Advertisement

ချစ်တို့ရေ (၂၀၂၀) ခုနှစ်အတွက် ကိုယ့်ရဲ့ အချစ်ရေးလေးကို မသိချင်ဘူးလား။ ကိုယ့်ရဲ့နေ့နံနဲ့ တွက်ကြည့်လို့ ရပါတယ်။ ချစ်တို့ရဲ့ အချစ်ရေး ဘယ်လိုရှိမလဲ ကြည့်ရအောင်။

တနင်္ဂနွေ အချစ်ရေး

ချစ်ရတဲ့သူကိုအရမ်းချစ်ပေမယ့် အနေဝေးနေကြတတ်ပါတယ်၊ ချစ်သူက အနိုင်ယူတာမျိုး ခဏခဏငိုအောင် စိတ်ညစ်အောင် လုပ်တာမျိုးကြုံရတတ်တယ်၊ ဒါပေမဲ့ အဲ့ချစ်သူကဘဲ ကိုယ့်ကိုကို သစ္စာရှိရှိနဲ့ ချစ်သွားမယ် ဆိုတာ
မမေ့ပါနဲ့။

တနင်္လာ အချစ်ရေး

 ချစ်သူရဲ့ ချော့တာလေးကို နှစ်သက်ပေးမယ့် ကိုယ်ကလိုက်ပြီး ချော့နေရတဲ့ အနေအထားမှာရှိပါတယ်၊ မာနကြီးတယ်၊
ရည်းစားတစ်ယောက်ကို လွယ်လွယ်မထားတတ်ကျဘူး၊ ချစ်ပြီဆို တစ်ဘဝလုံးစာ၊ မုန်းပြီဆိုရင်လည်း သံသရာအဆက်ဆက်ပဲ၊ လမ်းခွဲတဲ့နေရာမှာလည်း ပြတ်သားရက်စက်တတ်တာ နှစ်ယောက်မရှိပါဘူး။

အင်္ဂါ အချစ်ရေး

 တစ်ယောက်ဆို တစ်ယောက်အပေါ်မှာဘဲ အစွဲအလမ်း ရှိနေပါတယ်၊ သူအဝေးမှာရှိနေတောင် ပြန်လာဖို့ သတ္တိရှိစွာနဲ့
မေတ္တာမပျက်စောင့်မျော်နေတတ်ပါတယ်၊ ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့ သံယောဇဉ်လည်း ပြတ်နိုင်ကြမှာမဟုတ်ပါဘူး။

vietnamtimes.org.vn

ဗုဒ္ဓဟူး အချစ်ရေး

 ကိုယ်ကစကားပြောကောင်းတာကြောင့် စန်းအလွန်ပွင့်သလို တခါတလေ ကိုယ်ဘဲခံစားရတာပါ၊ သိပ်ချစ်ပြတယ် နောက်
ဆုံး ကိုယ်ကဘဲ နောင်တရတယ်၊ ချစ်သူကြောင့် ငိုခဲ့ရလွန်းလို့ကျလိုက်တဲ့ မျက်ရည်တွေက ရေအားလျှပ်စစ်ပါ
ထုတ်လို့ရလောက်တယ်။

ကြာသပတေး အချစ်ရေး

အချစ်စစ်ရဖို့ အချိန်တွေမနည်းရင်းရတတ်ပါတယ်၊ စန်းပွင့်ပြီး လူချစ်လူခင် ပေါတယ်၊ အသေရရ အရှင်ရရ ချစ်ပြမယ့်သူတွေရှိလို့ ပတ်ဝန်းကျင်က အားကျရတဲ့သူ ဖြစ်ချင်ရင်ဖြစ်လိမ့်မယ်၊ တကယ်တမ်း အချစ်စစ်နဲ့ပတ်သက်ရင် ကံနိမ့်တတ်တာ ကိုယ်ကိုယ်တိုင်ပဲသိတယ်။

vietnamtimes.org.vn

သောကြာ အချစ်ရေး

ချစ်မယ့်သူတွေပေါမယ်၊ ချောမောလှပတဲ့ သူတွေဖြစ်ပေမယ့် ရည်းစားဆို ကိုယ်ထက်ပိုချောတဲ့သူ မရတတ်ကြပါဘူး၊
ကိုယ်ထက် အသက်ပိုကြီးတဲ့ သူတွေက အသေအလဲ ကြွေခြင်း ခံရတတ်ပါတယ်၊ မျက်ရည်အကျလွယ်တယ်၊ ကိုယ်ချစ်သူရဲ့မြတ်နိုးမှု အချစ်တွေကိုခံစားရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြပါတယ်

စနေ အချစ်ရေး

ဘယ်လိုနေနေ လှနေတယ်၊ ဖျက်ခနဲ ရယ်လိုက်တာက သူတို့ရဲ့အားသာချက်ပါ၊ အဲ့ဒီအပြုံးကို မြင်လိုက်ရတဲ့သူတိုင်း သေမလို ရှင်မလို ဖြစ်ပြီး ညှို့ချက်ပြင်းတယ်၊ လူတစ်ယောက်ကို သိပ်ချစ်ဖူးခဲ့ပေးမယ့် အဲ့ဒီလူက ကိုယ်ကို ဥပေက္ခာပြုခဲ့ခြင်း ခံခဲ့ရဖူးတယ်၊ အချစ်ဦးနဲ့လွဲနေပေမယ့် အချစ်စစ်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားမှာ ရှိပါတယ်။
source -saiaungmin
Tags: horoscopelove

Comments

0 comments