ချစ်ရေးဆိုသူတွေများပြီး ဘယ်သူ့ပြန်ချစ်ရမလဲ မသိရင် ဒီနည်းနဲ့ရွေးပါ

by: Phyo Pyae Thu
 0 comments  6 love

ချစ်ရေးဆိုသူတွေ များပြီး ဘယ်သူ့ကို ပြန်ကြိုက်ရလဲ စဉ်းစားရခက်နေပြီလား။ ယောက်ျားတစ်ယောက် ကောင်း၊ မကောင်းဆိုတာကလည်း အချိန်သေချာ စောင့်ကြည့်မှ သိနိုင်မှာလေ။

Marry က မိန်းကလေး ပရိသတ်ကြီးရေ ချစ်ရေးဆိုသူတွေ များပြီး ဘယ်သူ့ကို ပြန်ကြိုက်ရလဲ စဉ်းစားရခက်နေပြီလား။ ယောက်ျားတစ်ယောက် ကိုယ့်အပေါ် ကောင်း၊ မကောင်းဆိုတာကလည်း အချိန်သေချာ စောင့်ကြည့်မှ သိနိုင်မှာလေ။ ဒါပေမယ့်လည်း တဖက်သူက ဘယ်အကြာကြီး စောင့်နေမလဲ( ၃ နှစ် ၃ မိုးဆိုတာ မရှိတော့ဘူးလေ)။ ဒီတော့ ကိုယ့်ကို လာချစ်တဲ့သူတွေထဲကနေ ကိုယ်ကလည်း ရင်ခုန်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့သူ ရွေးချယ်ဖို့ စစ်ကူခေါ်လိုက်ရအောင်နော်။

တွက်ကြည့်ကြမယ် (photo: www.theatlantic.com)

တွက်ကြည့်ကြမယ်

၁= တနင်္ဂနွေ
၂ = တနင်္လာ
၃ = အင်္ဂါ
၎ = ဗုဒ္ဓဟူး
၅ = ကြာသပတေး
၆ = သောကြာ
၇ = စနေ လို့ သတ်မှတ်ရပါမယ်။

ကိုယ့်ကို ချစ်ရေးဆိုတဲ့သူနဲ့ ကိုယ့်ရဲ့ မွေးနံ (၂) ခုကို ပေါင်းပါ။ ပေါင်းလို့ ရလာတဲ့ ကိန်းကို (၅) နဲ့ မြှောက်ပါ။ အဲဒီ ဂဏန်းကို (၇) နဲ့ စားပါ။ Marry က ဥပမာလေး တစ်ခု တွက်ပြမယ်နော်။
ကိုယ့်ချစ်သူက ဗုဒ္ဓဟူးသားဖြစ်ပြီး ကိုယ်က တနင်္လာ သမီးဆိုရင်
ဗုဒ္ဓဟူး= ၎
တနင်္လာ= ၂
(၄+၂)= ၆ ×၅= ၃၀ ÷၇= ၂
ဒါဆိုရင် အကြွင်းက (၂) ပါ။

ဘယ်သူ့ပြန်ချစ်ရမလဲ (photo: www.theatlantic.com)

အကြွင်းကြည့်ကြမယ်

အကြွင်းက (၁) ဆိုရင် အချစ်ရေးမှာ ဆင်းရဲနွမ်းပါးနိုင်ပြီး စီးပွားရှာရ ခက်တာမျိုး ဖြစ်တတ်ပါတယ်။

အကြွင်း (၂) ဆိုရင် ချမ်းသာကြွယ်ဝပြီး အတူတူ ရှိလေ စီးပွားတက်လေပါပဲ။

အကြွင်း (၃) ဆိုရင် စီးပွားရှာသမျှ ကုန်တတ်ပါတယ်။ ဘယ်လောက်စုစု မရတာမျိုး ဖြစ်တတ်ပါတယ်။

အကြွင်း(၄) ဆိုရင် အတူတူ ရှိလေ အောင်မြင်လေပါ။

အကြွင်း (၅) ဆိုရင် နှစ်ယောက်အတူတူ ရှိလေ ချမ်းသာလေပါ။ မိတ်ဆွေကောင်းတွေလည်း အများကြီး ထပ်တွေ့ရနိုင်မယ့် သဘောပါ။

အကြွင်း(၆) ဆိုရင် နှစ်ယောက်အတူတူ ကူညီထောက်ပံ့ပေးမယ့်သူလည်း ပိုပြီးပေါများလာမယ့် ကံကြမ္မာမျိုး ပိုင်ဆိုင်ရမှာပါ။

အကြွင်း (၀) ဆိုရင် စိတ်အနှောင့်အယှက် ဖြစ်ရတာ၊ အပျက်အစီးများတာနဲ့ လုပ်သမျှ အရာမထင်တာမျိုး ဖြစ်တတ်ပါတယ်။ အခက်အခဲတွေလည်း ကြုံရတတ်ပါတယ်။

Marry က ပရိသတ်ကြီးတို့ရေ ချစ်ရေးဆိုတဲ့သူတွေ များနေလို့ စစ်ကူခေါ်ပြီး ရွေးချယ်တယ်ဆိုရင် ဒီနည်းလမ်းလေး သုံးကြည့်နော်။

 

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords