Advertisement
(၂၀၂၂) ခုနှစ်အတွက် နေ့နံအလိုက် အချစ်ရေး ဗေဒင်

 ဒီနှစ်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်ချစ်သူရဲ့ အချစ်ရေး ကံကြမ္မာကို သိချင်တယ်ဆိုရင်တော့ အချစ်ရေး ဟောကိန်းလေးမှာ နေ့နံတိုက်ကြည့်လိုက်နော်။

နှစ်တစ်နှစ်မှာ ကိုယ့်ရဲ့ အချစ်ရေးကို မသိချင်ကြဘူးလား။ ကိုယ့်ရဲ့ အချစ်ရေး ကံကြမ္မာအပြင် ကိုယ့်ချစ်သူရဲ့ အချစ်ရေးကိုလည်း သိရမှာဆိုတော့ နှစ်ယောက်စလုံးအတွက် အဆင်ပြေစေမှာပါ။ နေ့နံအလိုက် တွက်ကြည့်ရုံပဲ ဆိုတော့ ခုပဲ နေ့နံတိုက်ကြည့်လိုက်ရအောင်နော်။

တနင်္ဂနွေ သားသမီးများအတွက်

တနင်္ဂနွေ သားသမီးတွေရဲ့ အချစ်ရေးကတော့ ချစ်ရတဲ့သူနဲ့ အနေဝေးနေတာမျိုး ဒီနှစ်အတွင်း ကြုံရတတ်ပါတယ်။ ချစ်သူက အနိုင်ယူတာမျိုး၊ ခဏခဏငိုအောင်၊ စိတ်ညစ်အောင် လုပ်တာမျိုး ကြုံရတတ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ချစ်သူက ကိုယ့်ကိုပဲ သစ္စာရှိရှိ ချစ်သွားမယ်ဆိုတာ သေချာပါတယ်နော်။

တနင်္လာ သားသမီးများအတွက်

တနင်္လာသားသမီးတွေရဲ့ အချစ်ရေးကတော့ ကိုယ်က အချောခံရတာ ကြိုက်ပေမယ့် ကိုယ်က လိုက်ပြီး ချော့နေရတာမျိုး ကြုံရနိုင်ပါတယ်။ မာနကြီးတယ်၊ ရည်းစား လွယ်လွယ် မထားတတ်ဘူး။ ချစ်ပြီဆို တစ်ဘဝလုံးစာ၊ မုန်းပြီဆိုရင်လည်း သံသရာ အဆက်ဆက် မုန်းမယ်ဆိုတဲ့သူမျိုးပါ။

အင်္ဂါ သားသမီးများအတွက်

အင်္ဂါ သားသမီးတွေအတွက်ကတော့ တစ်ယောက်ဆို တစ်ယောက် အစွဲအလမ်း ကြီးနေတတ်ပြီး အဝေးရောက်နေတဲ့ ချစ်သူကို ပြန်လာဖို့ စောင့်နေတတ်တဲ့သူမျိုးပါ။ ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့ သံယောဇဉ်လည်း မပြတ်နိုင်ကြပါဘူး။

ဗုဒ္ဓဟူး သားသမီးများအတွက်

ဗုဒ္ဓဟူး သားသမီးတွေအတွက်ကတော့ ကိုယ်က စကားပြောကောင်းလို့ စန်းပွင့်သလို ခံစားရတတ်ပေမယ့် တကယ်တမ်းတော့ ကိုယ်ဘဲ ငိုနေရပြီး နောင်တရနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။အချစ်ရေးကံ ရာနှုန်းပြည့် မကောင်းနိုင်ပါဘူး။

ကြာသပတေး သားသမီးများအတွက်

ကြာသပတေး သားသမီးတွေအတွက်ကတော့ အချစ်စစ်ရဖို့ ခက်ခဲတဲ့ နှစ်တစ်နှစ်ပါ။ စန်းပွင့်ပြီး လူချစ်လူခင်ပေါပေမယ့် ဒီနှစ်မှာတေ့ာ အချစ်စစ်ရဖို့ စောင့်ရတတ်ပါတယ်။

သောကြာ သားသမီးများအတွက်

သောကြာ သားသမီးတွေအတွက်ကတော့ ချစ်သူတွေ ပေါမယ့် နှစ်လို့ ပြောလို့ ရပါတယ်။ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေ ချစ်ရေးဆိုတာကို ခံရနိုင်ပြီး ကိုယ့်ကို တကယ်ချစ်မြတ်နိုးတဲ့သူတွေနဲ့တော့ ခဏ ခွဲနေရတတ်ပါတယ်။

စနေ သားသမီးများအတွက်

စနေသားသမီးတွေကတော့ ဒီနှစ်မှာ ကိုယ်ချစ်တဲ့သူရဲ့ ဥပေက္ခာတွေကို ခံစားရနိုင်ပြီး အချစ်စစ်နဲ့ ကြုံဖို့ ခက်ခဲနေတဲ့ နှစ်ပါ။ ကိုယ့်ကို ချစ်ရေးဆိုသူတွေ ရှိပေမယ့် ပြန်ကြိုက်ဖို့ အဆင်မပြေနိုင်တဲ့ အကြောင်းတွေ၊ အနှောင့်အယှက်တွေ ရှိနေနိုင်ပါတယ်။ ဒီနှစ်မှာ ချစ်ရေးဆိုသူတွေထဲကနေ ချစ်သူ ရွေးချယ်မယ်ဆိုရင်တော့ သေချာ သတိထားဖို့ လိုပါတယ်။

 ဒီနှစ်မှာ ကိုယ့်အတွက်ရော၊ ကိုယ့်ချစ်သူရဲ့ အချစ်ရေး ကံကြမ္မာကို သိချင်တယ်ဆိုရင်တော့ အချစ်ရေး ဟောကိန်းလေးမှာ နေ့နံတိုက်ကြည့်လိုက်နော်။

Tags: 2022horoscope

Comments

0 comments