Advertisement

စိတ်ထိခိုက်ဝမ်းနည်းကြတယ်ဆိုတာက စကားလုံးတွေအပေါ်မှာ လိုက်ခံစားလို့ပါ။ ဟိုလူက ဒီလိုပြောလို့ ဒီလူက ဟိုလိုပြောလို့ဆိုတဲ့ စကားလုံးတွေကို တွေးပြီး ဝမ်းနည်းနေတာမျိုးပါ။

တစ်ခုခုဆို ဝမ်းနည်းလွယ်တယ်၊ စိတ်ထိခိုက်လွယ်တဲ့ ကောင်မလေးတွေ ရှိကြလား။ ဘယ်ကိစ္စမဆိုကြုံလာရင် တစ်ယောက်တည်း အတွေးပေါင်းစုံနဲ့ စိတ်ထိခိုက်ပြီး ငိုနေတတ် တဲ့ သူမျိုးဆိုတာ ကိုယ့်ရဲ့စိတ်တွေ တကယ်မကြံ့ခိုင်သေးလို့ပါ။ လူရယ်လို့ ဖြစ်လာရင် စိတ်ထိခိုက်စရာ ဝမ်းနည်းစရာတွေ ကြုံရမှာ ထုံးစံဆိုပေမယ့် အရာရာတိုင်းကို ခပ်လွယ်လွယ် ဝမ်းနည်းလိုက်လို့တော့ မရဘူးလေ။ ဒီတော့ စိတ်ဓါတ်သန်မာလာအောင် ကြိုးစားရမှာပေါ့။ ဘာတွေ လုပ်လို့ရမလဲ ဖတ်ကြည့်ရအောင်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ

စိတ်ဓါတ်သန်မာ ကြံ့ခိုင်တဲ့သူတွေကို လိုက်ကြည့်လိုက်ပါ။ အများစုက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့သူတွေက စိတ်ထိခိုက် ဝမ်းနည်းတာမျိုး တော်ရုံ မဖြစ်ကြပါဘူး။ ချစ်တို့ ရင်ဆိုင်ရတဲ့ ကိစ္စတိုင်းမှာ ဖြေရှင်းနိုင်မယ်လို့သာ ကိုယ့်ကိုယ်ကို ယုံကြည်ထားလိုက်ပါ။

ဝမ်းနည်းနေတဲ့ ကောင်မလေး မဖြစ်စေဖို့

အရာရာတိုင်းကို ခပ်လွယ်လွယ် ဝမ်းနည်းလိုက်လို့တော့ မရဘူး

မကြောက်ရွံ့ပါနဲ့

စိတ်ထိခိုက်ဝမ်းနည်းလွယ်တယ်ဆိုတာ သေချာအောင် ပြောရရင် ကြောက်ရွံ့ခြင်းကို အခြေခံတာပါပဲ။ ကြောက်ကြောက်ရွံ့ရွံ ဖြစ်နေတယ် မရင်ဆိုင်ရဲဘူးဆိုရင် အလိုလိုဝမ်းနည်းတဲ့စိတ်ကြီး ဖြစ်နေမှာ သေချာသလောက်ပါ။ ဒီတော့ ကြောက်ရွံ့မှုတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာပဲ တွေးထားပါ။ အလုပ်မှာပဲဖြစ်ဖြစ် လူမှုရေးနယ်ပယ်မှာပဲ ဖြစ်ဖြစ် ကြောက်ရွံ့လွန်းတာက စိတ်ထိခိုက်ရတာတွေ ဖြစ်လာနိုင်ပါတယ်။

အတွေးလွန်တာတွေ ပြင်ပါ

စိတ်ထိခိုက်ပြီး ဝမ်းနည်းလွယ်လွန်းတာတွေက အတွေးလွန်တာကနေ ရောက်လာတယ်လို့ ပြောလို့ ရပါတယ်။ ဟိုဟိုဒီဒီတွေ လျှောက်တွေးပြီး အားငယ်ဝမ်းနည်းတာမျိုးလေ။ ဒါတွေကို ကျော်ဖြတ်ဖို့အတွက် အတွေးလွန်တာတွေ ရပ်တန့်ပစ်ပါ။ တစ်ခုခုကို အတွေးလွန်နေပြီလို့ သတိရတာနဲ့ အာရုံပြောင်းပစ်လိုက်ပါ။

အတွေးတွေ မလွန်ပါစေနဲ့

မ်းနည်းလွယ်လွန်းတာတွေက အတွေးလွန်တာကနေ ရောက်လာတယ်လို့ ပြောလို့ ရပါတယ် https://brainwellnessspa.com.au/

စကားလုံးတွေကို ခံစားတာတွေ ရှောင်ပါ

အများစု စိတ်ထိခိုက်ဝမ်းနည်းကြတယ်ဆိုတာက စကားလုံးတွေအပေါ်မှာ လိုက်ခံစားလို့ပါ။ ဟိုလူက ဒီလိုပြောလို့ ဒီလူက ဟိုလိုပြောလို့ဆိုတဲ့ စကားလုံးတွေကို တွေးပြီး ဝမ်းနည်းနေတာမျိုးပါ။ ဘယ်လိုစကားလုံးမျိုးပဲ ပြောပြော လိုက်ခံစားပြီး ဝမ်းနည်းနေတာမျိုး ရှောင်ပါ။ ပြောပြီးကြားပြီး အဲဒီနေရာမှာပဲ ထားခဲ့ပါ။ တနုံ့နုံ့ ခံစားနေတာမျိုး မလုပ်ပါနဲ့။

ဖန်တီးနိုင်စွမ်းရှိပါ

ကိုယ့်စိတ်မှာ မထိခိုက်ဖို့နဲ့ ဝမ်းနည်းလွယ်တာတွေ မဖြစ်ဖို့အတွက် အပေါ်မှာ ပြောခဲ့သလို ကိုယ့်ကိုယ့်ကို ယုံကြည်မှု ရှိဖို့ လိုပါတယ်။ ယုံကြည်မှုတွေ ရှိဖို့အတွက်လည်း ကိုယ်တိုင်ဖန်တီးနိုင်စွမ်းတွေ၊ အစွမ်းအစတွေ ရှိနေဖို့ လိုပါတယ်။ ဒါမှလည်း စိတ်ဓါတ်ခိုင်မာသူ ဖြစ်မှာပေါ့။ အလုပ်နဲ့ လူမှုရေးတွေမှာ ဖန်တီးနိုင်စွမ်း ရှိနေပါစေ။

ချစ်တို့ရေ စိတ်ထိခိုက်လွယ်ပြီး ဝမ်းနည်းတတ်တဲ့ ကောင်မလေး မဖြစ်ဖို့ ဒီအချက်လေးတွေ သိထားပေးနော်။

Comments

0 comments