Advertisement

တစ်ဖက်သတ်အနေနဲ့ ပြုလုပ်နေရတယ်ဆိုတဲ့စိတ်က ဝင်လာတယ် ဆိုရင် သူက ကိုယ့်ကို တန်ဖိုး မထားဘူး ဆိုတဲ့အတွေးတွေကြောင့်  အဆင်မပြေမှုတွေက ပိုတိုးလာနိုင်ပါတယ်။

ခိုင်မာတဲ့ဆက်ဆံရေးလေး ရရှိအောင် ဘယ်လိုအပြု အမူလေးတွေကို ပြုလုပ်ပေးသင့်ဆိုတာ ပြောပြချင်ပါတယ်

အချင်းချင်းကြားက ကြည်နူးစရာ နေ့ရက်လေးတွေကို မနက်ဖြန်တိုင်းအတွက် ပိုင်ဆိုင်လိုပါသလား။ လင်မယားတွေကြား အဆင် မပြေတာတွေ လျော့နည်းအောင်ထက် အဆင်မပြေတာဆိုတာ ဘာလဲလို့ ပြန်မေးရမယ့်အထိ ခိုင်မာတဲ့ဆက်ဆံရေးလေး ရရှိအောင် ဘယ်လိုအပြု အမူလေးတွေကို ပြုလုပ်ပေးရမလဲဆိုတာကို Marry ကနေ ပြောပြပေးလိုက်ရပါတယ်။

နှစ်ဖက် အကျိုးရှိစေမယ့် အရာဆိုရင် အဖြူရောင် မုသားကို သုံးပါ

အမှန်တရားကို ပြောပြတာ အလွန်ကောင်းတဲ့အရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခါတလေကျရင် အမှန်ဆိုတာက နှစ်ဖက် စလုံးကို နာကျင်စေရမယ့် အရာဆိုရင်တော့ အဖြူရောင် မုသားကို သုံးလိုက်ပါနော်။ စိတ်ထဲမှာတော့ ရှင်းလင်းနေပါစေ။  ပျော်ရွှင်မှုကို ဦးတည်ပြီး ပြောလိုက်တဲ့ အဖြူရောင် မုသားလေးတွေပဲ ဖြစ်ပါစေ။ တကယ်လို့ မုသားမှန်း ပြန်သိသွားရင်တောင် ကောင်းစေချင်လို့ သုံးလိုက်တဲ့မုသားမို့ အဆင်မပြေတာတွေကို အထူးတလည် ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။

 ခိုနားစရာ ပုခုံးလေး တစ်ဖက် ဖြစ်နေပါစေ

အဆင်မပြေမှု အခက်အခဲဆိုတာတွေကတော့ ဖြစ်ပေါ်လာတတ်တဲ့အရာပဲ ဖြစ်ပါတယ်။  အဆင်မပြေမှု တွေ့တဲ့အချိန်တွေမှာ အားပြန်ပြည့်စေမယ့် ဖြေသိမ့်ပေးနိုင်မယ့် ခိုနားစရာ ပုခုံးလေး တစ်ဖက် ပိုင်ရှင် ဖြစ်နေပါစေ။  စိတ်ပင်ပန်းလို့ တောင့်တတဲ့အချိန်မှာ ပုခုံးလေး အဖြစ် ရှိနေ မပေးနိုင်ဘူးဆိုရင်တော့  ကတောက်ကဆလေးတွေက ဝင်ရောက်လာမှာ သေချာပါတယ်။

အဆင်မပြေမှု တွေ့တဲ့အချိန်တွေမှာ ဖြေသိမ့်ပေးနိုင်မယ့် ခိုနားစရာ ပုခုံးလေး တစ်ဖက် ပိုင်ရှင် ဖြစ်နေပါစေ

တန်ဖိုး ထားတဲ့အကြောင်းလေးတွေကို ပြောပေးပါ

ကိုယ့်အပေါ် တစ်ခုခု ပြုလုပ်ပေးတဲ့အချိန် သေးတယ် ဖြစ်စေ၊ ကြီးတယ် ဖြစ်စေ ကျေးဇူးတင်စကားလေးတွေ အသိအမှတ်ပြုမှုလေးတွေကို ပြန်လည် ပြောပေးဖို့ အရေးကြီးပါတယ်။ ဆက်ဆံရေး တစ်ခုမှာ တစ်ဖက်သတ်အနေနဲ့ ပြုလုပ်နေရတယ်ဆိုတဲ့စိတ်က ဝင်လာတယ် ဆိုရင် သူက ကိုယ့်ကို တန်ဖိုး မထားဘူး ဆိုတဲ့အတွေးတွေကြောင့်  အဆင်မပြေမှုတွေက ပိုတိုးလာနိုင်ပါတယ်။

တစ်ဦးနဲ့ တစ်ဦး အဆင်မပြေတာတွေ မရှိဘဲ ကြည်နူးစရာကောင်းတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ Marry ကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

 

Comments

0 comments