Advertisement

 ကိုယ့်ရဲ့ စီးပွားရေး လာဘ်လာဘ ကောင်းပြီး တိုးတက်ဖို့အတွက် အလုပ်လည်း ကြိုးစားရင်း ယတြာချေတာမျိုးလည်း လုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

ခုကာလကြီးမှာ အားလုံးလည်း စီးပွားရေး အနည်းနဲ့အများ ကြပ်တည်းနေကြမှာပါပဲ။ အလုပ်လုပ်စရာ ရှိတာတွေလည်း ကြိုးစားလုပ်ကိုင်ရင်းနဲ့ တစ်ဖက်တစ်လမ်းကနေ ကိုယ့်ကံမြင့်လာဖို့ ကုသိုလ်ကောင်းမှု လုပ်တာ၊ ယတြာချေတာတွေလည်း လုပ်လို့ ရပါတယ်။ ဒီတစ်ခါမှာတော့ (၇) ရက်သားသမီးတွေ စီးပွားလာဘ်လာဘတိုးတက်စေဖို့အတွက် ယတြာကောင်းလေး ပြောပြပေးမယ်နော်။ ချစ်တို့လည်း လိုက်လုပ်ကြည့်ပါဦး။

 

တနင်္ဂနွေသားသမီးအတွက်

ဖန်ခွက်တစ်ခွက်မှာ အုန်းရေ ထည့်ပြီးရင် ၊ အောင်သပြေ( ၉)ညွန့် စိုက်ပေးပါ။ မွေးနေ့နံ အရှေ့မြောက် ထောင့်နေရာမှာထားပါ။အမွှေးတိုင် (၇) တိုင် ဖယောင်းတိုင်( ၉)တိုင်ထွန်းပေးပါ။မိမိစီးပွားရေးကောင်းရန်ဆုတောင်းပါ။အရဟံ ဂုဏ်တော်ပုတီး (၃)ပတ်စိပ်ပါ။

တနင်္လာသားသမီးအတွက်

ဖန်ခွက်တစ်ခွက်မှာ ကြံရည် ထည့်ပြီးရင် ကံကော်ညွှန့် ၅ညွန့် စိုက်ပေးပါ။ မွေးနေ့နံ အရှေ့တည့်တည့် နေရာ မှာထားပါ။အမွှေးတိုင် (၇ )တိုင် ဖယောင်းတိုင် (၉) တိုင်ထွန်းပေးပါ။ မိမိစီးပွားရေးကောင်းရန်ဆုတောင်းပါ။ အရဟံ ဂုဏ်တော်ပုတီး (၃)ပတ်စိပ်ပါ။

အင်္ဂါသားသမီးအတွက်

ဖန်ခွက်တစ်ခွက် မှာ ဆန်ဆေးရည် ထည့်ပြီးရင် ဇီးညွှန့်၈ ညွန့် စိုက် ပေးပါ။ မွေးနေ့နံထောင့်အရှေ့တောင်
ထောင့် နေရာမှာ ထားပါ။အမွှေးတိုင်( ၇ )တိုင် ဖယောင်းတိုင် (၉)တိုင်ထွန်းပေးပါ။မိမိစီးပွားရေးကောင်းရန်ဆုတောင်းပါ။
အရဟံ ဂုဏ်တော်ပုတီး (၃)ပတ်စိပ်ပါ။

 ဗုဒ္ဓဟူးသားသမီးအတွက်

ဖန်ခွက်တစ်ခွက်မှာ လိမ္မော်ရည် ထည့်ပြီးရင် ရွက်လှ (၂)ခက် စိုက်ပေးပါ။ မွေးနေ့နံ တောင် အရပ် နေရာမှာထားပါ။အမွှေးတိုင် (၇ )တိုင် ဖယောင်းတိုင် (၉)တိုင်ထွန်းပေးပါ။ မိမိစီးပွားရေးကောင်းရန်ဆုတောင်းပါ။ အရဟံ ဂုဏ်တော်ပုတီး (၃)ပတ်စိပ်ပါ။

ndiatvnews.com

ကြာသပတေးသားသမီးများအတွက်

ဖန်ခွက်တစ်ခွက်မှာ ပျားရည် ထည့်ပြီးရင် မာလကာညွှန့် (၁၁)ညွန့် စိုက်ပါ။ မွေးနေ့နံ အနောက်အရပ် နေရာမှာ ထားပါ။အမွှေးတိုင် (၇) တိုင် ဖယောင်းတိုင် (၉)တိုင်ထွန်းပေးပါ။ မိမိစီးပွားရေးကောင်းရန်ဆုတောင်းပါ။ အရဟံ ဂုဏ်တော်ပုတီး (၃)ပတ်စိပ်ပါ။

 သောကြာသားသမီးအတွက်

ဖန်ခွက်တစ်ခွက်မှာ သကြားရေ ထည့်ပြီးရင် သြဇာညွှန့်(၃) ညွှန့် စိုက် ပေးပါ။ မွေးနေ့နံ မြောက်အရပ် နေရာမှာ လှူပါ (သို့)ထားပါ။အမွှေးတိုင်( ၇ )တိုင် ဖယောင်းတိုင် ၉တိုင်ထွန်းပေးပါ။မိမိစီးပွားရေးကောင်းရန်ဆုတောင်းပါ။
အရဟံ ဂုဏ်တော်ပုတီး (၃)ပတ်စိပ်ပါ။

စနေသားသမီးအတွက်

ဖန်ခွက်တစ်ခွက်မှာ နွားနို့ အစိမ်း ထည့်ပြီးရင် ဒန်းညွန့်(၇)ညွန့် စိုက်ပါ။ မွေးနေ့နံ အနောက်တောင် ထောင့် နေရာ မှာ ထားပါ။အမွှေးတိုင်( ၇ )တိုင် ဖယောင်းတိုင်( ၉)တိုင်ထွန်းပေးပါ။မိမိစီးပွားရေးကောင်းရန်ဆုတောင်းပါ။
အရဟံ ဂုဏ်တော်ပုတီ(း ၃)ပတ်စိပ်ပါ။

ရာဟုသားသမီးအတွက်

ဖန်ခွက်တစ်ခွက်မှာ ကိုကာကိုလာ အချိုရည်ထည့်ပြီးရင် ရွက်လှ (၃)ခက် စိုက်ပေးပါ။မွေးနေ့နံ အရှေ့မြောက်အရပ်မှာထားပါ။အမွှေးတိုင် (၇ )တိုင် ဖယောင်းတိုင် ( ၉)တိုင်ထွန်းပေးပါ။မိမိစီးပွားရေးကောင်းရန်ဆုတောင်းပါ။
ဗေဒင်ဆရာမကြီးဒေါ်သဇင်အောင်

Comments

0 comments