Advertisement
အကောင်းဆုံး Korea Drama တစ်ခုဖြစ်လာနေတဲ့ ' Pachinko '

Pachinko ‘က ကိုရီးယား, ဂျပန်, အမေရိကန်ကြားက စစ်ပွဲအတွင်းမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ ကိုရီးယား မိသားစုအကြောင်းကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။

အခုလက်ရှိမှာ ကိုရီးယားဇာတ်လမ်းတွဲအသစ်တွေများစွာ ထုတ်လွှင့်ပြသလျှက် ရှိပါတယ်။ ဒီထဲမှာမှ စကားလုံးကောင်းကောင်းလေးတွေနဲ့ တကယ့်ကို စိတ်ဝင်တစားကြည့်လို့ကောင်းတဲ့ ဇာတ်ကားထဲမှာ အပိုင်း (၃) ထိ ထုတ်လွှင့်ပြသပြီးပြီဖြစ်တဲ့ ‘ Pachinko ‘ ကားပဲဖြစ်ပါတယ်။ မင်းသားကတော့ သိတဲ့အတိုင်း လီမင်ဟို နဲ့ မင်းသမီးလေး Kim Mim Ha တို့ပါဝင်ထားသလို တခြားနာမည်ကြီးသရုပ်ဆောင်များစွာက ပါဝင်ထားကြတဲ့ ဒီ drama ကို Apple+ TV မှ stream လုပ်ခဲ့တာဖြစ်ပါတယ်။

‘ Pachinko (パチンコ) ဆိုတာ အကြွေစေ့လို သံလုံးလေးတွေထည့်ပြီးဆော့ရတဲ့ Slot machine + Pin ball ဂျပန်လောင်းကစားနည်းတစ်မျိုးဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာဆိုရင်တော့ဆိုလိုမွန်ရဲ့အဖေဖွင့်ထားတဲ့ လောင်းကစားရုံက Pachinko ဂိမ်းရုံပါပဲ။
Pachinko ကိုကစားမယ်ဆိုရင် ကစားသမားဟာ တစ်နေရာထဲမှာ ထိုင်ဆော့ရတာဖြစ်ပြီး စက်ကခလုတ်လေးနဲ့ အရှိန်ကို ထိန်းရတာပါ။
​သံလုံးလေးတွေကို Alibaba တို့ game city တို့မှာအကြွေစေ့ဝယ်သလို ကောင်တာမှာ ပိုက်ဆံဒါမှမဟုတ် credit card နဲ့ဝယ်လို့ရပါတယ်။
သံလုံးလေးတွေကို စက်ထဲထည့်လိုက်တဲ့အခါ အားလုံးကစက်ထဲကိုကျသွားပြီး အဲ့ဒီထဲက အချို့တဝက်သာလျှင် Special Holes လို့ခေါ်တဲ့ အပေါက်လေးတွေထဲကျသွားတဲ့အခါ Jack Pot ဖြစ်သွားပြီး သံလုံးလေးတွေ အများကြီး အလျော်ပြန်ရမှာ ဖြစ်ပါတယ်။
(ယန်း၁၀၀ ဖိုးလောက်ဆော့ယုံနဲ့တော့ဘောလုံးတွေစက်ထဲကိုလွှင့်ပစ်လိုက်သလိုပဲဖြစ်မှာပါတဲ့) များများရင်းပြီး ဘောလုံးများများ ထည့်နိုင်မှ Special Hole ထဲဝင်မှာပါ။ အလျော်ရတဲ့သံလုံးလေးတွေကို ရုံထဲက ကောင်တာမှာပစ္စည်းလေးတွေနဲ့ ပြန်လဲလို့ ရပါတယ်။
ဂျပန်နိုင်ငံရဲ့လောင်းကစားဥပဒေအရ ငွေသားအဖြစ်ယူလို့တော့ မရပေမယ့် တစ်ပတ်ရိုက်ပြီး အရင်ဆုံး ပစ္စည်းတစ်ခုနဲ့လဲပြီးတော့မှ ရုံအပြင်နားကနေရာလေးမှာ ပိုက်ဆံနဲ့ပြန်လဲလို့ရပါတယ်တဲ့ ‘  ဆိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဗဟုသုတအချက်လေးတွေကို Your Little In Korea Yangon Page မှ ရေးသားထားပါတယ်။
 ‘ Pachinko ‘က ကိုရီးယား, ဂျပန်, အမေရိကန်ကြားက စစ်ပွဲအတွင်းမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ ကိုရီးယား မိသားစုအကြောင်းကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ Lee Min Ho ရဲ့ character ကတော့ ရာကူဇာတွေနဲ့ ပတ်သတ်မှူရှိနေတဲ့ ချမ်းသာပြီး ဩဇာအာဏာကြီးမားတဲ့ ကုန်သည် Koh Hansu အဖြစ် ပါဝင်ထားပါတယ်။ အော်စကာဆုရှင် မင်းသမီးကြီး Youn Yuh Jung ကတော့ Sunja အဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ်။  Korean – American စာရေးဆရာ Min Jae Lee ရဲ့ Best seller novel ဖြစ်တဲ့ “Pachinko”ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Apple tv+ ကနေ မနက်ဖြန် March 25 ရက်နေ့မှာ 3 ပိုင်း အပတ်စဉ် သောကြာနေ့တိုင်းမှာ 1 ပိုင်းနဲ့စုစုပေါင်း Episode 8 ပိုင်း ထုတ်လွှင့်မှာဖြစ်ပြီး ကိုရီးယား၊ ဂျပန်၊ အမေရိကန် ဘာသာစကား ၃ မျိုးဖြင့် ပြသသွားမယ်လို့ သိရပါတယ်။

Comments

0 comments