Advertisement

သူတို့နှစ်ဥ◌ီးက လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ညီလာခံပွဲမှာ အမှတ်မထင် တွေ့ခဲ့ကြပြီး ချစ်ဇာတ်လမ်းလေးတွေ ဖြစ်ခဲ့ကြပါတယ်။

 

ကိုရီးယား ဒရမ်မာတွေ ကြည့်ရတာ ရိုးလာပြီဆိုတော့ ရှောင်ကောကောတို့ရဲ့ တရုတ်သိုင်းကားဘက်ကို လှည့်ကြစို့နော်။ ဒီတစ်ခေါက်မှာတော့ တရုတ်သိုင်းကား ကောင်းကောင်းတစ်ကားလောက် ကြည့်ရအောင်။ ဇာတ်ကားနာမည်ကတော့ ကျိန်စာပြယ်သော သစ္စာတရား ဖြစ်ပြီး အပိုင်းကတော့ (၅၉) ပိုင်းအထိ ရှိပါတယ်။ ဇာတ်လမ်းအကြောင်းအရာ နည်းနည်းလေး Marry ကနေ ပြောပြပေးမယ်နော်။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က ကောင်းကင်ဘုံက စစ်နတ်ဘုရားနဲ့ မိစ္ဆာတို့ တိုက်ပွဲတစ်ခုဖြစ်ခဲ့ကြတယ်။ ဒီပွဲမှာ ကောင်းကင်ဘုံက စစ်နတ်ဘုရားက အနိုင်ရရှိခဲ့ပေမယ့် နှစ်ဥ◌ီးစလုံး ကောင်းကင်ဘုံကနေ ပြုတ်ကျခဲ့ပြီး ပျောက်ဆုံး သွားခဲ့ပါတယ်။

လူ့လောကမှာ နတ်အဖြစ် ကျင့်ကြံနေတဲ့ ဂိုဏ်း(၅) ဂိုဏ်းရှိပြီး ရှောက်ရန်ဂိုဏ်းက သမီးနှစ်ဥ◌ီး မွေးဖွားခဲ့ပါတယ်။ အဲဒါကတော့ ချူလင်းလုံနဲ့ ချူရွမ်ကျီးပါ။ သမီးငယ်ဖြစ်တဲ့ ချူရွမ်ကျီးဟာ အာရုံ(၆) ပါးပျောက်ဆုံးနေခဲ့သူပါ။

ဂိုဏ်းကြီး(၅) ဂိုဏ်းထဲက (၁) ဂိုဏ်းဖြစ်တဲ့ လီကျယ်နန်းတော်ဂိုဏ်းမှာလည်း ရှောက်ရန်ဂိုဏ်းက သမီးချူရွှမ်ကျီးနဲ့ မွေးနေ့တူတဲ့ တပည့်ဂိုဏ်းသားတစ်ယောက် ရှိနေခဲ့ပါတယ်။ သူကတော့ လီကျယ်နန်းတော်ရဲ့ အတော်ဆုံးတပည့်ဖြစ်တဲ့ ယွီစီးဖုန့်ပါ။

သူတို့နှစ်ဥ◌ီးက လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ညီလာခံပွဲမှာ အမှတ်မထင် တွေ့ခဲ့ကြပြီး ချစ်ဇာတ်လမ်းလေးတွေ ဖြစ်ခဲ့ကြပါတယ်။

သူတို့နှစ်ဥ◌ီးဟာ ညီလာခံအပြီး နောက်လေးနှစ်ကြာမှာ ပြန်တွေ့ဆုံရချိန်မှာတော့ ယွီစီးဖုန့်ဟာ အချစ်စစ်နဲ့ ချစ်တဲ့သူ ချွတ်ပေးမှ ရမယ့် အချစ်ကျိန်စာ မျက်နှာဖုံး တပ်ဆင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။ ယွီစီးဖုန့်ရဲ့ အချစ်ကျိန်စာကို ပယ်ဖျက်ပေးနိုင်မယ့်သူက ဘယ်သူဖြစ်မလဲ၊ ချူရွှမ်ကျီးကရော ဘာလို့ အာရုံ(၆) ပါးစလုံး ဆုံးရှုံးနေရသလဲဆိုတာတွေ ကြည့်ရမှာပါ။ သူတို့ နှစ်ဥ◌ီး ပြန်ဆုံတွေ့ချိန်မှာတော့ မိစ္ဆာတွေက ဂိုဏ်းကြီးတွေကို နှောင့်ယှက်တိုက်ခိုက်နေချိန်မလို့ သူတို့ ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ၊ သူတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လို ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Comments

0 comments