွားပြီးတဲ့ အချိန်မှာလည်း ပျော်စရာ၊ ရင်ခုန်စရာ ကောင်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ဖို့ Marry က နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ကဲ . . . အိမ်ထောင်သည် ဘဝရဲ့ နေ့ရက်တိုင်းကို အချစ်ကလွဲပြီး တခြားအရာတွေ ဝင်မလာစေဖို့ Marry ပြောပြမှာလေးတွေကို ဖတ်ကြည့်ပေးနော်။

  • လင်မယား နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် (၅)ရက် (၆)ရက်ထက် ပိုပြီးခွဲမနေပါနဲ့။ ရေခြားမြေခြား ဖြစ်နေတာ မဟုတ်ရင် ဘယ်လောက်ပဲ အလုပ်ကိစ္စတွေ ကိုယ်စီရှိနေပါစေ လူချင်းကိုယ်တိုင်တွေ့ပေးနိုင်ဖို့ ကြိုးစားပါနော်။ ရေခြားမြေခြား ဝေးနေရင်တော့ အခုက အင်တာနက်ခေတ်လေ။ Video Call ခေါ်ဖို့ မမေ့ပါနဲ့။

အိမ်ထောင်သည် ဘဝရဲ့ နေ့ရက်တိုင်းကို အချစ်ကလွဲပြီး တခြားအရာတွေ ဝင်မလာစေဖို့  (Photo – Photo Case)

  • စကားမပြောဘဲ အိပ်ယာ မဝင်ပါနဲ့။ တစ်နေ့တာရဲ့ အတွေ့အကြုံတွေ၊ တီတီတာတာ စကားလေးတွေကို ညအိပ်ရာမဝင်ခင် သေချာပေါက် ပြောပေးပါ။ အကြောင်း အမျိုးမျိုးကြောင့် အရမ်း အိပ်ချင်နေရင်တောင် ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း ပြောပြီးမှ အိပ်ပါနော်။
  • တစ်နှစ်မှာ သုံးခေါက် ခရီးတို ထွက်ပေးပါ။ နှစ်ယောက်အတူတူ ခရီးတိုလေးတွေကို လေးလ တစ်ကြိမ်တော့ ပုံမှန်ထွက်ပေးဖို့ လိုပါတယ်။ ခရီးတို ဆိုတဲ့နေရာမနှာ အပန်းဖြေခရီးတွေရော၊ လေ့လာရေး ခရီးတွေရော၊ နေ့ချင်းပြန် ခရီးတွေပါ အကျုံးဝင်ပါတယ်။
  • အမြဲ ဖုန်းပြောပေးပါ။ အနေဝေးနေတဲ့ လင်မယားတွေ အတွက်ကတော့ ဖုန်းလေးကိုပဲ အားကိုးရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်တဲ့ ကာလတွေမှာ ဖုန်းပြောပေးဖို့ မမေ့နဲ့နော်။ ဒီတော့ အနေနီးနေတဲ့ စုံတွဲလေးတွေက ဖုန်းပြောစရာ မလိုဘူးလို့ မထင်လိုက်ပါနဲ့။ မတွေ့ဖြစ်တဲ့ အချိန်လေးတွေတိုင်း ဆက်သွယ်မှုလေးတွေ ရှိထားဖို့ လိုပါတယ်။

နှစ်ယောက်အတူတူ ခရီးတိုလေးတွေကို ပုံမှန်ထွက်ပေးဖို့ လိုပါတယ် (Photo – Valentine Day)

  • စာပုံမှန်ပို့ပါ။ ချစ်စရာကောင်းတဲ့ SMS လေးတွေပေါ့။ ချစ်သူတွေကြားမှာ မရှိမဖြစ်တဲ့ အရာတွေလေ။ သတိပြုရမှာတစ်ခုကတော့ တစ်ယောက်ကို တစ်ယောက် နှောက်ယှက်တဲ့၊ စိတ်သောကပေးတဲ့ စာမျိုး မဖြစ်ဖို့တော့ လိုတာပေါ့။
  • ပုံမှန် ချိန်းတွေ့ပေးပါ။ ချစ်သူ သက်တမ်း ကြာသွားပြီ၊ လင်မယား ဖြစ်သွားပြီ ဆိုပြီး ကြိုက်စတုန်းကလို အထူးတလည် ချိန်းတွေ့စရာမလိုဘူးလို့ မတွေးပါနဲ့နော်။ ဆယ်ရက် တစ်ခါလောက်တော့ လှလှလေးပြင်ပြီ ချိန်းတွေ့ပေးပါ။
  • တစ်လမှာ တစ်ရက် ဘယ်မှမသွားဘဲ အိပ်ယာထဲမှာ အချိန်ဖြုန်းပေးပါ။ ပိတ်ရက်လိုမျိုးတွေပေါ့။ ဘာမှအထွေအထူး လုပ်စရာကိစ္စတွေ မရှိအောင်ထားပြီး တစ်နေကုန် အိပ်ယာထဲမှာပဲ အချိန်ဖြုန်းကြည့်ပါ။
  • သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်တွေ့ကြပါ။ အမြဲတမ်း နှစ်ယောက်တည်းချည်းပဲ မနေနဲ့နော်။ တစ်ခါတစ်ရံ သူငယ်ချင်းတွေ အများကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် နေကြည့်ပါ။ သာယာတဲ့ အိမ်ထောင်ရေး အများစုမှာ အိမ်ထောင်ဖက်တွေက တစ်ယောက်ရဲ့ အပွေင်းအသင်းတွေကြားတဲ့ တစ်ယောက် ဝင်ဆံ့ကြပါတယ်။

Marry အခုပြောပြထားခဲ့တာတွေကို လိုက်နာပြီး နှစ်ကိုယ်တူနေ့ရက်တိုင်းကို ပျော်စရာကောင်းအောင် ဖန်တီးလိုက်ပါ။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords