Advertisement
အိမ်ထောင်ရေးမှာ တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှု အပြည့်ရှိနေဖို့

ချစ်သူတွေ အဆင့်မှာတောင် အချင်းချင်းကြားက ယုံကြည်မှု ဆိုတာက အရေးပါလှပါတယ်။ အိမ်ထောင်ရေးလေးရယ်လို့ ဖြစ်လာရင်တော့ ဒီအချက်က အရေးအကြီးဆုံးလို့ ဆိုရမှာပါ။

အချင်းချင်းကြားမှာ ယုံကြည်ချက် ခိုင်မာနေပါစေ (Photo:onethreeonefour )

အိမ်ထောင်ရေးလေး တစ်ခုမှာ သာယာ ပျော်ရွှင်ဖို့ အတွက် သိထား လိုက်နာထားရမယ့် အရာလေးတွေက များပြားပါတယ်။ ပျော်ရွှင် ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးလေးရဲ့ အခြေခံ အုတ်မြစ်ကတော့ အချင်းချင်းကြားက တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုပါပဲ။ ယုံကြည်ချက် ပိုမိုကောင်းမွန်ပြီး တိုးတက်လာအောင် တည်ဆောက်ဖို့ လည်း အရေးကြီးပါတယ်နော်။

ဘေးစကားတွေကို နားထောင်ပါ

အိမ်ထောင်ရေးလေးမှာ အိမ်ထောင်ဖက် အချင်းချင်း ယုံကြည်ပေးဖို့ ပြောတဲ့အချိန်မှာ ယုံတယ် ဆိုပြီး ဘေးစကားတွေကို နားမထောင်တော့တာမျိုး မလုပ်ရဘူးနော်။ ဘေးက ပတ်ဝန်းကျင်က ပြောတဲ့စကားတွေကို နားထောင်ပေးပါ။ လူတိုင်း သူ့ အမြင်နဲ့ သူဆိုပေမယ့် လူဆိုတာ  တစ်ယောက်တည်း နေလို့ မရပါဘူး။ ဘေးပတ်ဝန်းကျင်ကလည်း လိုအပ်တာမို့လို့ ဘေးစကားတွေကိုလည်း နားထောင်ပေးဖို့ အရေးကြီးပါတယ်။

အချိန်ကြာလေ ပိုချစ်လေ ဖြစ်အောင် (Photo:onethreeonefour )

နားထောင်ပါ နားမယောင်ပါစေနဲ့

လူဆိုတာ ချီးမွမ်း (၇) ရက် ကဲ့ရဲ့ (၇) ရက်ဆိုတဲ့ အတိုင်းပါပဲ။ ပတ်ဝန်းကျင် ပြောတဲ့ စကားတွေကို နားထောင်ပါ။ နားမယောင်ပါနဲ့။ ကိုယ်တိုင် ပြန်လည် ဆန်းစစ်ပြီးမှ ယုံသင့် မယုံသင့် တွေးပါ။ အိမ်ထောင်ဖက်ဆိုတာကတော့ ကိုယ်နဲ့ အရင်းနှီးဆုံးသူလို့ သတ်မှတ်ပြီး တစ်ဘဝလုံးစာ ဘေးနား ရှိနေပေးဖို့ ရွေးချယ်လိုက်တဲ့သူ ဖြစ်တာကို သတိရပေးနော်။ ဒါကြောင့် ဘယ်အရာ ဖြစ်ဖြစ် တစ်ယောက် အပေါ် တစ်ယောက်က ယုံကြည်မှုကို အခြေခံ တည်ဆောက်ထားရမှာပါ။

ချစ်သူတွေ အဆင့်မှာတောင် အချင်းချင်းကြားက ယုံကြည်မှု ဆိုတာက အရေးပါလှပါတယ်။ အိမ်ထောင်ရေးလေးရယ်လို့ ဖြစ်လာရင်တော့ ဒီအချက်က အရေးအကြီးဆုံးလို့ ဆိုရမှာပါ။ ကိုယ့်နားမှာ နေတဲ့ အရင်နှီးဆုံးသူကို ကိုယ်တိုင်မှ အပြည့်အဝ မယုံကြည်ဘူး ဆိုရင်တော့ သာယာတဲ့ အိမ်ထောင်ရေး နေ့ရက်လေးတွေကို အနှောင့်အယှက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Comments

0 comments