Advertisement
အချစ်ရေးအဆင်ပြေချင်တဲ့သူတွေ ဘယ်လိုယတြာလုပ်ကြမလဲ

အချစ်ရေး အဆင်မပြေချင်တဲ့ စုံတွဲဆိုတာ ရှိမှာတောင် မဟုတ်ပါဘူး။ ချစ်သူစုံတွဲတိုင်းကြားမှာ ရန်ဖြစ်တာ၊ စိတ်ဆိုးတာ၊ စိတ်ကောက်တာတွေ ရှိနေမှာပါ။ ဒီလိုမျိုး အချစ်ရေး မပြေတာတွေ ဖြစ်နေလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ယတြာလေး ချေတာမျိုး လုပ်လို့ ရပါတယ်။ အချစ်ရေး အဆင်ပြေစေဖို့ဘယ်လိုယတြာ လုပ်ရမယ်ဆိုတာ ပြောပြမယ်နော်။

အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက်ပါ။ ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်။ သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ အဖျားဘက်ကို အမျိုးသားနာမည် ရေးပါ။ ရွက်ကြော(အလယ်ကြော)ရဲ့ အောက်ဘက်မှာ အမျိုးသမီးနာမည်ကို ရေးပါ။
နောက် အရွက်တစ်ရွက်မှာတော့ ရွက်အလယ်ကြောရဲ့ အပေါ်ဘက်ခြမ်းမှာ “အချစ်ရေး အဆင်ပြေစေ” (သို့မဟုတ်)“အချစ်ရေး ပြန်အဆင်ပြေစေ” ဆိုတဲ့ စာတန်းရေးပါ။အရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာတော့ “ အချစ်ရေးမှာ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ” ဆိုတဲ့ စာတန်းရေးပါ။
သတိပြုရမှာက ချစ်သူ သက်တမ်း(၁) နှစ် မပြည့်သေးရင် သပြေရွက် နည်းနည်းနုတာကို သုံးပါ။ ချစ်သူသက်တမ်း (၁) နှစ်ကျော်ရင် သပြေရွက် ခပ်ရင့်ရင့်ကို သုံးပါ။ အဲဒီ စာရေးပြီး သပြေနှစ်ရွက်ကို အရင်းအချင်းချင်း၊ အဖျားအချင်းချင်း တည့်ဖြစ်အောင် မျက်နှာချင်းဆိုင် ထပ်လိုက်ပါ။ သပြေရွက်စုံတွဲ ဖြစ်သွားမယ်။ ပန်းရောင်ပုဝါ(သို့မဟုတ်) အဖြူရောင် ပုဝါတစ်ထည်နဲ့ သပြေရွက်စုံတွဲကို ထည့်ထုပ်ပြီးအင်္ကျီအိတ်ထဲမှာဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာဖြစ်စေ ထားရမယ်။နေ့တိုင်း နေ့ရော ညပါ ဘယ်အချိန်မဆို အဲဒီ သပြေရွက်ထည့်ထားတဲ့ ပဝါခေါက်ကို ညာလက်မှာ ကိုင်ပြီး အောက်ပါအတိုင်း နှုတ်က နှစ်ခေါက်ရွတ်ပါ။

အချစ်ရေး အဆင်ပြေပါစေ၊ စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ(ဒါမှမဟုတ်)အချစ်ရေး အမြန်ဆုံးပြန်အဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှင်ရပါစေ ”
အချိန်ရတိုင်း ခဏခဏ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ သပြေရွက်နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့ တနင်္လာနေ့ မွန်းလွဲ(၃)နာရီမှ (၄)နာရီခွဲအတွင်းပါ။ (၁၁)ရက်မှ (၁၁)ပတ်အတွင်း အောင်မြင်တတ်ပါတယ်။

Tags: horoscopelove

Comments

0 comments