Advertisement

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲအသစ်တစ်တွဲ ထပ်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ တရုတ်သိုင်းကားတစ်ကားပဲ ဖြစ်ပြီး ဇာတ်လမ်းနာမည်ကတော့  ဖြစ်ပါတယ်

Wang Yibo လို့ ပြောလိုက်တာနဲ့ သရုပ်ဆောင်ချက်တွေ ထိမိတဲ့ တရုတ်မင်းသားငယ်ငယ်ချောချောလေးကို တွေးမြင်ပြီးသား ဖြစ်မှာပါ။ The Untamed ဇာတ်လမ်းတွဲမှာကတည်းက ကမ္ဘာတဝှမ်းက ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ The Untamed ဇာတ်လမ်းတွဲအပြီး တစ်နှစ်အကြာမှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲအသစ်တစ်တွဲ ထပ်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ တရုတ်သိုင်းကားတစ်ကားပဲ ဖြစ်ပြီး ဇာတ်လမ်းနာမည်ကတော့  ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ ဘုရင်မင်းမြတ်က ဒုက္ခသည်ပြည်သူတွေကို ခိုလှုံခွင့် ပေးဖို့ (၄၈) ခံတပ်ကို တည်ဆောက်ခိုင်းပြီး သူရဲကောင်းလီကို ဦးစီးခိုင်းခဲ့ပါတယ်။ အတားအဆီးအဖြစ် ရှီမော့မြစ်ကို ထားထားပြီး ဒီအန္တရာယ်ရှိလှတဲ့ မြစ်ကို ဖြတ်ကျော်နိုင်မှသာ (၄၈) ခံတပ်ကို ရောက်နိုင်မှာပါ။ ဒီခံတပ်ကြီးထဲမှာတော့ သူရဲကောင်းလီရဲ့ သမီးဖြစ်သူနဲ့ မြေးမလေး ကျိုးဖေတို့ က ဆက်ခံသူအဖြစ် ရှိနေခဲ့ကြတာပါ။

အနှစ်(၂၀) ကြာပြီးတဲ့နောက်မှာတော့ ရှဲ့ယွင်လို့ ခေါ်တဲ့ ကောင်လေးက အန္တရာယ်ရှိလှတဲ့ ရှီမော့မြစ်ကို ကျော်ဖြတ်ပြီး (၄၈) ခံတပ်ကို ခိုးဝင်လာခဲ့တာပါ။
အဲဒီနောက်တော့ ခံတပ်ရဲ့ ဆက်ခံသူဖြစ်လာမယ့် ကျိုးဖေနဲ့ တွေ့ဆုံခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရန်ကြွေးတွေကို ဆပ်ရမယ့် တာဝန်တွေလည်း ရှိလာခဲ့ပါတယ်။ သူတို့နှစ်ဦး ဘယ်လောက်အထိ တွေ့ဆုံပြီးနောက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မှာ ဆက်ကြည့်လိုက်ရအောင်နော်။

Comments

0 comments