အိမ်ထောင်ရေးမှာ အိမ်အလုပ်တွေကို မိန်းမကပဲ လုပ်ရမှာလား

by: seng yar
 1 comments  0 love

အိမ် အလုပ်ဆိုတာကတော့ ဘာလဲ ဆိုတာ လက်ညှိုး ထိုးပြရခက်ပေမယ့် လုပ်ရတာတော့ တတောက်တောက်နဲ့ တစ်နေကုန်လုပ်ရင်တောင် မပြီးနိုင်တာမျိုးပဲ ဖြစ်ပါတယ်။

ဒီအလုပ်တွေကို မိန်းမ ဖြစ်သူကပဲ လုပ်ရမှာလား ဆိုတာကို ပြောပြပေးချင်ပါတယ် ( Photo : Huffingtonpost )

အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင်တော့ သိထားရမယ့် စည်းကမ်းတွေ လုပ်ဆောင်ရမှာတွေကို သိထား၊ လိုက်နာနိုင်မှ ပျော်ရွှင်စရာကောင်းပြီး သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ခွင့်ရမှာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေး ပိုပြီး သာယာဖို့ ဘာတွေကို ထိန်းချုပ်ရမလဲ ဆိုတာကိုလည်း ပြောပြထားပါတယ်နော်။ အခု တစ်ခေါက် ကတော့ အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင် အိမ်အလုပ်တွေက ပါလာပါပြီ။ ဒီအလုပ်တွေကို မိန်းမ ဖြစ်သူကပဲ လုပ်ရမှာလား ဆိုတာကို ပြောပြပေးချင်ပါတယ်။

အခြေအနေပေါ်မှာ မူတည်ပါတယ်နော်

အိမ်အလုပ်ဆိုတာကတော့ ဘာလဲ ဆိုတာ လက်ညှိုး ထိုးပြရခက်ပေမယ့် လုပ်ရတာတော့ တတောက်တောက်နဲ့ မပြီးနိုင်တာမျိုးပဲ ဖြစ်ပါတယ်။ အိမ်အလုပ်မှာက မနက်စာ နေ့လည်စာ ညစာ ပြင်ဆင် ချက်ပြုတ်တာက အစ ဈေးသွားတာ၊ အဝတ်လျှော်တာ၊ မီးပူတိုက်တာ၊ အိမ် တံမြက်စည်း လှဲတာ ဖုန်သုတ်တာတွေက အစ အမှိုက်ပစ်တာက အဆုံးပါဝင်ပါတယ်။

အရင်တုန်း အချိန်တွေမှာတော့ အိမ်ထောင်ဦးစီးက အပြင်ထွက် ဝင်ငွေ ရှာရတဲ့အတွက် အိမ်ရှင်မကပဲ အိမ် အလုပ်တွေကို အကုန် လုပ်ရပါတယ်။ အခုချိန်မှာတော့ အပြင်ထွက် အလုပ်လုပ်တာကို ယောက်ျားရော မိန်းမရော တက်ညီလက်ညီ ပြုလုပ်မှ တော်ကာကျတဲ့အချိန် ဖြစ်တာမို့လို့ အိမ်အလုပ်ကိုလည်း အခြေအနေ အပေါ် မူတည်ပြီး အဆင်ပြေသလို ပြုလုပ်လာကြပါတယ်။

အိမ် အလုပ်ကို အလှည့်ကျ ပြုလုပ်ပါနော် ( Photo : Huffingtonpost )

အလှည့်ကျ ပြုလုပ်ပါ

ဒီလိုအချိန်မှာ အထူးတလည် အိမ်မှာနေပြီး အိမ်အလုပ်ကို ဒိုင်ခံ ပြုလုပ်ပေးမယ့်သူ မရှိတဲ့ အိမ်ထောင်ရေးလေးမှာ ဆိုရင်တော့ မနက် အလုပ် သွားပြီး ညပြန်လာတဲ့အချိန်မှာ ယောက်ျားရော မိန်းမရောက အိမ်အလုပ်ကို အဆင်ပြေသလို နားလည်မှုနဲ့ ပြုလုပ်ရမှာပါ။ တချို့ လူငယ် အိမ်ထောင်ရေးလေးတွေကတော့ ရှင်းပါတယ်။ တစ်ပတ်မှာ တစ်ရက်ခြား ဖြစ်ဖြစ် တစ်ယောက် တစ်လှည့် မီးဖိုချောင် ဝင်ပါတယ်။ တချို့ကျ ကြားရက်တွေတိုင်း မိန်းမက ချက်တယ်။ ပိတ်ရက်တွေ ဆိုရင် ယောက်ျားက ချက်တယ်။ တစ်ယောက်က မီးဖိုချောင် ဝင်တဲ့အချိန် ကျန် တစ်ယောက်က အိမ်သန့်ရှင်းရေး လုပ်ပါတယ်။

ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးလေး ဖြစ်ဖို့ အတွက်ကတော့ အချင်းချင်းကြားမှာ အထူးတလည် မတောင်းဆိုရဘဲ ဖြစ်လာတဲ့ နားလည်မှုလေးကို အခြေခံပြီး တည်ဆောက်ဖို့ လိုပါတယ်။

From Marry with


Comments

0 comments
Latest video
Community
Latest wedding promotions
Keywords