Advertisement
လက္ခဏာရဲ့ နှလုံးသားလမ်းကြောင်းက ပြောတဲ့ ကိုယ့်ရဲ့ အချစ်ရေး

ချစ်တို့ရေ ကိုယ့်ရဲ့ နှလုံးသားလမ်းကြောင်းကို ကိုယ်တိုင်သေချာ ကြည့်မိရဲ့လား။ ကိုယ့်ရဲ့ လက်ဖဝါးပေါ်မှာရှိတဲ့ နှလုံးသားလမ်းကြောင်းမှာ ကိုယ့်ရဲ့ အချစ်ရေး ကံကြမ္မာ ပါလာပြီးသားပါပဲ။ ဒီတော့ ကိုယ့်အချစ်ရေး ဘယ်လိုအခြေအနေတွေ ကြုံရမလဲဆိုတာ သိရအောင် နှလုံးသားလမ်းကြောင်းကို ခုပဲ ကြည့်ရအောင်။

နှလုံးသားလမ်းကြောင်း

ချစ်တို့ရေ ကိုယ့်ရဲ့ လက္ခဏာမှာ ပါတဲ့ နှလုံးသားလမ်းကြောင်းဆိုတာကတော့ လက်ဖဝါးအစွန်လက်သန်းနားကနေ လက်ညှိုးနဲ ့လက်ခလယ်နားဆီ ဆက်သွယ်ထားတဲ့ လမ်းကြောင်းတစ်ကြောင်းပါ။ ပုံထဲမှာကြည့်ရင် ပိုပြီးတော့ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။

နှလုံးသားလမ်းကြောင်း ကောင်းရဲ့လား

ကိုယ့်ရဲ့ နှလုံးသားလမ်းကြောင်းက ကောင်းတယ်ဆိုရင် နှလုံးသားလမ်းကြောင်းက ရှင်းလင်းနေပြီး လမ်းမှာ ပြတ်တောက်တာတွေ ရှုပ်ယှက်ခက်တာတွေ မရှိတာမျိုး ဖြစ်နေမှာပါ။ အဲဒီလို ဖြစ်နေပြီဆိုရင် ကိုယ့်ရဲ့ အချစ်ရေး ကံက အကောင်းဆုံး အနေအထားထဲမှာ ပါပါတယ်။

 

နှလုံးသားလမ်းကြောင်းက တိုနေရင်

ချစ်တို့ရေ နှလုံးသားလမ်းကြောင်းက တိုနေတယ် ပြတ်နေတယ်ဆိုရင် ကိုယ့်ရဲ့ အချစ်ရေးက တစ်ယောက်တည်း အထီးကျန်နေတဲ့ ခံစားချက်မျိုး ခံစားရနိုင်ပါတယ်။ နောက်ပြီးအချစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ချောမွေ့တာမျိုး မရှိတတ်ပါဘူး။

နှလုံးသားလမ်းကြောင်းက ရှည်နေရင်

ချစ်တို့ရေ နှလုံးသားလမ်းကြောင်းက ရှည်နေတယ် လက်ဖဝါးရဲ့ အစွန်ကနေ လက်ခလယ်နဲ့ လက်ညှိုးကြား ရောက်တဲ့အထိ ရှည်နေတယ်ဆိုရင် ကိုယ့်ကို တကယ်ချစ်တဲ့ အချစ်စစ် အချစ်မှန်သူတွေနဲ့ တွေ့ရမှာဖြစ်ပြီး ကိုယ့်ရဲ့ အလုပ်အကိုင်တွေလည်း အဆင်ပြေချောမွေ့တဲ့ အနေအထား ဖြစ်လာမှာ ဖြစ်ပါတယ်။

နှလုံးသားလမ်းကြောင်းက ကွေ့ကောက်နေရင်

နှလုံးသားလမ်းကြောင်းက ကွေ့ကောက်နေတယ်ဆိုရင် ကိုယ့်ရဲ့ အချစ်ရေးမှာ အနှောင့်အယှက်တွေ ဖြစ်နေရှိနေတတ်ပါတယ်။ နှလုံးသားလမ်းကြောင်းက ကွေ့ကောက်နေတယ်ဆိုရင် အချစ်ရေး ကံမကောင်းတတ်ဘဲ အိမ်ထောင်ရေး ကိစ္စတွေအထိ အဆင်မပြေ ဖြစ်တတ်ပါတယ်။

ချစ်တို့ရေ ကိုယ့်ရဲ့ နှလုံးသားလမ်းကြောင်းကို ကြည့်ပြီး ကိုယ့်ရဲ့ အချစ်ရေးကို သိနိုင်ပါတယ်နော်။ လက္ခဏာကို သေချာကြည့်ပြီး ကိုယ့်ရဲ့ အချစ်ရေး အခြေအနေကို ကြည့်ကြည့်လိုက်ဦးနော်။

Comments

0 comments