ကိုယ်ချစ်နေတဲ့သူ ကိုယ့်ကို ပြန်ချစ်လာစေမယ့် ယတြာကောင်း

by: Phyo Pyae Thu
 0 comments  0 love

ကိုယ့်နာမည်အောက်မှာ ချစ်ခင်စွဲလမ်းလို့ ရေးပါ။ ဘယ်ဘက်ခြမ်းမှာ ချစ်သူရဲ့ နာမည်ကို ရေးပါ။ အဲဒီအောက်မှာ သစ္စာရှိစေဆိုပြီး ရေးပါ။

Marry က ပရိသတ်ကြီးရေ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်၊ ဂရုမစိုက်လို့ စိတ်ညစ်နေလား။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့်ကို အသိအမှတ်မပြုတာ၊  ကိုယ့်ကို မချစ်တာမျိုးဆိုရင် သူပြန်ချစ်လာအောင် နောက်ထပ် နည်းတစ်မျိုးနဲ့ ကြိုးစားလို့ ရပါတယ်နော်။ အဲဒါကတော့ ကိုယ့်ရဲ့ အညံ့ကံတွေ ပျောက်သွားပြီး ချစ်သူပြန်ချစ်လာစေမယ့် ယတြာကောင်းလေးပါ။

လိုအပ်တဲ့ပစ္စည်းလေးတွေ

ကိုယ်ချစ်နေတဲ့သူရဲ့ ဓါတ်ပုံ၊ ကျောက်ခဲတစ်လုံး၊ သံလိုက်တစ်တုံး၊ ဖယောင်းတိုင် အဖြူရောင် (၆) တိုင် လိုအပ်ပါတယ်။ သေချာ ပြင်ဆင်ထားဖို့တော့ မမေ့ပါနဲ့နော်။

ယတြာကောင်း (၁) (photo: www.dailymirror.lk/)

ယတြာကောင်း (၁)

ပထမဆုံး ကိုယ်ချစ်နေတဲ့သူ ပြုံးနေတဲ့ ဓါတ်ပုံကို မိတ္တူကူးထားပါ။ ပြီးရင်တော့ ဓါတ်ပုံပေါ်ကို ကျောက်ခဲတစ်လုံးနဲ့ သံလိုက်တစ်တုံး တင်ထားပါ။ သံလိုက်တုံးပေါ်မှာ ဖယောင်းတိုင် အဖြူရောင် (၆) တိုင် ထွန်းပေးပါ။ တစ်နေ့(၆) တိုင်နဲ့ (၆) ရက် ထွန်းရမှာ ဖြစ်သလို (၁) တိုင်ပြီးမှ နောက်တစ်တိုင် ထွန်းရမှာပါနော်။ ဒီလိုဆိုရင်တော့ ကိုယ့်ချစ်သူလေးက အမြန်ပြန်ချစ်လာမှာ သေချာပါတယ်။

ယတြာ(၂)(photo: www.dailymirror.lk/)

ယတြာ(၂)

ဗုဒ္ဓဟူးနေ့ည (၆) နာရီကနေ (၈) နာရီအတွင်း လုပ်ဆောင်ရမှာပါ။ စွယ်တော်ရက် တစ်ရက်ရဲ့ အတွင်း ညာဘက်ခြမ်းမှာ ကိုယ့်ရဲ့ နာမည်ကို ရေးပါ။  ကိုယ့်နာမည်အောက်မှာ ချစ်ခင်စွဲလမ်းလို့ ရေးပါ။ ဘယ်ဘက်ခြမ်းမှာ ချစ်သူရဲ့ နာမည်ကို ရေးပါ။ အဲဒီအောက်မှာ သစ္စာရှိစေဆိုပြီး ရေးပါ။ သတိပြုရမယ့် အချက်ကတော့ နာမည်တွေ နေရာ မလွဲစေဖို့ပါ။ စွယ်တော်ရွက်ကို ပြန်ပူးကပ်တဲ့အခါ ဟိုဘက်နဲ့ ဒီဘက် နာမည်တွေ တစ်ထပ်တည်း ကျဖို့ လိုပါတယ်။ ပြီးရင်တော့ စွယ်တော်ရွက်ကို ပူးလိုက်ပြီး ပလတ်စတစ် အိတ်အကြည်ထဲမှာ ထည့်ပါ။  ရေမွှေးတစ်ခုခု ဆွတ်ပါ။ ရေမွှေးဆွတ်ပြီး  ကိုယ့်ရဲ့ ခေါင်းအုံးအောက်ထဲ ထည့်ပါ။ မနက်တကြိမ် ညတစ်ကြိမ် စွယ်တော်ရွက်ကို ကိုင်ပြီး ဘုရားရှိခိုးတဲ့အခါ ဆုတောင်းပါ။

Source – မြန်မာရိုးရာဗေဒင်ပညာရှင်ဆြာကျော်ဇင်ထွဋ်ခေါင်

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords