ချစ်သူနှစ်ဦး ရည်မှန်းချက်တွေ ထပ်တူကျနေစေဖို့

by: Editor
 0 comments  0 love

အချင်းချင်းကြားမှာ နားလည်မှု အခိုင် အမာ တည်ဆောက်ထားနိုင်မယ်ဆိုရင်တော့ ပျော်ရွှင်စရာတွေချည်း ပြည့်နှက်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။ 

အရာတိုင်းကို တိုင်ပင်ပြီးမှ ပြုလုပ်ပါနော်

ပျော်ရွှင်ကြည်နူးစရာတွေ ပြည့်နေတဲ့ အိမ်ထောင်ရေးလေး တစ်ခု ဖြစ်နေဖို့ အတွက်ကတော့ ညှိယူရမယ့် အရာတွေ များလှပါတယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ အဆင့်ကနေ တက်လှမ်းလိုက်တဲ့ အိမ်ထောင်ရေးလေးမှာတော့ ရည်မှန်းချက်တွေ ထပ်တူ ကြဖို့လည်း အရေးကြီးပါတယ်။ ရည်မှန်းချက်တွေ ထပ်တူကျနိုင်ဖို့  အိမ်ထောင်ဖက် အချင်းချင်းကြားမှာ ပြုလုပ်ပေးရမှာတွေကို Marry က ပြောပြပေးလိုက်ရပါတယ်နော်။

ညှိနှိုင်းပါ

ရည်မှန်းချက်ဆိုတာက မိသားစု နောင်ရေးအတွက် ချမှတ်ထားတဲ့ ပန်းတိုင် တစ်ခုမို့လို့ အချင်းချင်းကြားမှာ ညှိနိုင်းဖို့ အရေးကြီးပါတယ်။ တစ်ယောက် ဖြစ်ချင်တာကို ကျန်တစ်ယောက်ကချည်း အလျော့ပေး အလိုလိုက် အကြိုက်လိုက်ဆောင်နေတာမျိုးကို မပြုလုပ်ဘဲ ညှိနှိုင်းပြီးမှ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို လိုက်လျောပြီး ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အချင်းချင်းကြားမှာ နားလည်မှု ရှိပါစေနော်

ဆွေးနွေးပါ

ကိုယ်လုပ်ချင်တာကိုပဲ ရည်မှန်းချက်ထားလိုက်ပြီး မပြုလုပ်ပါနဲ့နော်။ ဆွေးနွေးပါ။ အချိန် တစ်ခု ယူပြီး အရေးကြီးတာကို အရေးကြီးသလို သိပ်အရေးမကြီးတာကိုတော သိပ်အရေးမကြီးသလို အချိန်ယူ ဆွေးနွေးပါ။ ဆွေးနွေးတဲ့အချိန်မှာ ပွင့်လင်းဖို့လည်း လိုပါတယ်။ ဖြစ်ချင်တာချည်းကိုပဲ တစ်ဖက်တည်း ကြည့်ပြောလို့ မရပါဘူး။ နှစ်ယောက် တစ်ဘဝ တည်ဆောက်ထားတာမို့ တစ်ယောက်အလိုကို ကျန်တစ်ယောက်က သေချာ ဆွေးနွေးဖို့ အရေးကြီးပါတယ်။

နားလည်မှုပေးပါ

လူတစ်ကိုယ် စိတ်တစ်မျိုးဆိုတာကို သတိရပေးပါ။ ကိုယ်သိပ်ချစ်ရတဲ့သူဆိုတာကြောင့်လည်း တစ်ခုခုဆို ပိုပြီး နားလည်မှု ပေးနိုင်ဖို့ ကြိုးစားပါနော်။ အိမ်ထောင်ရေးလေး တစ်ခုရဲ့ အခြေခံ အုတ်မြစ်ကတော့ နားလည်မှုလို့ ဆိုရမှာပါ။ အချင်းချင်းကြားမှာ နားလည်မှု အခိုင် အမာ တည်ဆောက်ထားနိုင်မယ်ဆိုရင်တော့ ရည်မှန်းချက် တူညီတဲ့ ပျော်ရွှင်စရာတွေချည်း ပြည့်နှက်နေတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။

အိမ်ထောင်ရေးလေးရယ်လို့ ဖြစ်လာရင် အိမ်ထောင် တစ်ခုရဲ့ ရည်မှန်းချက် ဆိုတာတွေကို တစ်ယောက်တည်း ကြိုးစားလို့ မရပါဘူး။ အချင်းချင်းကြားမှာ အချစ်တွေ ပြည့်နေပြီး တိုင်ပင် ညှိနှိုင်းပြီးမှ ပြုလုပ်ပါလို့ Marry က ဝေမျှပေးလိုက်ရပါတယ်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords