Advertisement
ဗေဒင်တွက်ချက်နည်းတွေအရ လက်ထပ်သင့်တဲ့လနဲ့ လက်မထပ်သင့်တဲ့လတွေ

မေတ္တာမျှနေကြောင်း နှစ်ဖက်မိဘတွေကို အသိပေးပြီးပြီး စေ့စပ်တောင်းရမ်းပွဲလေး လုပ်ပြီဆိုရင်တော့ မင်္ဂလာပွဲ ဘယ်နေ့ကျင်းပမလဲဆိုတဲ့ နေ့ကောင်းရက်သာတွေ ရွေးချယ်သတ်မှတ်ကြတယ်မလား

စုံတွဲလေးတို့ရေ မေတ္တာမျှနေကြောင်း နှစ်ဖက်မိဘတွေကို အသိပေးပြီးပြီး စေ့စပ်တောင်းရမ်းပွဲလေး လုပ်ပြီဆိုရင်တော့ မင်္ဂလာပွဲ ဘယ်နေ့ကျင်းပမလဲဆိုတဲ့ နေ့ကောင်းရက်သာတွေ ရွေးချယ်သတ်မှတ်ကြတယ်မလား၊ ဒီလိုမျိုး သတ်မှတ်ကြတဲ့အခါမှာ ရက်ရာဇာ၊ ပြဿဒါးတွေအပြင် ဘယ်လ၊ ဘယ်ရက်တွေမှာ ဆောင်သင့်တယ်ဆိုတာလည်း အရေးကြီးသလို ဆင်မြန်းသင့်တဲ့ ပန်း၊ ဝတ်စုံအရောင်တွေကအစ သေချာလေး စီစဉ်ဆောင်ရွက်သင့်ပါတယ်နော်။

 

မင်္ဂလာပွဲကျင်းပသင့်တဲ့ လ (၆) လ

မင်္ဂလာပွဲ ကျင်းပသင့်တဲ့လတွေကတော့ တန်ခူးလ၊ ကဆုန်၊ နယုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းနဲ့ တပို့တွဲလတွေပါ။ တန်ခူးလမှာ မင်္ဂလာပွဲ ကျင်းပမယ်ဆိုရင် ပစ္စည်းဥစ္စာကြွယ်ဝခြင်း၊ ကဆုန်လမှာ ချမ်းသာကြွယ်ဝခြင်း၊ နယုန်လမှာ ပျော်ရွှင်မှုရရှိခြင်း၊ မေတ္တာဓါတ်ပြည့်ဝခြင်း၊ သီတင်းကျွတ်မှာဆိုရင် ဆန်ရေစပါး ပြည့်စုံတတ်ခြင်း၊ သားကောင်းသမီးရတနာ ထွန်းကားခြင်းနဲ့ တန်ဆောင်မုန်းဆိုရင်တော့ နေအိမ်မင်္ဂလာအသုံးအဆောင်တွေ ပြည့်စုံတာမျိုး အကျိုးကျေးဇူးတွေ ခံစားရမှာ ဖြစ်ပါတယ်။

မင်္ဂလာပွဲ မကျင်းပသင့်တဲ့လ (၆) လ

မင်္ဂလာပွဲ မကျင်းပသင့်တဲ့ (၆) လကတော့ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ နတ်တော်၊ပြာသိုလနဲ့ တပေါင်းလပဲ ဖြစ်ပါတယ်။ ဝါဆိုလမှာဆိုရင် ဖျားနာခြင်း၊ ဘေးအန္တရာယ်ကြုံခြင်း၊ ဝါခေါင်လမှာဆိုရင် စိတ်သောကဖြစ်စရာ ကြုံတတ်ခြင်း၊ တော်သလင်းလမှာဆိုရင် ရောဂါထူပြောတတ်ခြင်း၊ နတ်တော်လမှာ အိမ်ထောင်ရေးသောက ကြုံရတတ်ခြင်း၊ ပြာသိုလမှာ ပစ္စည်းဥစ္စာ ခေါင်းပါးခြင်းနဲ့ တပေါင်းလမှာဆိုရင် စကားခဏခဏများရခြင်းနဲ့ ရှင်ကွဲ ကွဲရခြင်းတွေ ဖြစ်တတ်ပါတယ်။

ရက်ရာဇာ ၊ ပြဿ ဒါး၊သမားဖြူ၊၊ သမားညို ၊ဝါရမိတ္တူ ရက်တွေရွေးချယ်ဖို့ကတော့ ပြက္ခဒိန်ကြည့်ပြီး ရွေးလို့ရပါတယ်။ သတိပြုရမယ့်အချက်ကတော့ မင်္ဂလာအချိန်အခါတွေ ဘယ်လောက်ရွေးရွေး ကာယကံရှင် ဇနီးမောင်နှံတို့ရဲ့ ဇာတာနှစ်ခုကို တိုက်စစ်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ လုပ်ထားရင်တော့ ကောင်းပါတယ်။ စုံတွဲလေးတို့ နီးစပ်ရာ ဆရာတွေဆီမှာ ဇာတာတိုက်စစ်တာမျိုး လုပ်ပါ။ ဇာတာမတိုက်ဆိုင်ဘူးဆိုရင် ယတြာချေတာမျိုးလုပ်ဆောင်ပါနော်။ ဒီလိုဆိုရင် ဇနီးမောင်နှံတို့ အိမ်ထောင်ရေး အဆင်ပြေမှာ သေချာပါတယ်။

Comments

0 comments