Advertisement

အိမ်ထောင်ရေးမှာ ငွေရေးကြေးရေး၊ လူမှုရေးစတဲ့ အချက်တွေမှာ အညံ့တွေ ကြုံနေရပြီဆိုရင်တော့ အားလုံးအဆင်ပြေ ချောမွေ့နေစေဖို့အတွက် ဒီယတြာတွေ ချေကြည့်ပေးနော်။

နှလုံးသားလမ်းကြောင်းမှာ အညံ့တွေ ရှိနေပြီဆိုရင်  တည်ဆောက်ပြီးပြီဆိုရင်တော့ ကြုံတွေ့ရမှာတွေက အကောင်းရော၊ အဆိုးပါပဲ။ အကောင်းတွေပဲ တွေ့ဆုံချင်လု့ိ မရသလို အဆိုးတွေ အညံ့တွေ မလိုချင်လို့လည်း မရပါဘူးနော်။ နှစ်ခုစလုံးက ဒွန့်တွဲပြီး ရှိနေမှာပါ။ စုံတွဲလေးတို့ရဲ့ အချစ်ရေး အညံ့တွေကို ရှောင်လွှဲလို့ မရပေမယ့် အညံ့တွေ ဝင်လာတဲ့အခါ အမြန်ဆုံး ပြေပျောက်အောင်တော့ လုပ်လို့ ရပါတယ်။ ဘယ်လိုနည်းလမ်းတွေ သုံးလို့ ရမလဲဆိုတာ ပြောပြမယ်နော်။

နည်းလမ်း(၁)

သတင်းစာရွက်တစ်ရွက်ပေါ်မှာ ပုလင်းခွံအလွတ်တစ်လုံးကို ရေဆေးပြီးတင်ထားပါ။ နောက်ပြီး အဲဒီပုလင်းထဲမှာ စုံတွံလေးတို့ရဲ့ ဓါတ်ပုံကို မျက်နှာချင်းဆိုင် ကော်နဲ့ ကပ်ပြီး ပုလင်းထဲကို ထည့်ပါ။ နောက်ပြီး နှင်းဆီအဆူး(၂) ချောင်းကိုလည်း ထည့်လိုက်ပါ။ အဖုံးပြန်ပိတ်ထားပြီး အဲဒီအဖုံးပေါ်မှာ အနီရောင် ဖယောင်းတိုင် ထွန်းပါ။ ကိုယ့်ရဲ့ မွေးနေ့ရက်ကနေ စထွန်းရမှာ ဖြစ်ပါတယ်။ ကိုယ်က တနင်္လာသားဆိုရင် တနင်္လာကနေ စထွန်းပါ။ (၃) ရက်တိတိ ထွန်းရမှာ ဖြစ်ပြီး (၃) ရက်ပြည့်ရင် ပုလင်းအဖုံးကို လုံးဝမဖွင့်ဘဲ ချောင်းထဲမှာ မျှောပါ။ မျှောမယ့်နေ့မှာ မေတ္တာသုတ် သေချာရွတ်ပြီး ကွဲသွားတဲ့သူ ပြန်လာဖို့ ဆုတောင်းပါ။

 

နည်းလမ်း(၂)

နှလုံးသားလမ်းကြောင်းမှာ အညံ့တွေ ကြုံလို့ ပျောက်ချင်တယ်ဆိုရင်တော့ ကြွေပန်းကန်ပြားတစ်ချပ်မှာ ဇီးကွက်ရုပ်(၂) ရုပ်ကို မျက်နှာချင်းဆိုင် ပူးပြီး ဇီးကွက်ရဲ့ ပတ်ပတ်လည်မှာ လက်ဖက်အစိုနည်းနည်းလောက် ထားထားပေးပါ။ ဇီးကွက်ရုပ် (၁) ရုပ်ရဲ့ အနောက်မှာ ယောကျ်ားရဲ့ နာမည် ရေးပါ။ နောက်ဇီးကွက်ရဲ့ အနောက်မှာ မိန်းမရဲ့နာမည်ကို ရေးပါ။ ဘောပင်အပြာရောင်နဲ့ပဲ ရေးပါ။ နောက်ပြီး အိပ်တဲ့ခေါင်းရင်းဘက်မှာပဲ ဖြစ်ဖြစ် အမြင့်နေရာမှာပဲ ဖြစ်ဖြစ် ထားပါ။ ဂုဏ်တော်ရွတ်ပြီးတိုင်း ဆုတောင်းပါ။ ဒါဆိုရင် အိမ်ထောင်ရေး အညံ့တွေ ပြေပျောက်သွားမှာပါ။

အညံ့တွေ ရှိနေရင်

အညံ့တွေ ရှိနေရင် (photo: indiatvnews.com/)

နည်းလမ်း(၃)

သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြောအပေါ်ဘက်နေရာမှာ အညှာဘက်ကနေ အဖျားဘက်ကို ကောင်လေးရဲ့နာနည် ရေးပါ။ ရွက်ကြောရဲ့ အောက်ဘက်မှာ မိန်းကလေး နာမည်ရေးပါ။ နောက်တစ်ရွက်မှာတော့ ရွက်အလယ်ကြောရဲ့ အောက်ဘက်ခြမ်းမှာ “အချစ်ရေး စိတ်ချမ်းသာပျော်ရွှင်ရပါစေ” ဆိုပြီး စာရေးပါ။ ပြီးရင်တော့ အဲဒီသပြေနှစ်ရွက်ကို မျက်နှာချင်းဆိုင် ထပ်လိုက်ပါ။ သပြေရွက် စုံတွဲလေး ဖြစ်သွားပြီဆိုရင် ပုဝါအသေး ပန်းရောင် ဒါမှမဟုတ် အဖြူရောင် တစ်ထည်ထဲမှာ ထည့်ပြီး ထုပ်လိုက်ပါ။ အဲဒီပုဝါနဲ့ ထုပ်ထားတဲ့ သပြေရွက်အတွဲလေးကို ကိုယ်နဲ့အနီးဆုံးနေရာမှာ ဆောင်ထားရပါမယ်။

အိတ်ကပ် ဒါမှမဟုတ် ပိုက်ဆံအိတ်လို နေရာမျိုးမှာ ထားပါ။ ဘယ်အချိန်မဆို သပြေရွက်ထည့်ထားတဲ့ ပုဝါကို ညာဘက်လက်မှာ ကိုင်ပြီး အချစ်ရေးအဆင်ပြေပါစေ၊ အမြန်ဆုံး အဆက်အသွယ် ပြန်ရပါစေ ဆိုပြီး ပြောပေးပါ။ ခဏခဏ လုပ်မယ်ဆိုရင်လည်း လုပ်ပါတယ်။ သပြေရွက် နှစ်ရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်၊ အချိန်ကတော့ တနင်္လာနေ့ နေ့လည်(၃) နာရီကနေ (၄) နာရီခွဲအတွင်းမှာ ရေးရမှာ ဖြစ်ပါတယ်။

အိမ်ထောင်ရေးမှာ ငွေရေးကြေးရေး၊ လူမှုရေးစတဲ့ အချက်တွေမှာ အညံ့တွေ ကြုံနေရပြီဆိုရင်တော့ အားလုံးအဆင်ပြေ ချောမွေ့နေစေဖို့အတွက် ဒီယတြာတွေ ချေကြည့်ပေးနော်။

Comments

0 comments