Advertisement
ကိုယ့်ရဲ့အသက်ကိုတွက်ပြီး သိနိုင်မယ့် ဗေဒင်ဟောစာတမ်း

ကိုယ့်ရဲ့ အသက်ကိုတွက်ပြီး သိနိုင်မယ့် ဗေဒင်ဟောစာတမ်းကို ဖတ်ကြည့်ထားမယ်ဆိုရင် ဒီနှစ်အတွင်း ဘာတွေဖြစ်ပျက်မလဲဆိုတာ ကြိုသိထားနိုင်မှာနော်။

Marry ပရိသတ်ကြီးတို့ရေ ကိုယ့်ရဲ့ မွေးနေ့ရက်မဟုတ်ဘဲ ရောက်ရှိနေတဲ့ နှစ်ကိုပဲ တွက်ပြီး ကိုယ့်ရဲ့ ဗေဒင်ဟောစာတမ်းကို သိနိုင်ပါတယ်။ ကိုယ့်ရဲ့ အသက်က (၃၀) (၂၀) အစရှိသလို သိပြီဆိုတာနဲ့တင် သိနိုင်မှာမလို့ တွက်ကြည့်ရအောင်နော်။

လက်ရှိရောက်သက်ကို ၉ နဲ့ပေါင်းပါ။ ရလဒ်ကို ၄ နှင့်မြှောက်ပါ။ ရလဒ်ကို ၇ ဖြင့်ထပ်စားရပါမယ်။ရတဲ့အကြွင်းအလိုက် သက်ဆိုင်ရာဟောကိန်းကို ဖတ်ရမယ်။
ဥပမာ(၁)
ရောက်သက် ၃၄ နှစ်ရှိသူကို တွက်မယ်ဆိုရင်
၃၄ + ၉ = ၄၃
၄၃ × ၄ = ၁၇၂
၁၇၂ ÷ ၇ =အကြွင်းမှာ ( ၄ )ရပါမယ်
ဥပမာ( ၂ )
ရောက်သက် ၅၈ နှစ်ရှိသူကို တွက်မယ်ဆိုရင်
၅၈ + ၉ = ၆၇
၆၇ × ၄ = ၂၆၈
၂၆၈ ÷ ၇ =အကြွင်းမှာ ( ၂ ) ရပါမယ်
ဥပမာ( ၃ )
ရောက်သက် ၅၉ နှစ်ရှိသူကို တွက်မယ်ဆိုရင်
၅၉ + ၉ = ၆၈
၆၈ × ၄ = ၂၇၂
၂၇၂ ÷ ၇ =အကြွေးမှာ ( ၆ ) ရပါမယ်

(၁)ကြွင်း သက်ရောက်သောကိန်း

(၁) ကြွင်းသက်ရောက်နှစ်ဆိုရင်  ကံခေစေမယ်။ ကျန်းမာရေး အထူးဂရုပြုဖို့ လိုပါတယ်။ အပြောအဆို၊ အသွားအလာ၊ အနေအထိုင် အထူးသတိထားသင့်ပါတယ်။ ဒီနှစ်မှာ သေဘေးအထိ ကြုံတွေ့ရနိုင်ကြောင်းဟောကိန်းက ဖော်ပြထားပါတယ်။ အဆိုးများပြေ ကောင်းကျိုးဝေစေဖို့ မိမိထက်အသက်ရွယ်ကြီးတဲ့ မွေးနံတူသူတစ်ဦးကို အဟာရဖြစ်စေတဲ့ အစားသောက်များလှူဒါန်းဆုတောင်းပါ။

(၂)ကြွင်း သက်ရောက်ဟောကိန်း

(၂)ကြွင်းသက် ရောက်ကာလမှာ ပူပင်စရာ အကြောင်းမရှိပါ။ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများ၊ အောင်မြင်မည်။ စီးပွါးဖြစ်ထွန်းမည့်နှစ် ဖြစ်ပါတယ်။ လာဘ်လာဘရွှင်မယ်။ ဝင်ငွေများ၊ ကောင်းမွန်နေမယ်။ ကောင်းကျိုးချမ်းသာရရှိစေဖို့ မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကို ကြံရေ လှူဒါန်းပြီး ဆုတောင်းပါ။

(၃)ကြွင်း သက်ရောက်သောကိန်း

(၃)ကြွင်းသက်ရောက်နှစ်တွင် လက်ရှိနေထိုင်သောနေအိမ်ကနေ တခြားအိမ်ဆီပြောင်းရွှေ့ရပါမယ်။ ပြောင်းရွှေ့ရန်အကြောင်း ဖန်လာမယ်။ လက်ရှိအလုပ်အကိုင်မှလည်း အခြားအလုပ်သို့ ပြောင်းလဲလုပ်ကိုင်ရတတ်ပါတယ်။ ဝန်ထမ်းဖြစ်ရင် လက်ရှိမြို့ရွာမှ အခြားမြို့ရွာဆီ ရွှေ့ပြောင်းရတတ်ပါတယ်။ သားသမီးနဲ့ခွဲနေရတတ်ပါတယ်။ အမျိုးသမီးများ အိမ်ထောင်ရေးဖောက်ပြန်မှုခံရတတ်ပါတယ်။ အဆိုးများပြေပြီး ကောင်းမှုဆောင်စေဖို့ လပြည့်ညမှာ ဆန်၊ ဆီ၊ ဆေး ၊ဆားတို့ကို ဘုန်းကြီးတစ်ပါးကို လှူပါ။ လိုတဲ့ဆုတောင်းပါ။

(၄)ကြွင်း သက်ရောက်ဟောကိန်း

(၄) ကြွင်းသက်ရောက်နှစ်ဆိုရင် ကောင်းတဲ့နှစ်ပါ။ ပျော်ရွှင်ဖွယ်ရာ စိတ်ချမ်းသာစရာများ ဖြစ်ပေါ်လာမယ်။ လာဘ်လာဘရွှင်မယ်။ ရွှေ၊ ငွေ၊ ပစ္စည်း ဥစ္စာ များရမယ်။ ဝင်လာမယ်။ အပျို လူပျိုများအိမ်ထောင်ကျတတ်ပါတယ်။ ကောင်းမွန်သောအိမ်ထောင်ဖက်နဲ့စုံတတ်ပါတယ်။ ကောင်းကျိုးချမ်းသာမှုရရှိချင်ရင် ဝက်သားဟင်းနဲ့ ဆွမ်းကပ်လှူဒါန်းပြီးလိုရာဆုတောင်းပါ။

(၅)ကြွင်း သက်ရောက်ဟောကိန်း

( ၅ )ကြွင်းသက်ရောက်နှစ်တွင် ကံကောင်းလာမယ်။ ပျော်ရွှင်ရမယ်။ စိတ်ချမ်းသာရမယ်။ အိမ်ဝင်နိုင်တယ်။ လယ်မြေ၊ ခြံမြေ၊ယာမြေတို့ ဝင်လာနိုင်ပါတယ်။
 နေစရာထိုင်စရာ စိတ်တိုင်းကျဖြစ်လာပါမယ်။  နေအိမ်ဘုရားကျောင်းမှာ မေမြို့ပန်း (၁၉) ပွင့်လှူဒါန်းဆုတောင်းပါ။

(၆)ကြွင်း သက်ရောက်ဟောကိန်း

(၆)ကြွင်းသက်ရောက်နှစ်တွင် လာဘ်လာဘရွှင်မယ်။ ငွေများရမယ်။ ငွေရေးကြေးရေးအတွက် ပူပန်စရာမရှိပါ။ ဝင်လာမစဲ တသဲသဲဖြစ်၍နေမယ်။ ကောင်းသထက်ကောင်းအောင် မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအား သစ်သီးလှူဒါန်းပါ။ လိုရာဆုတောင်းပါ အဆင်ပြေပါလိမ့်မယ်။

(ဝ)ကြွင်း သက်ရောက်ဟောကိန်း

(၀) ကြွင်းသက်ရောက်နှစ်တွင် အစစအရာရာ ဝီရိယရှိရန် လိုအပ်ပါတယ်။ ရန်သူမျိုးငါးပါး သတိပြုရပါမယ်။ ဘေးဥပဒ်ကျရောက်နိုင်တဲ့ သတင်းစကားကို နားစွင့်၍နေထိုင်ရန် လိုပါတယ်။ မိန်းမဆိုး မုဆိုးမ ကိုယ်ဝန်ဆောင်အမျိုးသမီးနေအိမ်ဆီ ညအိပ်ညနေလက်မခံပါနဲ့ခိုက်တတ်ပါတယ်။ အဆိုးများပြေစေဖို့ ထန်းလျှက်ကို ခွေးလေခွေးလွင့်များအားပစ်ပေါက်ကျွေးပြီး အဆိုးများပြေဖို့ အခိုက်အရန်တွေ ပြေစေဖို့ ဆုတောင်းပါ။
ဆရာ ကောင်းစစ်သွေး(တူမူယာ) ယီကျင်း၊ဗေဒ၊ လက္ခဏာ ဆီမှ ကူးယူ ဖော်ပြပါတယ်။

 

Comments

0 comments