Advertisement
ကမ္ဘာကျော် ဘော်လုံးသမား Cristiano Ronaldo ရဲ့ အမျိုးသမီး Georgina ရဲ့ Documentary ထွက်ရှိ
ဒီတစ်ပတ်အတွက်ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့ I Am Georgina ဆိုတဲ့ documentary လေးပဲဖြစ်ပါတယ်။
ကမ္ဘာကျော် ဘော်လုံးသမား Cristiano Ronaldo ရဲ့ အမျိုးသမီး Georgina ဆိုတာ အထူးတလည်မိတ်ဆက်ပေးစရာမလိုသလို မိန်းကလေးတိုင်း အားကျရတဲ့အမျိုးသမီးတစ်ဦးဆိုလဲ မမှားပါဖူးနော်။
သူမဟာ influencer, စီးပွါးရေးပညာရှင်တစ်ယောက် Instagram မှာ followers အများဆုံးသော ကမ္ဘာကျော်အမျိုးသားရဲ့ လက်တွဲဖော်တစ်ယောက်ဆိုလဲဟုတ်ပါတယ်။ ပကာသနတွေ မပါဘဲ တင်စားရမယ်ဆိုရင်တော့ သူမဟာ မိခင်တစ်ယောက်၊အချစ်ကြောင့် ပြောင်းလဲသွားခဲ့သူတစ်ယောက်ပေါ့၊Cristiano Ronaldo ကို ပိုင်ဆိုင်ထားတဲ့၊ မီဒီယာမှာ မျက်နှာပန်းလှတဲ့၊ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဆိုလဲဟုတ်ပါတယ်။
လူတိုင်းဟာ အချစ်ရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အဘက်ဘက်ကနေ ဒီအမျိုးသမီးကို အားကျကြတယ်။ လေးစား
ကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ မဂ္ဂဇင်း ကာဗာတွေရဲ့ နောက်ကွယ်၊ အင်စတာဂရမ်ပုံတွေရဲ့ ‌နောက်ကွယ်၊ ကောဇောခင်းနီတွေရဲ့ နောက်ကွယ် ခြုံငုံပြောရရင် အောင်မြင်မှုဆိုတဲ့ ကန့်လန့်ကာနောက်ကွယ်က သူ့ဘ၀ကို ချပြဖို့ ဆုံးဖြတ်ခဲ့ပါပြီ။
လူထဲက လူတစ်ယောက်ပေမဲ့ အောင်မြင်ကျော်ကြားသူ ဖြစ်လာတဲ့အခါ သူ့ရဲ့ Personal Life ကအစ စိတ်၀င်စားစရာဖြစ်လာပါတယ်။ဒီတော့ ဒီ reality show မှာရော Ronaldo ကတော်က ဘယ်လိုစိတ်၀င်စားစရာ ဘ၀အကြောင်းတွေ ချပြပြီး ဘာတွေ သိလာရမလဲဆိုတာ အင်မတန်မှ စိတ်၀င်စားစရာပါပဲ၊
ဒီ documentary ထဲမှာ လွန်ခဲ့တဲ့ငါးနှစ်က သူနဲ့ ရော်နယ်ဒို စပြီးတွေ့ဆုံဖြစ်ခဲ့ပုံတွေ၊အမေတစ်ယောက်၊စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၊ influencer တစ်ယောက်အနေနဲ့ သူ့ဘဝကို ဘယ်လိုလည် ပတ်နေပုံတွေ Christiano ရဲ့ မိသားစုနဲ့ သူနဲ့ကြား ဆက်ဆံရေးတွေ ဘာမှမရှိတဲ့ဘဝကိုရော အရာရာပြည့်စုံနေတဲ့ဘဝကိုပါ ‌ပိုင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက်မှာ ဒါတွေအပေါ် သူ့ရဲ့အမြင်၊ခံစားချက်တွေစတာတွေကို ရိုက်ကူးတင်ဆက်‌ပြထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ခုပါနော်။

Comments

0 comments