Advertisement
အချစ်ရေးကံကောင်းစေဖို့ယတြာကောင်းကောင်းလုပ်ချင်ရင်

Marry ရဲ့ ပရိသတ် ချစ်သူစုံတွဲလေးတို့ အတွက် အချစ်ရေး ကံကောင်းစေမယ့် ယတြာလေး အကြောင်း ပြောပြပေးချင်ပါတယ်။ မခက်ခဲတဲ့ ယတြာလေးပဲမို့ အချစ်ရေးကြောင့် စိတ်ညစ်နေရရင်၊ ချစ်သူလေးနဲ့ အဆင်မပြေ ဖြစ်နေရင် Marry အခုပြောပြမယ့် ယတြာလေးကို ချေကြည့်ပါနော်။

အချစ်ရေး ကံကောင်းစေမယ့် ယတြာ

ယတြာလေးကတော့ ရိုးရှင်းတဲ့ အပြင် ချစ်စရာလည်း ကောင်းလှပါတယ်။ ချစ်သူနှစ်ဦးရဲ့ နေ့နံပန်းတွေကို မွေးနေ့ထောင့်မှာ ဘုရားလှူပေးတာပါပဲ။ ဂြိုလ်သက်အလိုက် လှူပေးနိုင်သလို ပန်းနှစ်မျိုးပေါင်း ကိုယ့်ရဲ့ လက်နဲ့ ကိုင်ကြည့်လို့ လက်တစ်ဆုပ်စာ ရှိတယ် ဆိုရင်လည်း အဆင်ပြေပါတယ်။ ဘာနေ့သား၊ ဘာနေ့ သမီးတွေက ဘယ်ပန်းလှူရမလဲ ဆိုတာ ဆက်ပြောပြမယ်နော်။

  • တနင်္ဂနွေသား၊ သမီးများ အတွက် နေ့နံပန်း – အုန်းညွန့်
  • တနင်္လာသား၊ သမီးများ အတွက် – ကံ့ကော်ပန်း၊ ကြယ်ပန်း၊ ဂန္ဓမာပန်း
  • အင်္ဂါသား၊ သမီးများ အတွက် – စံပယ်၊ စကားပန်း၊  ဇီဇဝါပန်း၊ ဇလပ်ပန်း၊ စိန်ခြယ်ပန်း
  • ဗုဒ္ဓဟူးသား၊ သမီးများ အတွက် – ရွက်လှ
  • ကြာသပတေးသား၊ သမီးများ အတွက် – မေမြို့ပန်း၊ မြေဇာ၊ ပန်းတိမ်ငိုပန်း
  • သောကြာသား၊ သမီးများ အတွက် – သစ္စာပန်း၊ သစ်ခွပန်း၊ သပြေ
  • စနေသား၊ သမီးများ အတွက် – နှင်းဆီပန်း၊ နှင်းပန်း

Marry အခုပြောပြထားတဲ့ ပန်းလေးတွေအတိုင်း ချစ်သူနှစ်ဦးရဲ့ နေ့နံပန်းတွေကို ပေါင်းပြီး ဘုရားလှူရမှာပါ။ ဥပမာ – ကြာသပတေး သမီးနဲ့ တနင်္လာသားတို့ရဲ့ အချစ်ရေး အဆင်ပြေဖို့အတွက် မေမြို့ပန်းနဲ့ ကြယ်ပန်းကို ရောပြီး ဘုရားကပ်လှူပေးရမှာပါ။ ယတြာချေတဲ့သူက ကြာသပတေးသမီးဆို ကြာသပတေးထောင့်မှာ ချေရမှာ ဖြစ်ပြီး တနင်္လာသားက ချေတာဆိုရင်တော့ တနင်္လာထောင့်မှာ လှူရမှာပါ။ Marry ရဲ့ ပရိသတ်လေးတွေ အားလုံး အချစ်ရေးလေးတွေ အဆင်ပြေကြပါစေနော်။

Comments

0 comments