ကြည်နူးခြင်းတွေ ပြည့်နေဖို့ မလုပ်ဖူးတဲ့အရာ တစ်ခုကို အတူတူ သင်ယူကြည့်ပါ

by: Editor
 0 comments  0 love

အရာ တစ်ခုခုကို အတူတူ သင်ယူတဲ့အချိန် တွေ့ကြုံရတဲ့ အခက် အခဲတွေကို နှစ်ယောက်ပေါင်း ဖြေရှင်းရင်း အိမ်ထောင်ရေးရဲ့ သံယောဇဉ်တွေကို ပိုတိုးလာမှာ သေချာပါတယ်။ 

အချင်းချင်းကြားမှာ ရှိတဲ့ စည်းလုံးတဲ့စိတ် (Photo:onethreeonefour )

Marry ရဲ့ မောင်နှံလေးတို့ရေ အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင် တစ်ယောက်ကို တစ်ယောက် ရိုးမသွားဘဲ နေ့ရက်လေးတွေတိုင်း ကြည်နူးခြင်းတွေ ပြည့်နေဖို့ အတွက်ကတော့ မလုပ်ဖူးတဲ့ အရာ တစ်ခုကို အတူတူ သင်ယူကြည့်ဖို့လည်း လိုအပ်ပါတယ် ဆိုတဲ့အကြောင်းကို Marry က ပြောပြပေးချင်ပါတယ်။ မလုပ်ဖူးတဲ့အရာ တစ်ခုခုကို သင်ယူဖို့ ပြောတဲ့အထဲမှာ ဘာသာစကားတစ်မျိုးလည်း ဖြစ်နိုင်သလို အတတ်ပညာ တစ်ခုခုလည်း ဖြစ်နိုင်ပါတယ်နော်။

ပိုပြီး စည်းလုံးလာစေနိုင်ပါတယ်

တစ်ခုခုကို အတူတူ ပြုလုပ်လိုက်တဲ့အချိန်မှာ ကိုယ်မသိတာကို သူ့ကို မေးလို့ ရသလို သူမသိတာကို ကိုယ်ပြန်ပြောပြရင်း အချင်းချင်းကြားမှာ ရှိတဲ့ စည်းလုံးတဲ့စိတ်တွေက ပိုတိုးလာစေနိုင်ပါတယ်။ စည်းလုံးတယ် ဆိုတာကတော့ အခက်အခဲ တွေ့တဲ့အချိန် အဆင်မပြေတဲ့အချိန်တွေမှာ ပိုသိသာလာတဲ့အရာ ဖြစ်ပါတယ်။ အသစ်အဆန်း တစ်ခုခုကို သင်ယူတဲ့အချိန်မှာ မကျွမ်းကျင်တဲ့အတွက် အစပိုင်းမှာ အဆင်မပြေ ဖြစ်တာတွေကြောင့် အိမ်ထောင်ရေးလေးမှာ အတူတူ သင်ယူလိုက်တာကြောင့် အချင်းချင်းပိုပြီး တစ်ယောက်ကို တစ်ယောက် အားကိုးတတ်တဲ့စိတ်က ပိုတိုးလာစေနိုင်တဲ့အတွက်ပါ။

ချစ်ခြင်းမေတ္တာကို အခြေခံထားပါ (Photo:onethreeonefour )

အခက်အခဲတွေတိုင်းကို အတူတူ ဖြတ်သန်းမယ်

အိမ်ထောင်ရေး ဆိုတာကတော့ အမြဲ ကြည်နူးစရာတွေချည်း ပြည့်နေမှာ မဟုတ်တာကိုတော့ လက်ခံထားပေးပါ။ ချစ်တဲ့အချိန် ရှိသလို အဆင်မပြေတဲ့အချိန်တွေ စကားနိုင်လုရင်း အချစ်စမ်းရင်း စကားများတဲ့အချိန်တွေလည်း ရှိမှာပဲ ဖြစ်ပါတယ်။ ဒီလို အချိန်တွေအတွက်ကတော့ ချစ်ခြင်းမေတ္တာကို အခြေခံထားဖို့ လိုအပ်ပါတယ်။ အရာ တစ်ခုခုကို အတူတူ သင်ယူတဲ့အချိန် တွေ့ကြုံရတဲ့ အခက် အခဲတွေကို နှစ်ယောက်ပေါင်း ဖြေရှင်းရင်း အိမ်ထောင်ရေးရဲ့ သံယောဇဉ်တွေကို ပိုတိုးလာမှာ သေချာပါတယ်။

Marry ရဲ့ မောင်နှံလေးတို့လည်း မလုပ်ဖူးတဲ့အရာ တစ်ခုခုကို သင်ယူရင်း အိမ်ထောင်ရေးလေးမှာ ရှိပြီးသား ချစ်ခြင်းတွေကို ပိုတိုးစေလိုက်ပါနော်။ 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords