Advertisement

ချစ်တို့ရေ အချစ်ဟာသဇာတ်မြူးကားလေး တစ်ကားမလို့ လက်လွတ်မခံသင့်ဘူးနော်။

ချစ်တို့ရေ  Home Stay ကာလလေးဆိုတော့ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေပြီး ကိုယ်ခံအား ကောင်းအောင် နေသင့်တယ်နော်။ ဒီတော့ ချစ်တို့ ကျန်းမာစေမယ့် အစားအသောက်တွေ ရွေးစားဖို့ လိုသလို နေထိုင်မှု ပုံစံတွေလည်း ပြောင်းသင့်တယ်လေ။ ရုံးအလုပ် လုပ်တဲ့သူတွေလည်း အိမ်မှာ အလုပ်လုပ်ရင်း စိတ်အပန်းဖြေရင်း နေသင့်တာပေါ့။ ဒါမှ  Home Stay ရတာ မပျင်းမှာလေ။ စိတ်အပန်းဖြေဖို့အတွက် ဇာတ်လမ်းကောင်းကောင်းလေးတွေ ကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားလေးတွေ ကြည့်ကြည့်ပါနော်။

My Secret Romance

My Secret Romance ဇာတ်ကားလေးကတော့ ကိုရီးယားဇာတ်လမ်းတွဲ တစ်တွဲဖြစ်ပြီး အချစ်ဟာသဖန်စီ ဇာတ်ကားလေး တစ်ကားပါ။ ဒီဇာတ်လမ်းတွဲမှာ မင်းသားအဖြစ် Sung Hoon မင်းသမီးအဖြစ် Song Ji-eun တို့က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မင်းသားနဲ့ မင်းသမီး စတင်တွေ့ဆုံမှုက အလွဲလေးတွေနဲ့ စတင်ခဲ့တာပါ။ မင်းသားက အဖေ့ရဲ့ လုပ်ငန်းတွေ နားလည်လာဖို့ ဟိုတယ်တစ်ခုမှာ အောက်ခြေကနေ စတင်လေ့လာနေချိန်မှာ မင်းသမီးက သူမအမေ့ရဲ့ ဒုတိယအကြိမ်မြောက် မင်္ဂလာပွဲကို လာရင်းနဲ့ တွေ့ခဲ့ကြတာပါ။ အလွဲလွဲအချော်ချော်နဲ့ တွေ့ပြီးချိန်မှာတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်ခဲ့တာပါ။ အဲဒီဇာတ်လမ်းလေးက အဲဒီညမှာတင် တစ်ခန်းရပ်မလို ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာတော့ မေ့မရနိုင်အောင် ရှိနေခဲ့တာပါ။ ဒါပေမယ့် (၃) နှစ်ကြာပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်စလုံး အမှတ်မထင်ပဲ  ပြန်တွေ့ခဲ့ကြပါတယ်။ ပြန်တွေ့တဲ့အခါမှာရော ဘယ်လိုရယ်စရာ အလွဲလေးတွေနဲ့ တွေ့ဖြစ်ကြမလဲ၊ တခန်းရပ်ခဲ့တဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ပရိသတ်ကြီးက အပိုင်း(၁၃) ပိုင်းခွဲပြီး ကြည့်ရမှာပါ။

 

Tags: k dramamovie

Comments

0 comments