Advertisement

YG Entertainment ကလည်း အတည်ပြုထားပေးပြီး ဒီDrama ကားဟာ Jisoo အတွက် ဇာတ်ဆောင်အဖြစ် ပထမဦးဆုံး သရုပ်ဆောင်မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်

K-Pop Girl Group ဖြစ်တဲ့ Blackpink ကိုတော့ ချစ်ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ ပရိသတ်ကြီးတွေကြားထဲမှာ ရေပန်းစားတဲ့ သီချင်းတွေ ဖန်တီးဖြစ်တဲ့ Blackpink အဖွဲ့ထဲက Jisoo က ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

Jisoo က “Snowdrop” Drama ဇာတ်ကားမှာ Main Role အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပြီး ဇာတ်ညွှန်းကတော့ Yoo Hyunmi ဖြစ်ပြီး ဒါရိုက်တာကတော့ Hyuntak ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Hyuntak ဟာ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ SKY Castle စီးရီး ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။

ဒီသတင်းကို YG Entertainment ကလည်း အတည်ပြုထားပေးပြီး ဒီDrama ကားဟာ Jisoo အတွက် ဇာတ်ဆောင်အဖြစ် ပထမဦးဆုံး သရုပ်ဆောင်မှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

Tags: movie

Comments

0 comments