ကိုယ့်ယောက်ျားလိမ်ညာပြောနေသလား သိနိုင်မယ့်အချက်တွေ

by: Phyo Pyae Thu
 0 comments  0 love

အိမ်ထောင်ရှင်မလေးတို့ရေ ကိုယ့်ယောကျာ်းက ကိုယ့်ကို အလုပ်ကိစ္စ၊ လူမှုရေး ကိစ္စတွေ ပွင့်ပွင့်လင်းလင်း အမှန်တိုင်း ပြောပြတာ လိုချင်ကြတယ်မလား။

အိမ်ထောင်ရေး တစ်ခုမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိကြတာ အကောင်းဆုံးပဲ ဖြစ်မှာပါ (Photo:alghad.com)

အိမ်ရှင်မတို့ရေ အိမ်ထောင်ရေး တစ်ခုမှာ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိကြတာ အကောင်းဆုံးပဲ ဖြစ်မှာပါ။ ကိုယ့်ယောကျာ်းက ကိုယ့်ကို အလုပ်ကိစ္စ၊ လူမှုရေး ကိစ္စတွေ ပွင့်ပွင့်လင်းလင်း အမှန်တိုင်း ပြောပြတာ လိုချင်ကြတယ်မလား။ တချို့အိမ်ရှင်မလေးတွေကတော့ ခရေစေ့တွင်းကျ ပြောပြတတ်တဲ့ ခင်ပွန်းပိုင်ဆိုင်ထားကြပါတယ်။ ဒီလိုမျိုး မပြောပြဘဲ ထိန်ချန်ထားတဲ့အပြင် ဘယ်ကိစ္စမဆို လိမ်ညာပြောဆိုတတ်တဲ့ ခင်ပွန်းတွေလည်း ရှိကြပြန်ပါတယ်။ ကိုယ့်ယောကျာ်းက ကိုယ့်ကို ထိန်ချန်လိမ်ညာပြောနေသလားဆိုတာ အိမ်ထောင်ရှင်မလေးတွေ သိထားသင့်တယ်နော်။ ဒါမှ အလိမ်အညာ မမိမှာပါ။

မျက်လုံးအကြည့်တွေကို အကဲခတ်ပါ (photo: amarujala.com)

မျက်လုံးအကြည့်

အိမ်ထောင်ရှင်မလေးတို့ သိချင်တဲ့အကြောင်းအရာတွေ ခင်ပွန်းကို မေးတဲ့အခါမှာ မျက်နှာချင်းဆိုင် အကြည့်ဆုံပြီး မပြောဘူးဆိုရင် ဒါဟာ လိမ်ညာပြီး ပြောဆိုနေတာ ဖြစ်နိုင်ချေ အများဆုံးပါ။ မျက်လုံးဟာ စိတ်ရဲ့ တံခါးပါ။ စိတ်ထဲမှာ ရှိတာတွေက အကြည့်တွေမှာ ပေါ်နိုင်ပါတယ်။ ဒါကို တိတိကျကျ သိထားတဲ့ ယောကျာ်းအများစုကတော့ စိုက်ကြည့်ပြီး လိမ်ညာပြောတတ်ကြပါတယ်။ အိမ်ထောင်ရှင်မလေးတို့အနေနဲ့ မျက်လုံးတွေကို ဖတ်နိုင်ဖို့ လိုပါတယ်။ စိုက်ကြည့်ပြီးပြောတိုင်းလည်း အမှန်မဖြစ်နိုင်ပါဘူး။

ရှင်းပြတဲ့အခါ

အိမ်ထောင်ရှင်မလေးတို့ သိချင်တဲ့ ကိစ္စတစ်ခုကို မေးခွန်းမေးခါစမှာတင် အသည်းအသန် အများကြီး ရှင်းပြနေတယ်ဆိုရင် လိမ်ညာတာမျိုး ဖြစ်နိုင်ပါတယ်။ အများကြီး၊ အရှည်ကြီး ရှင်းပြနေတာက လိမ်ညာတာတွေ ပေါ်မှာစိုးလို့ပါ။ အရှည်ကြီး ရှင်းပြတဲ့အခါ နားထောင်တဲ့သူက ယုံသွားအောင်ပေါ့။ ဒီနေရာမှာ အိမ်ထောင်ရှင်မလေးတို့ကို အကြံပေးချင်တာကတော့ ကိုယ့်ရဲ့ မသိစိတ်ကို ယုံကြည်ပါ။ အရှည်ကြီး၊ အများကြီး ရှင်းပြနေပေမယ့် ကိုယ့်ရဲ့ မသိစိတ်က လိမ်ညာနေတယ်လို့ ခံစားရတယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်ပါ။

ကိုယ့်ရဲ့ မသိစိတ်က လိမ်ညာနေတယ်လို့ ခံစားရတယ်ဆိုရင် ကိုယ့်ကိုကိုယ် ယုံကြည်ပါ( Photo:sandiegofamilytherapy.net)

စကားလွှဲတာ

ဒီအကြောင်းအရာကတော့ လိမ်ညာတဲ့သူတိုင်း သုံးလေ့ရှိတဲ့ နည်းလမ်းပါ။ ထိန်ချန် လိမ်ညာနေတဲ့သူက လိမ်ညာဖို့ လုံလောက်တဲ့ အကြောင်းပြချက်၊ စကားလုံးတွေ ရှာမရတော့တဲ့အခါမှာ စကားလွှဲတာတွေ လုပ်လေ့ ရှိပါတယ်။” ဒီကိစ္စနောက်မှ အေးဆေး ရှင်းပြမယ်”၊ တခြားကိစ္စပြောရအောင် ဒါမျိုးတွေ အစပျိုးပြီး စကားလမ်းကြောင်းလွှဲမှာပါ။ ဒါဟာ လိမ်ညာတဲ့သူ အများဆုံးလုပ်တဲ့ အချက်တစ်ချက်ပါ။

အပြုအမူ

တချို့လူတွေဟာ လိမ်ညာနေတဲ့အချိန်မှာ အပြုအမူတွေ ထူးဆန်းနေတတ်ပါတယ်။ ကိုယ့် ယောက်ျား လိမ်ပြောနေလား သိနိုင်ဖို့အတွက် သူ့ရဲ့အပြုအမူကို ကြည့်ကြည့်ပါ။ ပုံမှန်မဟုတ်တာ တစ်ခုခု ရှိနေတယ်ဆိုရင် ဒါဟာ လိမ်ညာနေတာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ချောင်းဆိုးတာ၊ ငိုက်မြည်းသလို ပုံစံလုပ်တာတွေကလည်း လိမ်ညာခြင်းပါပဲ။ လိမ်ညာတဲ့စကားပြောနေချိန်မှာ ချောင်းဆိုးတာက လိမ်ညာဖို့ စကားလုံးတွေ စဉ်းစားနေတာပါပဲ။ ပြောစရာလိမ်စရာ စကားတွေ မရှိတော့တဲ့အခါ အိပ်ချင်လာသလိုလို စိတ်မဝင်စားတော့သလိုလို အပြုအမူတွေ လုပ်တတ်ပါတယ်။

အိမ်ထောင်ရှင်မလေးတို့ရေ ကိုယ့်ယောက်ျား လိမ်ညာပြီး ပြောနေသလားဆိုတာ သိနိုင်ဖို့ အပေါ်က အချက်လေးတွေ သိထားကြည့်ပါနော်။

 

From Marry with

Tag: loveideaadvicehappy marriage

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords