Advertisement
အချစ်ရေးမှာ အချစ်ခံချင်သူတွေ ရွတ်သင့်တဲ့ ပီယဂါထာ

ချစ်တို့‌ရေ ကိုယ့်ရဲ့အချစ်ရေးမှာ အချစ်ခံရချင်လား ဒါမှမဟုတ် လူချစ်လူခင် ပေါများချင်လား။ လူတိုင်းနီးပါးကတော့ အချစ်ရေးမှာ အချစ်ခံချင်ကြသလိုမျိုးပဲ လူချစ်လူခင်လည်း ပေါများချင်ကြပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ဘဝမှာ အချစ်ခံချင်တယ်ဆိုရင်တော့ နေ့တိုင်းမှန်မှန်လေး ရွတ်သင့်တဲ့ ပီယဂါထာလည်း ရှိပါတယ်။

ဒီဂါထာကို နေ့တိုင်း စိတ်ထဲမှာ ယုံကြည်ပြီး ရွတ်ဖို့တော့ လိုပါတယ်။ ဒီဂါထာလေးက ရှေးဆရာကြီးများ အလွန်သုံးခဲ့တဲ့ နည်းလမ်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ကိုယ်က တဖက်သတ်ချစ်နေတာပဲဖြစ်ဖြစ်၊ ကိုယ့်အချစ်ကို မြန်မြန် လက်ခံစေလိုတာပဲ ဖြစ်ဖြစ် အဲဒီလို အချိန်အခြေအနေမျိုးမှာလည်း သုံးဖို့ လိုပါတယ်။ အဲဒီဂါထာလေးကတော့

“ဥုံ-ကုမ္မာရေ ရေကုမ္မာ-ရာဇဝတ္တပတိ သိန္နေသိန္နေ-အာဂစ္ဆန္တု” ဖြစ်ပါတယ်။

 

Marry က ပရိသတ်ကြီးတို့လည်း အချစ်ရေးမှာ အညံ့တွေ မလိုချင်ဘူးဆိုရင်တေ့ာ အခုပြောပြထားတဲ့ ဂါထာလေးကို သေချာရွတ်ပေးပါ။ တပတ်လောက် ရွတ်ဆိုရင်ကို သိသိသာသာ အချစ်ခံရမှာပါ။

Comments

0 comments