လင်မယားဘဝအတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ ကိုယ်ဝန်ဆောင်ခြင်း

by: Phyo Pyae Thu
 0 comments  0 love

 ဖေဖေ မေမေဖြစ်လာမယ်ဆိုရင် ပြောင်းလဲ ပြင်ဆင်သင့်တာတွေလည်း များပါတယ်

Marry က စုံတွဲလေးတို့ရေ အိမ်ထောင်ကျလို့ လင်မယားရယ်လို့ ဖြစ်လာပြီဆိုရင် နှစ်ယောက်တည်း ဘဝကနေ နောက်တဆင့်တက်လှမ်းလို့ မိသားစု ဘဝလေး ဖန်တီးကြမှာပါ။ မိသားစုဘဝလေးမှာ မိသားစုဝင် ဘယ်နှစ်ယောက် ရှိမလဲဆိုတာကတော့ ဇနီးမောင်နှံလေးတို့ရဲ့ ရွေးချယ်ချက်ပါပဲနော်။ သားသားမီးမီးလေး တစ်ယောက်ယူမလား၊ နှစ်ယောက်ယူမလားပေါ့။ လင်မယားဘဝရောက်လာပြီဆိုရင်တော့ မိသားစုဝင် တစ်ယောက်တိုးလာဖို့ ကိုယ်ဝန်ဆောင်တာတွေ လုပ်ရမှာပဲလေနော်။ ဒီ့အတွက် ဇနီးမောင်နှံတို့ ဘာတွေ ပြင်ဆင်ထားရမလဲဆိုတာ ပြောပြမယ်နော်။

ကြိုတင်ပြင်ဆင်ပါ (photo:WebMD)

ငွေကြေး

ဇနီးမောင်နှံလေးတို့ရေ မိသားစုဝင် အသစ်တစ်ဦး သားသားမီးမီးလေးကို ကောင်းကောင်းမွန်မွန် ကြိုဆိုဖို့ဆိုတာ ငွေကြေးလည်း လိုတယ်လေနော်။ သူတို့လေးတွေ ကြီးလာလေ ကုန်ကျစရိတ်ကလည်း ပိုပြီးများလေပါပဲ။ ဒီတော့ ကိုယ်ဝန်ဆောင်မယ်လို့ စပြီးတွေးတာနဲ့ ငွေကြေးကြိုတင်ပြီး စီစဉ်ထားပါ။

ကလေးကို ဘယ်သူထိန်းမလဲ

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကြိုတင်တွေးပြီး တိုင်ပင်ပြင်ဆင်ထားရမယ့် အချက်ကတော့ ကလေးကို ဘယ်သူထိန်းမလဲဆိုတာပါ။ လင်မယားနှစ်ယောက်စလုံးက အလုပ်ပြန်ဝင်ရမယ်ဆိုရင် ကလေးကို ဖိုးဖိုးဖွားဖွားတွေနဲ့ ထားမလား၊ ဖိုးဖိုးဖွားဖွားတွေကရော ထိန်းပေးဖို့ အဆင်ပြေလား ဒီအချက်တွေ အရင်ဆုံးတွေးရပါမယ်နော်။ အိမ်ရှင်မကိုယ်တိုင်ပဲ ထိန်းမလားပေါ့။

ပိုက်ဆံကြိုစုပါ (photo:NBC News)

အိမ်

သားသားမီးမီးလေးတွေ ရလာပြီဆိုရင် နေစရာအိမ်ကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ သားသားမီးမီးလေးတွေနဲ့ဆိုရင် အိမ်ကျယ်ကျယ်လေးမှ ပိုပြီး အဆင်ပြေမှမလားနော်။ ဒီတော့ အိမ်နေရာလည်း ပြင်ဆင်ထားဖို့ အဆင်ပြေတယ်ဆိုရင် ပြင်ဆင်ထားပါနော်။

ကလေးရဲ့ အနာဂါတ်အတွက်

ဒီအချက်ကလည်း ဇနီးမောင်နှံလေးတို့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲနော်။ ကလေးရဲ့ အနာဂါတ်အတွက် ပိုက်ဆံကြိုစုပေးထားတာမျိုး၊ ပညာရေးအတွက် တိုင်ပင်ထားတာမျိုးလည်း လုပ်ရမှာပါ။ ခုနောက်ပိုင်းမှာ ကျောင်းတွေကလည်း ရွေးချယ်စရာတွေ များလာပြီလေနော်။ ကလေးအတွက် ငွေသက်သက်စုထားပေးမလား ဒါမျိုးအစီအစဉ်ကောင်းလေးတွေလည်း ပြင်ဆင်ထားပါ။

ကိုယ်ဝန်ဆောင်ဖို့အတွက် ပြင်ဆင်မှု

လင်မယားနှစ်ယောက်စလုံး ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တာတွေလည်း လုပ်ရမှာပါနော်။ ကိုယ်ဝန်ဆောင်မယ်ဆိုရင် လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာတွေရော၊ ကလေးလေးရဲ့ အသုံးအဆောင် ပစ္စည်းတွေ အစုံအလင် ရှိဖို့ကလည်း ကြိုတင်ပြင်ဆင်ထားရမှာလေနော်။ ကိုယ်ဝန်ဆောင်တယ်ဆိုတာ ဖေဖေ မေမေဖြစ်ခြင်းပါပဲ။ ဖေဖေ မေမေဖြစ်လာပြီိဆိုရင် ပြောင်းလဲ ပြင်ဆင်သင့်တာတွေလည်း များပါတယ်။ ဖေဖေ မေမေ တစ်ဦးဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာတွေလည်း ကြိုတင်ပြင်ဆင်ထားရပါမယ်နော်။

စုံတွဲလေးတို့ရေ လင်မယားဘဝကနေ မိသားစုဘဝကို တက်လှမ်းတော့မယ်ဆိုရင် ပြင်ဆင်ရမယ့် အချက်တွေ များပါတယ်။ အချိန်ယူပြီး ကြိုတင်ပြင်ဆင်ထားပါနော်။

From Marry with


Comments

0 comments
Latest video