Advertisement

(၇) ရက်သားသမီး ကံဇာတာဟောကိန်းနဲ့ ဗေဒင်ယတြာလေးတွေ မဖတ်ချင်ကြဘူးလား။ နေ့နံအလိုက် ဖတ်လို့ရတယ်ဆိုတော့ ကိုယ့်အတွက်ရော ကိုယ့်မိတ်ဆွေတွေအတွက်ပါ ကြည့်ပေးလို့ ရတယ်နေ

တနင်္ဂနွေ သားသမီးအတွက်

တနင်္ဂနွေနေ့သားသမီးတွေအနေနဲ့ အလုပ်အကိုင်အောင်မြင်မှုနဲ့ ကြုံတွေ့ရမယ်။ မိတ်ဆွေကောင်းတွေနဲ့ ဆုံမယ်။ မမျှော်လင့်ထားတဲ့ အကူအညီတွေ ရရှိနိုင်ပါတယ်။ အပြိုင်အဆိုင်နဲ့ မနာလိုသူတွေ များနိုင်ပါတယ်။ ခရီးရှည် မထွက်သင့်ပါ။ တခြားသူတွေ ဦးစီးတဲ့ ခရီးစဥ◌်တွေလည်း ရှောင်ဖို့ လိုပါတယ်။ အစားအသောက်မှားပြီး ကျန်းမာရေး မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်ဆိုင်ရာ ပြဿနာတွေ အထူးဂရုစိုက်ပါ။ အိမ်ထောင်မရှိသူတွေ အိမ်ထောင်ကျကိန်း ရှိပါတယ်။ ပညာရေးမှာ ကောင်းပါတယ်။

ယတြာ- အိုးထဲမှာ သဲအပြည့်ထည့်ပြီး ရေနည်းနည်း လောင်းပါ။ ပြီးရင် ရွှေထီး၊ငွေထီး စိုက်ပြီး လှူပါ။ လိုရာဆုတောင်းပါ။ ဒီတပတ်အတွက် ဆောင်ထားသင့်တဲ့ အရောင်ကတော့ အစိမ်းရောင်ပါ။ အကျိုးပေးတဲ့ ဂဏန်းကတော့ (၁၊၂၊၉) ပဲ ဖြစ်ပါတယ်။

တနင်္လာသားသမီးများအတွက်

တနင်္လာသားသမီးတွေအတွက်ကတော့ ဘယ်သွားသွား၊ ဘယ်လာလာ ကိုယ့်ထက်ကြီးသူ၊ ငယ်သူတွေရဲ့ ဒုက္ခပေးခြင်းကို ခံရနိုင်ပါတယ်။ ကိုယ့်ရဲ့ အတွင်းရေးကို တခြားသူတွေနဲ့ မတိုင်ပင်ပါနဲ့။ ငွေရေးကြေးရေး ချေးငှားတာမျိုး မလုပ်ပါနဲ့။ အာမခံတာမျိုးလည်း မလုပ်ပါနဲ့။ ရာထူးတိုးတာ၊ ပညာရေးမှာ အောင်မြင်တာတွေ ဖြစ်နိုင်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးတော့ ကံမကောင်းတဲ့ အပတ်ပါပဲ။ အသက်၂၄၊ ၃၂နှစ် အရွယ်ရှိသူများ ကျန်းမာရေးဂရုစိုက်ပါ။
ယတြာ- အိမ်ဘုရားမှာ သီးစုံဒန်ပေါက် လှူပေးပါ။ ဆောင်ထားရမယ့်အရောင်ကတော့ အပြာရောင် ဖြစ်ပြီး အကျိုးပေးတဲ့ ဂဏန်းကတော့ (၂၊၈၊၇) ပဲ ဖြစ်ပါတယ်။
ကံဇာတာဟောကိန်

ကံဇာတာဟောကိန်း (photo: www.indiatvnews.com/)

အင်္ဂါသားသမီးများအတွက်

အင်္ဂါသားသမီးများအတွက် စကားကျွံနုတ်ကျွံတာမျိုး ဂရုစိုက်ပါ။  အငြင်းပွားစရာ လူမှုရေးပြဿနာများ ဖြေရှင်းရတတ်ပါတယ်။ လုပ်ငန်းစီးပွားအောင်မြင်တဲ့ကာလဖြစ်ပြီး အလုပ်သစ်တိုးချဲ့တာ၊ နေရာရွှေ့ပြောင်းရတာမျိုး ရှိတတ်ပါတယ်။ တန်ဖိုးရှိ ပစ္စည်းတွေ ပျောက်တတ်တာမို့ သတိထားပါ။ကျန်းမာရေးအတွက် ဝမ်းဗိုက်အထူးဂရုစိုက်ပါ။  ပညာရေးမှာ  လူမှုရေး၊ အချစ်ရေးကိစ္စများဖြစ်ပေါ်ပြီး  ပညာမှာတစ်ပိုင်းတစ်စဖြစ်ပြီး နှောင်နှေးနိုင်ပါတယ်။
ယတြာ- အိမ်ဘုရားမှာ ကံ့ကော်( ၉)ညွန့် လှူပေးပါ။ အကျိုးပေးတဲ့ အရောင်ကတော့ မိုးပြာရောင်ပါ။ အကျိုးပေးဂဏန်းကတော့ (၅၊၃၊၇) ဖြစ်ပါတယ်။

ဗုဒ္ဓဟူး သားသမီးများအတွက်

ဗုဒ္ဓဟူးသားသမီးများအတွက်ကတော့ အလုပ်ကိုင်အသစ် လုပ်ရမယ်။ မကိုင်ဖူးတဲ့ ငွေကိုင်ရတတ်ပါတယ်။ မလှူဖူးတဲ့ အလှူမျိုး လှူရတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ သမီးရည်းစား အရေးတွေ အဆင်ပြေချောမွေစေနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ နာရေးသတင်းကြားရရင် အကူငွေ (၁၇၀၀) (၁၇၀၀၀) စတဲ့ (၁၇) ပါတဲ့ ပိုက်ဆံလှူပါ။ ကျန်းမာရေးမှာ သွေး၊လေရောဂါနဲ့ အာရုံကြောကို အထူးဂရုစိုက်ပါ။ အသက်(၂၆၊ ၂၇) အရွယ်ရှိတဲ့ သူတွေ ဆိုင်ကယ်စီး၊ ကားစီး ဂရုစိုက်ရပါမယ်။
ယတြာ- အိမ်ဘုရားမှာ ရွှေဖရုံသီးချက်ပြီး ဆွမ်းတော်ကပ်ပေးပါ။ အကျိုးပေးတဲ့ အရောင်ကတော့ အစိမ်းရောင် ဖြစ်ပြီး ဂဏန်းကတော့ (၃၊၉၊၈) ပဲ ဖြစ်ပါတယ်။
ကံဇာတာဟောကိန်း (photo: www.indiatvnews.com/)

ကံဇာတာဟောကိန်း (photo: www.indiatvnews.com/)

ကြာသပတေး သားသမီးအတွက်

ကြာသာပတေး သားသမီးတွေ ဒီလထဲမှာ နာမည်ကောင်းတွေ တိုးလာမယ်။ ဂုဏ်တက်မယ့် ကိစ္စတွေ ပေါ်လာမယ်။ မမျှော်လင့်ဘဲ အလှူကြီးတစ်ခု ပြုလုပ်ရလိမ့်မယ်။ နောက်ပြီး ပညာရေးကံကောင်းနိုင်လို့ ကိုယ်သင်မယ်လို့ စိတ်ကူးထားတာတွေ အကောင်အထည်ပေါ်လာမယ်။ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ စီစဥ်နေရင် အောင်မြင်နိုင်မယ်။ သူများကို ချီးထားတဲ့ ပိုက်ဆံ ဒါမှမဟုတ် ရင်းနှီးထားတဲ့ပိုက်ဆံတွေ ပြန်ရမယ်။ သူများနဲ့ စပ်တူလုပ်တာ ရှောင်ပါ။ လက်ရှိလုပ်တဲ့ လုပ်ငန်းကနေ နောက်ထပ် တိုးချဲ့ချင်ရင် ဒီလက အဆင်ပြေတယ်။ အလုပ်အသစ်လုပ်မယ်လို့ စိတ်ကူးရှိရင် ဒီလထဲ အကောင်အထည်ဖော်ပါ။ ချစ်သူ၊ ရည်စားရဲ့ အပြောင်းအလဲကို ကြုံရနိုင်တယ်။ အတိုက်အခိုက်အနည်းငယ်တော့ ရှိမယ်။ သွေးနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်လို့ သတိကြီးကြီးထားပါ။
ယတြာ-  တန်ခိုးကြီး ဘုရားမှာ ရွက်လှ(၁၉) ညွန့် လှူပါ။ ဆောင်ထားသင့်တဲ့ အရောင်ကတော့ ခဲရောင်ဖြစ်ပြီး အကျိုးပေးဂဏန်းကတော့ (၁၊၈၊၆) ပဲဖြစ်ပါတယ်။

သောကြာသားသမီးများအတွက်

သောကြာသားသမီးများအတွက်ကတော့ ပြည်ပခရီးထွက်ကိန်း ရှိပါတယ်။ အဖိုးတန်ပစ္စည်းတွေ ဝင်တတ်ပါတယ်။ ငွေမမြဲဘဲ အထွက်များနေတတ်ပါတယ်။ လူလိမ်ခံရကိန်း ရှိပါတယ်။ ငွေကြေးအရှုပ်အရှင်း သတိပြုပါ။ မိသားစုနဲ့ စိတ်သဘောထား မတိုက်ဆိုင်တာတွေ ဖြစ်တတ်ပါတယ်။ သမီးရည်းစားရေး အိမ်ထောင်ရေးမှာ တစ်ဖက်သတ် အထင်လွဲတာတွေ ဖြစ်တတ်ပါတယ်။
ယတြာ- စက္ကူကန်တော့မှာ ထန်းလျက်(၈) လုံးထည့်ပြီး ခွေးတစ်ကောင်ကို ကျွေးပါ။ ငါးစာ ကျွေးပါ။ အကျိုးပေးတဲ့ အရောင်ကတော့ လိမ္မော်ရောင် ဖြစ်ပြီး ဂဏန်းကတော့ (၁၊၅၊၉) ဖြစ်ပါတယ်။

စနေ သားသမီးအတွက်

စနေသားသမီးတွေအနေနဲ့ အခုချိန်က ကိုယ်အကောင်းဆုံးကြိုးထားတဲ့အရာတွေ အောင်မြင်ခါနီးမှာ ဟိုမရောက်ဒီမရောက် အခြေအနေ ပြန်ဖြစ်သွားတတ်တယ်။ အကြောင်းမဲ့ အချိန်တွေ ကုန်နေလိမ့်မယ်။ တပါးသူကြောင့် စိတ်အနှောက်အယှက်တွေ ကြုံရနိုင်တယ်။ အလုပ်တွေကို ပြီးအောင်လုပ်ပါ။ အောင်မြင်မှု အသီးအပွင့်ကို ခံစားရမယ်။ လက်အောက်ငယ်သားတွေကြောင့် နာမည်ဆိုးထွက်တတ်တယ်။ ကံဆိုးမှုတွေကြုံရသလို မထင်မှတ်ပဲ ငွေတွေအများကြီးရနိုင်တဲ့ အခွင့်အရေးတွေ ကိုယ့်လက်ထဲ ရောက်လာမယ်။ စက်ပစ္စည်းအကျိုးပေးမယ်။ အလှူအတန်းအများကြီး လုပ်ဖြစ်မယ်။ စမ်းလုပ်ထားတဲ့ အလုပ်တွေကနေ အောင်မြင်မှုရမယ်။ မိသားစုပြဿနာတွေ ဖြေရှင်းရနိုင်ခြေရှိတယ်။ အချစ်ရေးကံကောင်းဖို့ ကိုယ့်ပါတနာကို ဒီအချိန်မှာ ဂရုစိုက်ပေးပါ။
ယတြာ – ကိုယ့်ထက် အသက်ကြီးသူတစ်ဦးဦးကို နွားနို့ ဒါမှမဟုတ် ဒိန်ချဥ် နို့ထွက်ပစ္စည်းတစ်မျိုးမျိုး လှူပါ။ အကျိုးပေးတဲ့ ဂဏန်းကတော့ (၄၊ ၂၊ ၈) ဖြစ်ပါတယ်။

Comments

0 comments