လက်ထပ်ပြီးခါစမှာ စုံတွဲတို့ ကျော်ဖြတ်ရမှာတွေ

by: Phyo Pyae Thu
 0 comments  0 love

အိမ်ထောင်ကျပြီးနောက်မှာ ကိုယ်မကြိုက်တာတွေ ကြုံရနိုင်ပါတယ်။ ကိုယ်မကြိုက်တာတွေကိုမှ သူကကြိုက်နေတာမျိုးပေါ့။

စုံတွဲလေးတို့ရေ ချစ်ချစ်ခင်ခင် သမီးရည်းစားဖြစ်ပြီးနောက် လက်ထပ်ကြပြီဆိုရင် ညှိနှိုင်းစရာတွေ ပိုပြီးတော့ များပါတယ်။ အိမ်ထောင်သည်ဘဝကို သာသာယာယာ ဖြတ်သန်းချင်တယ်ဆိုရင်တော့ စုံတွဲလေးတို့ အစပိုင်းမှာ ကြုံရမယ့်အချက်တွေကို သေချာကျော်ဖြတ်နိုင်ရပါမယ်။ အိမ်ထောင်စကျခါစမှာ ဘယ်လိုတွေအချက်တွေကို ကျော်ဖြတ်ရမလဲဆိုတာ ပြောပြမယ်နော်။

ငွေကြေး (Photo: cashbackloans.com)

အကြိုက်မတူတာတွေ

အိမ်ထောင်ကျပြီးစမှာ စတင်ပြီး ကျော်ဖြတ်ရမယ့်အချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာတွေပါ။ အကြိုက်မတူတာတွေကတော့ များကောင်းများနိုင်ပါတယ်။ ညဘက်မီးဖွင့်အိပ်တာ၊ ပိတ်အိပ်တာကအစ အကြိုက်မတူတာ၊ စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုး ဖြစ်နိုင်ပါတယ်။ အကြိုက်မတူတာတွေ ဖြစ်နေပြီဆိုရင်တော့ သေချာလေး ညှိနှိုင်းဖို့ လိုပါတယ်။

မိသားစု ဆက်ဆံရေး

အိမ်ထောင်ကျပြီးကာစမှာ မိသားစုဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုး ရှိတတ်ပါတယ်။ သူ့မိသားစုဝင်တွေရဲ့ စိတ်အခြေအနေကို အတိအကျ မသိသေးတော့ ဆက်ဆံရေး စိမ်းနေတာမျိုး၊ ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ နည်းနည်းစိမ်းတာမျိုး စတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတတ်ပါတယ်။ မိသားစု ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အဆင်မပြေသေးတာမျိုး ကြုံတွေ့ရမှာကို ကျော်ဖြတ်ရမှာပါ။

လက်ထပ်ပြီးခါစမှာ (Photo: cashbackloans.com)

ငွေကြေး

အိမ်ထောင်သည်ဘဝရောက်ပြီဆိုရင် ကိုယ်သုံးချင်သလို ငွေကြေးတွေလည်း သုံးလို့ မရတော့ဘူးနော်။ ငွေကြေးနဲ့ ပတ်သက်ပြီး အရင်ကထက် ပိုပြီး ညှိနှိုင်းရမှာတွေ၊ ကိုယ့်စိတ်တိုင်းကျ သုံးလို့မရတော့တာတွေ၊ ရှေ့ရေးနောက်ရေး တွေးပေးရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ငွေကြေး အဆင်ပြေခြင်း၊ မပြေခြင်းနဲ့ ပတ်သက်ပြီး ကြိုတင်တိုင်ပင်ထားပါ။

ကိုယ်မကြိုက်တာတွေ (Photo: cashbackloans.com)

သားဆက်ခြားခြင်း

လက်ထပ်ပြီးကာစ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေထဲမှာ သားဆက်ခြားခြင်းလည်း ပါဝင်ပါတယ်။  သားဆက်ခြားတဲ့ နည်းလမ်းရွေးချယ်တာတွေ၊ ကလေးယူဖို့ ဆုံးဖြတ်တာတွေကလည်း ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေက တစ်ခုပါပဲ။ သားဆက်ခြားတာနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။

ကိုယ်မကြိုက်တာတွေ

အိမ်ထောင်ကျပြီးနောက်မှာ ကိုယ်မကြိုက်တာတွေ ကြုံရနိုင်ပါတယ်။ ကိုယ်မကြိုက်တာတွေကိုမှ သူကကြိုက်နေတာမျိုးပေါ့။ ရည်းစားဘဝမှာ အားလုံးမသိနိုင်ပေမယ့် အိမ်ထောင်ကျပြီး အတူတူ နေပြီဆိုရင်တော့ ဒီအချက်တွေ သိလာရနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ကျော်ဖြတ်ဖို့ ကြိုတင်တွေးထားပါ။

အိမ်ထောင်ကျပြီးခါစ ပူပူနွေးနွေး အချိန်မှာ ကြုံရနိုင်တာတွေ ကျော်ဖြတ်ရမှာတွေ သိပြီးပြီဆိုရင်တော့ အဆင်ပြေအောင် ကြိုတင်ညှိထားပါနော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords