Advertisement

ကိုယ့်ယောကျ်ားခြေရှုပ်နေလို့ စိတ်ညစ်နေပြီဆိုရင်တော့ ဒီယတြာလေး ချေထားလိုက်တော့နော်။ သေချာ လုပ်ဆောင်ရင် (၂) ပတ်အတွင်း ပြန်အဆင်ပြေမှာပါ။

အိမ်ထောင်တစ်ခု ထိန်းသိမ်းတယ်ဆိုတာ နှစ်ယောက်စလုံး ဟန်ချက်ညီဖို့ လိုပါတယ်။ နှစ်ယောက်စလုံးက အိမ်ထောင်ပေါ်မှာ စိတ်ဝင်စားပြီး အဆင်ပြေတိုးတက်အောင် လုပ်ဆောင်မှ အိမ်ထောင်ရေးသုခ ပြည့်စုံမှာပါ။ ဒါပေမယ့်လည်း တချို့အိမ်ထောင်ရေးတွေမှာတော့ ယောကျ်ားက ခြေမငြိမ်တာ၊ အပြင်မှာ တခြားကောင်မလေးတွေနဲ့ ပွေရှုပ်နေတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဆိုရင်တော့ ခြေငြိမ်အောင် လုပ်ဖု့ိလိုလာပါပြီ။ ကိုယ့်ယောကျာ်းက ခြေရှုပ်တာတွေ နည်းချင်ရင်တော့ စစ်ကူလိုတယ်နော်။

အမျိုးသားက တနင်္ဂနွေသားဆိုရင်

တနင်္ဂနွေနေ့ မနက်(၆) နာရီခွဲကနေ (၉) နာရီအတွင်းမှာ အနောက်အရပ်တည့်တည့်ကို မျက်နှာမူထားပြီး သင်္ဘောရွက်ကို နင်းထားလျက် ထန်းရွက်ပေါ်မှာ (ဝ) ဂဏန်းကို ရေးပါ။ ပြီးရင် အဲ့ထန်းရွက်ကို တနင်္ဂနွေသားရဲ့ အိပ်ယာအောက်မှာ ထားပါ။ အဲဒီနောက် ခြေငြိမ်စေဖို့ ဆုတောင်းပါ။

အမျိုးသားက တနင်္လာသားဆိုရင်

တနင်္လာနေ့ မနက် (၆) နာရီခွဲကနေ (၉) နာရီအတွင်းမှာ မြောက်အရပ်တည့်တည့်ကို မျက်နှာမူထားပြီး ဒန်းညွန့်ကို နင်းထားလျက် အုန်းညွန့်ပေါ်မှာ (၁) ဂဏန်းကို ရေးပါ။ ပြီးရင် အဲ့ဒီအုန်းညွန့်ကို တနင်္လာသားရဲ့ အိပ်ယာအောက်မှာ ထားပါ။ အဲဒီနောက် ခြေငြိမ်စေဖို့ ဆုတောင်းပါ။

အမျိုးသားက အင်္ဂါသားဆိုရင်

အင်္ဂါနေ့ မနက် (၆) နာရီခွဲကနေ (၉) နာရီအတွင်းမှာ အနောက်တောင်တည့်တည့်ကို မျက်နှာမူပြီး အုန်းရွက်ကို နင်းထားလျက် ကြံရွက်ပေါ်မှာ (၂) ဂဏန်းကို ရေးပါ။ပြီးရင်  အဲ့ဒီကြံရွက်ကို အင်္ဂါသားရဲ့ အိပ်ယာအောက်မှာ ထားပါ။ အဲဒီနောက် ခြေငြိမ်စေဖို့ ဆုတောင်းပါ။

အမျိုးသားက ဗုဒ္ဓဟူးသားဆိုရင်

ဗုဒ္ဓဟူးနေ့   မနက် (၆) နာရီခွဲကနေ (၉) နာရီအတွင်းမှာ အရှေ့မြောက် အရပ်တည့်တည့်ကို မျက်နှာမူထားပြီး ကြံရွက်ကို နင်းထားလျက် ဇီးရွက်ပေါ်မှာ (၃) ဂဏန်းကို ရေးပါ။ ပြီးရင် အဲဒီ ဇီးရွက်ကို ဗုဒ္ဓဟူးသားရဲ့ အိပ်ယာအောက်မှာ ထားပါ။ အဲဒီနောက် ခြေငြိမ်စေဖို့ ဆုတောင်းပါ။

ဗေဒင်ယတြာတွေ ချေချင်တယ်ဆိုရင်

ဗေဒင်ယတြာတွေ ချေချင်တယ်ဆိုရင်

အမျိုးသားက ကြာသပတေးသားဆိုရင်

ကြာသပတေးနေ့ မနက်(၆) နာရီခွဲကနေ (၉) နာရီအတွင်းမှာ အရှေ့အရပ်တည့်တည့်ကို မျက်နှာမူထားပြီး ဇီးရွက်ကို နင်းထားလျက် ရွက်လှပေါ်မှာ (၄) ဂဏန်းကို ရေးပါ။ ပြီးရင် အဲဒီ ရွက်လှကို ကြာသပတေးသားရဲ့ အိပ်ယာအောက်မှာ ထားပါ။ ခြေငြိမ်စေဖို့ ဆုတောင်းပါ။

အမျိုးသားက သောကြာသားဆိုရင်

သောကြာနေ့ မနက် (၆) နာရီခွဲကနေ (၉) နာရီအတွင်းမှာ အရှေ့တောင်အရပ်တည့်တည့်ကို မျက်နှာမူထားပြီး ရွက်လှကို နင်းထားလျက် မေမြို့ပန်းပေါ်မှာ (၅) ဂဏန်းကို ရေးပါ။ အဲဒီမေမြို့ပန်းကို သောကြာသားရဲ့ အိပ်ယာအောက်မှာ ထားပါ။ ခြေငြိမ်စေဖို့ ဆုတောင်းပါ။

ဗေဒင်ယတြာတွေ ချေချင်တယ်ဆိုရင်

ဗေဒင်ယတြာတွေ ချေချင်တယ်ဆိုရင်

အမျိုးသားက စနေသားဆိုရင်

စနေနေ့ မနက် (၆) နာရီခွဲကနေ (၉) နာရီအတွင်းမှာ တောင်အရပ်တည့်တည့်ကို မျက်နှာမူထားပြီး မေမြို့ပန်းကို နင်းလျက် နှင်းဆီရွက်ပေါ်မှာ (၆) ဂဏန်းကို ရေးပါ။ ပြီးရင် အဲဒီနှင်းဆီရွက်ကို စနေသားရဲ့ အိပ်ယာအောက်မှာထားပါ။ ထားတဲ့အချိန်မှာ ခြေငြိမ်အောင် ဆုတောင်းပါ။

ကိုယ့်ယောကျ်ားခြေရှုပ်နေလို့ စိတ်ညစ်နေပြီဆိုရင်တော့ ဒီယတြာလေး ချေထားလိုက်တော့နော်။ သေချာ လုပ်ဆောင်ရင် (၂) ပတ်အတွင်း ပြန်အဆင်ပြေမှာပါ။

source ဆရာဇေယျာနိုင်

Comments

0 comments