Advertisement
ကိုရီးယားဇာတ်လမ်းတွဲများမှ ကြည်နူးစရာကောင်းလွန်းလှတဲ့ စုံတွဲများ 

The Coffee Prince Loveteam

ကော်ဖီ ချစ်သူ ဇာတ်ကား နဲ့ နာမည်ကြီးခဲ့သလို အလိုက်ဆုံး စုံတွဲအနေနဲ့လည်း နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်

နှစ်ယောက်စလုံးရဲ့ လိုက်ဖက်နေမှုကြောင့် ဇာတ်လမ်းတစ်ခုလုံး မပျင်းရဘဲ ဆွဲဆောင်နိုင်လွန်းတဲ့ ကိုရီးယား ဇာတ်လမ်းတွဲ ကောင်းတစ်ခုပါ

Rain and Song Hye Kyo (Full House)

ချစ်စံအိမ်ဇာတ်လမ်းတွဲ ကတော့ နာမည်ကြီး နှစ်ယောက်လုံးပါဝင်ခဲ့တာမို့ ပရိသတ်ရဲ့ အားပေးမှုကို အထူးရရှိခဲ့တဲ့ ဇာတ်ကားဖြစ်သလို မင်းသားနဲ့ မင်းသမီးရဲ့ လိုက်ဖက်မှုကလည်း တကယ်ကို ပီပြင်လှပါတယ်

ဒီဇာတ်ကားမှာတော့ နှစ်ယောက်လုံး ချစ်ဖို့ ကောင်းနေတာလည်း ဖြစ်ပါတယ်

Lee Min Ho and Ku Hye Sun (Boys Over Flowers)

လီမင်ဟို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလို့ ဆိုရမှာ ဖြစ်ပြီး မင်းသမီးနဲ့ လိုက်ဖက်မှုကလည်း တကယ့်ကို သရုပ်ပါပြီး ကြည့်ကောင်းလွန်းလို့ မြန်မာပရိသတ်တွေကြား အားပေးမှု အများဆုံးရရှိခဲ့တဲ့ ဇာတ်ကားပါ

 

 

Kim Soo Hyun and Jun Ji Hyun (My Love From the Star)

ဒီဇာတ်လမ်းတွဲ ကတော့ မင်းသမီးရဲ့ သရုပ်ဆောင်မှုက အရမ်းကောင်းသလို မင်းသားနဲ့ အတွဲညီလို့ ပိုကြည့်ကောင်းခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုလည်း ဖြစ်ပါတယ်

Song Joong Ki and Song Hye Kyo (Descendants of the Sun)

မင်းသားနဲ့ မင်းသမီးရဲ့ သရုပ်ဆောင်ကောင်းပြီး အတွဲညီမှုကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အထူးရရှိခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပြီး ဇာတ်လမ်းတွဲ ရိုက်အပြီးမှာ လက်ထပ်ခဲ့ရတဲ့ စုံတွဲဆိုလည်း မမှားပါဘူး

အခုတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုကွဲလွဲမှုကြောင့် လမ်းခွဲခဲ့ကြပေမယ့်လည်း ဒီဇာတ်လမ်းလေးကတော့ သူတို့ နှစ်ယောက်အတွက် အမှတ်တရ အရှိဆုံးအရာ ဖြစ်လို့ နေမှာပါ

Comments

0 comments