တစ်ယောက်တည်း ဖြစ်နေတယ်ဆိုရင် အိမ်မှာ ပေါ့ပေါ့ပါးပါး လုပ်လို့ရတာလေးတွေ

by: Phyo Pyae Thu
 0 comments  0 love

တစ်ယောက်တည်းမို့ ဘာလုပ်ရင် ကောင်းမလဲ တွေးနေရင်တောာ့ ဒီနည်းလမ်းလေးတွေ စမ်းကြည့်နော်။ စိတ်ကြည်ကြည်လင်လင်လေး ဖြစ်သွားမှာ သေချာတယ်။

 

တစ်ယောက်တည်း ဖြစ်နေချိန်မှာ ပေါ့ပေါ့ပါးပါး လုပ်လို့ရတာလေးတွေ (photo: alovelycalling.com)

မိန်းကလေးတို့ရေ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ လည်တာပတ်တာတွေ မရှိတဲ့နေ့ဆို တစ်ယောက်တည်း ဘာတွေလုပ်ဖြစ်ကြလဲ။ အပြင်လည်း လျှောက်မလည်ဖြစ်တဲ့ နေ့တွေမှာ တစ်ယောက်တည်း ဖြစ်နေရင် ဘာတွေလုပ်လို့ရမလဲ၊ ဘာတွေလုပ်ရင် ကိုယ့်အတွက် အကျိုးရှိပြီး အပျော်ဆုံး ဖြစ်မလဲဆိုတာပြောပြမယ်နော်။

ဟင်းချက်စားပါ

တစ်ယောက်တည်း ဖြစ်နေတယ်ဆိုရင် တစ်ယောက်တည်းလုပ်လို့ရမယ့် အရာတွေထဲမှာ ဟင်းချက်စားတာလည်း ပါတယ်နော်။ ပုံမှန် ကိုယ်ချက်နေကျတွေ မဟုတ်ဘဲ ထူးထူးဆန်းဆန်းလေးတွေ လုပ်စားကြည့်တာမျိုးပေါ့။ ဥပမာ- ဆူရှီကိုယ်တိုင်လုပ်တာ၊ ဒင်းဆမ်းလုပ်စားကြည့်တာအစရှိသလိုမျိုး နေ့စဉ်ချက်နေကျ မဟုတ်တာတွေ ချက်ကြည့်ပါ။ ကောင်းရင်လည်း ကောင်းမယ်၊ ကောင်းချင်မှလည်း ကောင်းမယ်ပေါ့လေ။ ကိုယ့်စိတ်ထဲ ရှိသလိုသာ ချက်ပါ။ ဒါက ပျော်စရာကောင်းပြီး တစ်ယောက်တည်း နေရတဲ့အချိန်ကိုတောင် ကြိုက်လာမှာပါ။

သီချင်းတွေ အကျယ်ကြီး အော်ဆိုပါ

Activities for Teenage Girls Home Alone | LoveToKnow

အရင်လို ရေချိုးခန်းထဲမှာပဲ အော်ဆိုတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့လုပ်လိုက်စလေးတွေ လုပ်နေရင်းနဲ့ သီချင်းတွေ အကျယ်ကြီး အော်ဆိုတာမျိုးပေါ့။ ဒါက စိတ်လက်ပေါ့ပါးလွတ်လပ်ပြီး ပျော်စရာကောင်းမှာပါ။ တစ်ယောက်တည်းဆိုရင် စာသားတွေ သံစဉ်တွေ မှန် မမှန် ဂရုစိုက်နေစရာ မလိုတော့ဘူးလေ။

စာဖတ်ပါ

စာဖတ်မယ်(photo: unsplash.com)

အကယ်လို့ ကိုယ်က ဆူဆူညံညံတွေ မကြိုက်ဘူးဆိုရင် တစ်ယောက်တည်း ငြိမ်ငြိမ်လေး စာဖတ်တာမျိုး လုပ်ပါ။ ဒါက ကိုယ့်စိတ်ငြိမ်းချမ်းပြီး ဗဟုသုတလည်း ရစေမယ့် အကောင်းဆုံး အချက်ပါပဲ။ ဘယ်သူက ဖတ်ခိုင်းလို့၊ ဘယ်သူတွေက ဖတ်နေလို့ ဆိုတာတွေ မေ့ထားပြီး ကိုယ့်စိတ်ကြိုက် ဖြစ်တဲ့ စာအုပ်ကိုသာ ရွေးချယ်လိုက်ပါ။ အော်ပဲ ရယ်ရယ်၊ အော်ပဲငိုငို ကိုယ့်စိတ်ကြိုက်ဖြစ်မယ့် စာအုပ်ပေါ့။

နေ့လည်ခင်း အိပ်ပါ

Woman with long brown hair sleeping on stomach in bed | Flickr

ဘယ်မှ လျှောက်မလည်ဖြစ်ဘူးဆိုရင်တော့ နေ့လည်ခင်း အိပ်တာမျိုး လုပ်ပါ။ အလုပ်ရှိတဲ့နေ့တွေဆိုရင် နေ့လည်ခင်း မအိပ်ရဘူးလေ။ ဒီတော့ ပိတ်ရက်မှာ တစ်ယောက်တည်းဆိုရင် ဖုန်းကို အသံပိတ်ပြီးတော့သာ အေးအေးဆေးဆေး အနားယူပြီး အိပ်ပါ။

အိမ်သန့်ရှင်းရေးလုပ်ပါ

အိမ်သန့်ရှင်းရေး (photo:  rd.com)

အိမ်သန့်ရှင်းရေး လုပ်တာကလည်း ပိတ်ရက်မှာ အပျင်းပြေစေမယ့် အချက်ပါပဲ။ အများကြီး မဟုတ်ရင်တောင် ကိုယ့်ရဲ့ အဝတ်ဗီရိုလောက် ရှင်းတာမျိုးပေါ့။ အေးအေးဆေးဆေး သီချင်းလေး နားထောင်ရင်းနဲ့ ဖြစ်ဖြစ် ရှင်းလင်းရေး လုပ်ကြည့်ပါ။ ရှုပ်နေတာတွေ ရှင်းသွားတာကို ကြည့်ရင်းနဲ့ ကိုယ့်ရဲ့ စိတ်လည်း ကြည်ကြည်လင်လင်လေး ဖြစ်လာမှာပါ။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords