Advertisement

ချစ်သူစုံတွဲလေးတို့ နေ့နံတွေကို တိုက်ကြည့်ပြီးတော့ အိမ်ထောင်ဘက် မဖြစ်နေဘူးဆိုရင် ဗေဒင်ဆရာ၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ယတြာချေတာမျိုး လုပ်ကြည့်ပါ။

ချစ်သူ စုံတွဲလေးတို့ရေ လက်ထပ်ဖို့အတွက် အိမ်ထောင်ဘက် ရွေးချယ်ရတာ ထင်သလောက်တော့ မလွယ်ကူပါဘူး။ အိမ်ထောင်ဘက် ရွေးချယ်တဲ့အခါမှာ တွေးရ၊ စဉ်းစားရမယ့် အချက်တွေကို ကြည့်ကြသလို နေ့နံနက္ခတ်တွေနဲ့လည်း ရွေးချယ်ကြပါတယ်။ ချစ်သူစုံတွဲလေးတို့လည်း လက်ထပ်တော့မှာမို့ အိမ်ထောင်ဘက်ရဲ့ နေ့နံတွေ တွက်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေး တွက်လို့ ရတယ်နော်။ ဒါဆိုရင်တော့ ရွေးချယ်ရလည်း ပိုလွယ်သွားတာပေါ့။

အိမ်ထောင်ဘက်ရွေးချယ်နည်း  (photo: Hungryhowies.com)

နေ့နံ တွဲကြည့်ကြမယ်

တနင်္ဂနွေနဲ့ ကြာသပတေး၊ တနင်္လာနဲ့ ဗုဒ္ဓဟူး၊ အင်္ဂါနဲ့ သောကြာ၊ စနေနဲ့ ရာဟုကတော့ မိတ်ဆွေဖြစ်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် စီးပွားရေး ကောင်းပြီး အဆင်ပြေပါတယ်။

တနင်္ဂနွေနဲ့ အင်္ဂါ၊ တနင်္လာနဲ့ ကြာသပတေး၊ ဗုဒ္ဓဟူးနဲ့ စနေကတော့ ရန်ဘက်တွေ ဖြစ်ပြီး အိမ်ထောင်ပြုပြီးရင် ခဏခဏ ရန်ဖြစ်တတ်ပါတယ်။

တနင်္ဂနွေနဲ့ သောကြာ၊ အင်္ဂါနဲ့ ကြာသပတေး၊ စနေနဲ့ ဗုဒ္ဓဟူး၊ တနင်္လာနဲ့ ရာဟုကတော့ အိမ်ထောင်ဘက်ဖြစ်ပြီး အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး၊ အကောင်းဆုံး သူပါပဲ။

နေ့နံ တွဲကြည့်ကြမယ် (photo: Hungryhowies.com)

စနေနဲ့ ကြာသပတေး၊ သောကြာနဲ့ တနင်္လာ၊ တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ ရာဟုနဲ့ အင်္ဂါကတော့ အိမ်ထောင်ရန်ဘက်ဖြစ်ပြီး အိမ်ထောင်ရေး ကွဲတာမျိုး ဖြစ်တတ်ပါတယ်။

တနင်္ဂနွေနဲ့ စနေ၊ အင်္ဂါနဲ့ ရာဟု၊ ဗုဒ္ဓဟူးနဲ့ သောကြာကတော့ ဓါတ်ဘက်ဖြစ်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲဖြစ်မယ့်အပြင် အသုံးအဆောင် ပစ္စည်း ဥစ္စာတွေလည်း ပေါများပြီး စိတ်ချမ်းသာရတတ်ပါတယ်။

တနင်္ဂနွေနဲ့ ဗုဒ္ဓဟူး၊ တနင်္လာနဲ့ အင်္ဂါ၊ ရာဟုနဲ့ ကြာသပတေး၊ စနေနဲ့ သောကြာကတော့ ဓါတ်ရန်ဘက်ဖြစ်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် ဥစ္စာပစ္စည်း မစုမိတာမျိုး ဖြစ်တတ်ပါတယ်။

ချစ်သူစုံတွဲလေးတို့ နေ့နံတွေကို တိုက်ကြည့်ပြီးတော့ အိမ်ထောင်ဘက် မဖြစ်နေဘူးဆိုရင် ဗေဒင်ဆရာ၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ယတြာချေတာမျိုး လုပ်ကြည့်ပါ။ အညံ့တွေ ပြေပျောက်အောင် ယတြာ လုပ်ကြည့်တာမျိုးက လိုက်ဖက်တဲ့ အိမ်ထောင်ဘက် ဖြစ်စေနိုင်မှာပါ။

Comments

0 comments