Advertisement

ချစ်တို့ရေ ကိုရီးယား ဇာတ်ကားကောင်းလေးတွေ ကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြထားတဲ့ ဇာတ်ကားလေးတွေ လက်မလွှတ်သင့်ဘူးနော်။

ချစ်တို့ရေ K-Drama  ဇာတ်လမ်းတွဲ ကောင်းကောင်းတွေ မကြည့်ချင်ဘူးလား။ K – Drama Series တွေကလည်း လအလိုက် ထွက်နေတာဆိုတော့ ဒီဇူလိုင်လမှာ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတွေက ဘာတွေ ဖြစ်မလဲ ဖတ်ကြည့်ရအောင်နော်။

Memorials

ဒီဇာတ်ကားလေးကတော့ အချစ်ဟာသဇာတ်မြူးကားလေး ဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ ထုတ်လွှင့်ပြသမှာ ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးတွေ ကြည့်ချင်တဲ့သူတွေအတွက်တော့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းတစ်ကားပါ။

Men Are Men

ဒီဇာတ်ကားကတော့ ရိုမတ်တစ်ဆန်ပြီး ဟာသလေးတွေ ရောနှောရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ လူကြိုက်များကြပြီး ပရိသတ်အများစုလည်း စကြည့်နေပြီ ဖြစ်ပါတယ်။ Marry Myanmar က ပရိသတ်ကြီးလည်း ရယ်ရယ်မောမောလေး ဖြစ်ရအောင် ကြည့်ကြည့်ပါဦး။

The Good Detective

The Good Detective ဇာတ်ကားကတော့ ဒရမ်မာကြိုက်တဲ့ K drama fan တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်း တစ်ကားပါ။ Son Hyun-joo, Jang Seung-jo, Lee Elijah တို့က သရုပ်ဆောင်ထားတာ ဖြစ်ပြီး စိတ်ဝင်စားဖွယ် ကြည့်ရမှာမလို့ ဒီလအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါနော်။

 

Tags: k dramamovie

Comments

0 comments