ပရိသတ်ကြားမှာအောင်မြင်မှုအခိုင်အမာရရှိခဲ့တဲ့ After (Romance Drama)ရဲ့ Seanson 3 မကြာခင်မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။
လူငယ်တွေကြားမှာရေပန်းစားပြီးအောင်မြင်မှုအခိုင်အမာရရှိခဲ့တဲ့ After Movie ဟာဆိုရင် အချစ် အလွမ်း မိသားစုအတွင်းရေးရှုပ်ထွေးမှုတွေကိုအဓိက နှောင်ဖွဲ့ပြီး ရိုက်ကူးထားတဲ့ Romance Drama ဇာတ်ကားပဲဖြစ်ပါတယ်။
Hardin နဲ့ Tessa တို့ရဲ့ Releationship တစ်ခုအပေါ်မှာလက်ခံထားတဲ့ မတူညီတဲ့ အတွေးအမြင်တွေ Releationship တစ်ခုမှာကြုံတွေ့လာရတဲ့ အခက်အခဲတွေ နားလည်မှုလွဲတဲ့အရာတွေကို သူတို့နှစ်ဦးဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
လာမည့် စက်တင်ဘာလ ၂၇ရက်နေ့မှာထွက်ရှိလာမည့် After Season 3 ရဲ့ ခေါင်းစဉ်ကတော့ After Ever Happy လို့အမည်ပေးထားပါတယ်။After ရဲ့ပရိသတ်တွေအနေနဲ့ မဖြစ်မနေစောင့်ကြည့်ရမည့် ဇာတ်လမ်းတစ်ခုလဲဖြစ်တာမို့ ဒီတစ်ပတ်ရဲ့ Movie လမ်းညွှန်ကနေ ညွှန်းပေးလိုက်တယ်နော်။
Comments