Advertisement

ဒီနှစ်မှာ ကိုယ့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကံကောင်းလား၊ အညံ့တွေ ရှိနေလားဆိုတာ သိချင်တယ်ဆိုရင်တော့ သက်ရောက်နှစ်ကို ကြည့်ပြီးတော့တင် သိနိုင်ပါပြီ။

စုံတွဲလေးတိုင်း အချစ်ရေး ကံကောင်းချင်ကြပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာ ကံကောင်းပေမယ့် နောက်နှစ်တွေမှာ ကံကောင်းဖို့ မသေချာနိုင်ပါဘူး။ နှစ်အလိုက် အချစ်ရေးကံ အနိမ့်အမြင့်တွေ ရှိနေမှာပါ။ ဒီနှစ်မှာ ကိုယ့်ရဲ့ အချစ်ရေးကံ ကောင်းတယ်၊ အညံ့တွေ ရှိနေတယ်ဆိုတာ သိချင်တယ်ဆိုရင်တော့ တွက်ချက်ကြည့်လို့ ရပါတယ်။ ဘယ်လို တွက်ချက်ရမလဲဆိုတာ ပြောပြမယ်နော်။

အချစ်ရေး ကံကောင်း မကောင်း သိချင်တဲ့သူတွေအတွက် (photo: selfhelparchive.com)

သက်ရောက်တွက်မယ်

  • တနင်္ဂနွေ သက်ရောက်
  • တနင်္လာ သက်ရောက်
  • အင်္ဂါ သက်ရောက်
  • ဗုဒ္ဓဟူး သက်ရောက်
  • စနေ သက်ရောက်
  • ကြာသပတေး သက်ရောက်
  • သောကြာ သက်ရောက် ဆိုပြီး ရှိတာမို့ ကိုယ်က ဘယ်သက်ရောက်ထဲမှာ ရှိနေလဲဆိုတာ တွက်ချက်ရမှာ ဖြစ်ပါတယ်။

သက်ရောက်တွက်မယ်ဆိုရင် အသက်ကို (၈) နဲ့ စားရမှာ ဖြစ်ပါတယ်။ ကြာသပတေး သမီး အသက်(၂၀) ဆိုရင် (၂၀ ÷၈) ပါ။ အကြွင်းက (၄) ဆိုတော့ အကွက်မှာ ကြာသပတေးကနေ နာရီလက်တံအတိုင်း စရေရပါမယ်။(၄) ကွက်မြောက်တဲ့ အကွက်ဟာ တနင်္ဂနွေဆိုရင် တနင်္ဂနွေ သက်ရောကို ကြည့်ရပါမယ်။

သက်ရောက်

တနင်္ဂနွေ သက်ရောက်

တနင်္ဂနွေသက်ရောက်ဆိုရင်တော့ အချစ်ရေး သိပ်ကံကောင်းတဲ့အထဲမှာ မပါနေပါဘူး။ ဒီနှစ်အတွက် အချစ်ရေးမှာတော့ ကိုယ်က စွဲစွဲလမ်းလမ်း ချစ်နေပေမယ့် သူ့ဘက်ကတော့ သိပ်ဂရုမစိုက်ပါဘူး။ အဲဒီလို မဟုတ်ရင်လည်း ကိုယ့်ရဲ့ ချစ်ရသူက စေ့စပ်ထားတာ၊ လူကြီးချင်း သဘောတူထားတာမျိုး ဖြစ်နေတတ်ပါတယ်။

တနင်္လာသက်ရောက်

တနင်္လာသက်ရောက်ဆိုရင်တော့ အချစ်ရေး ကံကောင်းနေတယ်လို့ ပြောလို့ရတဲ့ နှစ်ပါ။ ချစ်သူနဲ့ အဆင်ပြေနေပြီး အတူတွဲသွားတွဲလာ လုပ်ပြီး ကြည်နူးနေရတတ်ပါတယ်။ အဖိုးတန် လက်ဆောင်တွေ ရတတ်ပြီး ဒီနှစ်ဟာ အချစ်ရေး ကံအကောင်းဆုံး နှစ်ပါ။

အင်္ဂါသက်ရောက်

အင်္ဂါ သက်ရောက်ဆိုရင်တော့ အချစ်ကြောင့် သောကများရတတ်ပါတယ်။ အချစ်ခရီးလမ်းမှာ အနှောင့်အယှက် များနေပြီး အပြစ်မြင်တာတွေ ခံရမယ်။ အခြေအနေတွေကြောင့် ချစ်သူကို မဖြည့်ပေးနိုင်ဘဲ စိတ်ညစ်စရာတွေ ဖြစ်ပြီး လမ်းခွဲစရာတွေ ဖြစ်တတ်ပါတယ်။

ဗုဒ္ဓဟူးသက်ရောက်

ဗုဒ္ဓဟူးသက်ရောက်ဆိုရင်တော့ သာယာချမ်းမြေ့တဲ့ အချစ်တွေ ပေးစွမ်းနိုင်မှာပါ။ ကိုယ့်ချစ်သူက အလှအပ ကြိုက်တတ်တဲ့သူ ဖြစ်ဖို့များပြီး ချမ်းမြေ့မှုတွေ ပေးမှာပါ။ ချစ်သူက သဘောထားကြီးတဲ့သူမျိုး ဖြစ်မှာပါ။

ကြာသပတေးသက်ရောက်

အချစ်ရေးနဲ့ ပတ်သက်ပြီး ပျော်စရာအကောင်းဆုံး နှစ်ပါ။ စိတ်သဘောထားခြင်း တိုက်ဆိုင်ပြီး အပူအပင်မရှိ သာယာကြည်နူးတာတွေ ဖြစ်မယ့်အပြင် ကိုယ့်ကို အလိုလိုက်မယ့် ချစ်သူ ရရှိမှာပါ။ အချစ်ရေး ကံကောင်းမှာ သေချာပါတယ်။

သောကြာသက်ရောက်

မိန်းကလေးအနေနဲ့ အစေးမကပ်တဲ့ နှစ်လို့ ပြောလို့ ရပါတယ်။ အချစ်ရေးကို စိတ်မဝင်စားဘဲ တခြားအရာတွေကိုပဲ ဦးစားပေးနေတတ်ပါတယ်။ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ အချစ်ရေးကို စိတ်ကုန်နေတဲ့ နှစ်တစ်နှစ်လည်း ဖြစ်နိုင်ပါတယ်။

စနေသက်ရောက်

ချစ်တဲ့သူဆီက အဖြေရနိုင်မယ့် ကာလပါ။ ဒီကာလဟာ ချစ်သူနှစ်ဦးအတွက် ပျော်ရွှင်စရာ အကောင်းဆုံး သာယာချမ်းမြေ့စေတဲ့ နှစ်တစ်နှစ်ပါ။ လက်ထပ်ဖို့ ရည်ရွယ်ထားရင် လက်ထပ် ဖြစ်မှာ သေချာပါတယ်။

ဒီနှစ်မှာ ကိုယ့်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကံကောင်းလား၊ အညံ့တွေ ရှိနေလားဆိုတာ သိချင်တယ်ဆိုရင်တော့ သက်ရောက်နှစ်ကို ကြည့်ပြီးတော့တင် သိနိုင်ပါပြီ။

 

Comments

0 comments