Advertisement

ဒီယတြာကို (၂၀၂၁) ခုနှစ် တစ်နှစ်လုံးမှာ (၂) ကြိမ်ပဲ လုပ်တယ်ဆိုရင် လုံလောက်ပါပြီနော်။ မကြာမကြာ လုပ်စရာ မလိုပါဘူး။ 

လူတိုင်း အချစ်ရေး အဆင်ပြေချင်ကြပါတယ်။ အချစ်နဲ့ အဆင်ပြေနေရင် လူတိုင်းသာသာယာယာ ရှိနေကြတာလည်း သဘာဝပါပဲ။ အိမ်ထောင်ရှိတဲ့သူလည်း လက်တွဲဖော်နဲ့ အချစ်ရေးအဆင်ပြေဖို့ နည်းလမ်းလေးတွေ လိုတာပေါ့။ ဒီတော့ (၂၀၂၁) ခုနှစ် တစ်နှစ်တာမှာ အချစ်ရေး အဆင်ပြေဖို့ ယတြာလေး လုပ်ဆောင်လို့ ရအောင် ပြောပြမယ်နော်။

တနင်္ဂနွေ သားသမီးများအတွက်

မွေးနေ့မှာ သက်သက်လွတ်တစ်ရက်စားပါ။ သောကြာနေ့မှာ အင်္ကျီအနီရောင် တစ်ထည်ပေါ်မှာ ကိုယ်အဆင်ပြေချင်တဲ့သူနနာမည်ကို ရေးပါ။ အင်္ကျီထဲမှာ နာရီအသေးတစ်လုံး ထည့်ပါ။ ပြီးရင် အပ်ချည်ကြိုးအနောက်ရောင်နဲ့ (၇) ပတ် ပတ်စီးပါ။ အဲဒီအင်္ကျီကို ကိုယ့်အိပ်ရာဘေးမှာထားအိပ်ပါ။ နောက်နေ့ မနက်မှာ တောင်အရပ်မှာရှိတဲ့ ရေထဲကို ပစ်ပါ။ အဲဒီအချိန်မှာ လိုရာဆုတောင်းပါ။ အချစ်ရေးအဆင်ပြေစေမယ့် ဆုမျိုးတောင်းပါ။

နှလုံးလမ်းကြောင်း ယတြာ

နှလုံးလမ်းကြောင်း ယတြာ

တနင်္လာသားသမီးများ အတွက်

မွေးနေ့မှာ သက်သက်လွတ်တစ်ရက်စားပါ။ ဗုဒ္ဓဟူးနေ့မှာ ကိုယ်ရည်ရွယ်ထားတဲ့သူရဲ့ ဓါတ်ပုံပေါ်မှာ သူ့နာမည်ရေးပြီး ရေခွက်နဲ့ အုပ်ထားပါ။ အိပ်ရာဘေးမှာ (၁၇) ရက် ထားအိပ်ပါ။ (၁၈) ရက်မြောက် မနက်မှာ ဓါတ်ပုံနဲ့ ရေခွက်ကို အရှေ့တောင်ထောင့် အရပ်ကို ပစ်ပါ။  မွေးနေ့မှာ သက်သက်လွတ်တစ်ရက်စားပါ။

အဂါၤသားသမီးများအတွက်

မွေးနေ့မှာ သက်သက်လွတ်တစ်ရက်စားပါ။  ကြာသပတေးနေ့မှာ စိန်ပန်းရွက်တစ်ရွက်မှာ နာမည်ရေးပြီး အကြွေစေ့ တစ်စေ့တင်ပါ။ အဲဒီအကြွေစေ့ပေါ်မှာ ဖယောင်းတိုင် အသေးတစ်တိုင်ထွန်းပါ။ ဖယောင်းတိုင် မီးငြိမ်းသွားရင် ဘုန်းကြီးကျောင်းလိုမျိုး သာသနာ တခုခု ပြုတဲ့နေရာမှာ စွန့်ပစ်ပါ။

နှလုံးလမ်းကြောင်း ယတြာ

နှလုံးလမ်းကြောင်း ယတြာ

ဗုဒ္ဓဟူးသားသမီးများအတွက်

မွေးနေ့မှာ သက်သက်လွတ်တစ်ရက်စားပါ။  စနေနေ့မှာ ရဲယိုရွက်ပေါ်မှာ ကိုယ်ရည်ရွယ်ထားတဲ့သူရဲ့ နာမည်ကို ရေးပြီး ယပ်တောင်နဲ့ အုပ်ထားပါ။ ကိုယ့်အိပ်ရာဘေးမှာ ထားအိပ်ပါ။ မနက်စောစောမှာ ယပ်တောင်နဲ့ ရဲယိုရွက်ကို စနေထောင့်မှာ စွန့်ပစ်ပါ။

ကြသပတေးသားသမီးများအတွက်

မွေးနေ့မှာ သက်သက်လွတ်တစ်ရက်စားပါ။ အင်္ဂါနေ့မှာ တံမြက်စည်းတစ်ချောင်း အိပ်ရာခြေရင်းမှာ တရက်ထားပြီး အိပ်ပါ။ နောက်နေ့မှာ ဘုရားလှူပါ။ လိုချင်တဲ့ဆုတောင်းပါ။

 

သောကြာသားသမီးများအတွက်

မွေးနေ့မှာ သက်သက်လွတ်တစ်ရက်စားပါ။ တနင်္ဂနွေနေ့မှာ အစိမ်းရောင်တဘက်ပေါ်မှာ သူ့နာမည်ရေးပြီး ခေါင်းအုံးအောက်မှာ ထားအိပ်ပါ။ မနက်မျက်နှာသစ်ပြီးရင် အဲဒီတဘက်နဲ့ သုတ်ပါ။ သုတ်တဲ့အချိန်မှာ သူနဲ့ အဆင်ပြေစေဖို့ ဆုတောင်းပါ။

စနေသားသမီးများအတွက်

မွေးနေ့မှာ သက်သက်လွတ်တစ်ရက်စားပါ။  ဗုဒ္ဓဟူးနေ့မှာ မြေစာပင် (၁၁) ခက်ကို အပ်ချည်ကြိုး အဖြူနဲ့ (၁၁) ပတ် ပတ်ပြီး ချည်ပါ။ ပြီးရင် အိပ်ရာဘေးမှာ ထားအိပ်ပါ။  တောင်ဘက်အရပ်မှာ စွန့်ပစ်ပြီး လိုချင်တဲ့ဆုကို တောင်းပါ။

ဒီယတြာကို (၂၀၂၁) ခုနှစ် တစ်နှစ်လုံးမှာ (၂) ကြိမ်ပဲ လုပ်တယ်ဆိုရင် လုံလောက်ပါပြီနော်။ မကြာမကြာ လုပ်စရာ မလိုပါဘူး။ 

Tags: 2021horoscope

Comments

0 comments